ကလေးငယ်တွေရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေမယ့် နည်းစနစ်များ

0
154
- Advertisement -

ဦးနှောက်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုက မျိုးရိုးဗီဇနဲ့ သက်ဆိုင်တယ်ဆိုပေမယ့်လည်း ပတ်ဝန်းကျင်အနေအထားနဲ့ ကလေးငယ်ရဲ့ ဆက်သွယ်ရေးပေါ်မှာလည်း မူတည်ပါတယ်။ မိမိရဲ့သားသမီးကို ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် မိဘတွေရဲ့အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ သင်ယူလေ့လာမှုတွေ၊ ကျန်းမာရေးဆိုင်ရာအနေအထားတွေနဲ့ အနာဂတ်အတွက် လိုအပ်တဲ့အခြေခံအုတ်မြစ်တွေကိုလည်း တည်ဆောက်ပေးပြီး ကျန်းမာတဲ့နေထိုင်စားသောက်မှုပုံစံတွေနဲ့ ထောက်ပံ့ပေးနိုင်ဖို့လည်းလိုပါတယ်။ ဒီတော့ ကလေးငယ်တွေရဲ့ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့အတွက် အထောက်အကူဖြစ်စေတဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

စကားစမြည်ပြောဆိုပေးပါ

အသက်ငယ်ရွယ်သေးလို့ ဘာမှမသိတတ်သေးဘူးဆိုပေမယ့်လည်း ကလေးငယ်တွေကို စကားစမြည်ပြောဆိုပေးတာက သူတို့ရဲ့ စကားပြောဆိုချင်စိတ်ကို လှုံ့ဆော်ပေးသလိုဖြစ်စေပြီး ဘာသာစကားဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပါတယ်။

- Advertisement -

မိခင်နို့ချိုတိုက်ကျွေးပေးပါ

ကလေးငယ်ကို မိခင်နို့ချိုတိုက်ကျွေးတာက ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အသိဉာဏ်ပိုင်းဆိုင်ရာကို အလွန်အကျိုးဖြစ်ထွန်းစေတဲ့အတွက် မိခင်နို့ချိုတိုက်ကျွေးပေးတာက အကောင်းဆုံးသောအထောက်အပံ့ဘဲဖြစ်ပါတယ်။

စာအုပ်ဖတ်ပြပါ

ကလေးငယ်တွေကို စာအုပ်ဖတ်ပြတာက သူ့တို့ရဲ့ ဉာဏ်ရည်ထက်မြက်မှုဆိုင်ရာကို ကောင်းစွာအကျိုးဖြစ်ထွန်းစေတယ်လို့သိရပါတယ်။ ဒါ့အပြင် စာအုပ်စာပေနဲ့ ရင်းနှီးပြီးသားဖြစ်စေတဲ့အတွက် တွေးခေါ်မှုဆိုင်ရာတွေကိုလည်း အကောင်းဆုံးပံ့ပိုးပြီးသားဖြစ်စေပါတယ်။

ဉာဏ်ရည်ကို အထောက်အကူဖြစ်စေတဲ့ ကစားစရာတွေကို ဝယ်ပေးပါ

သာမာန်ဘာမှမဟုတ်တဲ့ ကစားစရာမျိုးတွေထက် ဦးနှောက်ရဲ့ ဉာဏ်ရည်နဲ့ မှတ်သားနိုင်မှုကို အထောက်အကူပြုတဲ့ ကစားစရာတွေကို ဝယ်ပေးထားပြီး ကစားစေတာက ဦးနှောက်ဖွံ့ဖြိုးမှုကို များစွာအကျိုးဖြစ်ထွန်းစေနိုင်ပါလိမ့်မယ်။ ကလေးငယ်လသားပိုင်းမှာဆိုရင်တော့ သူတို့ရဲ့ အမြင်အာရုံပိုင်းဆိုင်ရာတွေဟာ မဖွံ့ဖြိုးသေးဘဲ အနက်၊ အဖြူ နဲ့ ခဲရောင်တွေလောက်သာ မြင်နိုင်စွမ်းရှိတာကြောင့် အသံထွက်တဲ့ ကစားစရာတွေကို ဝယ်ပေးတာကပိုပြီးသင့်တော်ပါတယ်။

အတူတူဆော့ကစားပေးပါ

မိမိရဲ့ ကလေးငယ်နဲ့ အတူတကွဆော့ကစားပေးတာက ကလေးရဲ့ရှေးဦးဖွံ့ဖြိုးမှုကို များစွာအထောက်အကူဖြစ်စေပါတယ်။ ကလေးတွေရဲ့ ငယ်ရွယ်ချိန်မှာ အသံပိုင်းဆိုင်ရာမှတ်သားနိုင်မှု၊ အမြင်ပိုင်းဆိုင်ရာမှတ်သားနိုင်မှုတွေကလည်း စတင်နေပြီမို့ အတူတကွဆော့ကစားရင်းနဲ့ ကလေးငယ်တွေကို ကစားစရာတွေရဲ့ နာမည် ဒါမှမဟုတ် ကစားနည်းကို ပြောပြခြင်း၊ အရောင်တွေကို ပြောဆိုပေးခြင်းအစရှိတာတွေကို လေ့ကျင့်သင်ကြားပေးလို့ရပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremom

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here