
သင့်ကလေးငယ်ကို အစာအာဟာရအမျိုးမျိုး စားစေချင်တယ်ဆိုရင် သူတို့အမိဝမ်းထဲမှာ ရှိနေစဉ်ကတည်းက အဲဒီကို ဦးတည်သွားဖို့ အကြံပြုလိုပါတယ်။ မိဘအများစုက မွေးဖွားပြီးတာနဲ့ ကလေးငယ်တွေကို အစားအသောက် ကျွေးမွေးဖို့ ရုန်းကန်နေကြရပါတယ်။ သင့်ကလေးငယ်တွေကို ဟင်းသီးဟင်းရွက်တွေစားဖို့ တောင်းဆိုခြင်းက မိခင်တိုင်းအတွက် အဆုံးမရှိသော တိုက်ပွဲတစ်ခုဖြစ်ပါတယ်။ သို့သော် သင်ကိုယ်ဝန်ဆောင်နေစဉ်မှာ သင့်ကလေးရဲ့ အစားအစာ ဦးစားပေးမှုကို စောစောစီးစီး လွှမ်းမိုးနိုင်ရင်ကော၊ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သင်တပ်မက်တဲ့ အရသာတွေဟာ သင့်ကလေးကိုလည်း သက်ရောက်လိမ့်မယ်လို့ သင်ဘယ်တော့မှ တွေးခဲ့မှာ မဟုတ်ပါဘူး။
သုတေသနပြုချက်အရ မိခင်တွေဟာ ကလေးရဲ့အစားအစာကြိုက်နှစ်သက်ရာကို ပုံဖော်ရာမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သင်စားသော အစာဟာ သင့်ကလေးအား အာဟာရဖြစ်စေတာကို သူတို့သိပါတယ်။ သို့သော် သူတို့မွေးဖွားလာသည်နှင့်အမျှ ပိုပြီးအရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ၂၁ပတ်မှာ ကလေးငယ်ဟာ အရသာအာရုံ ဖွံ့ဖြိုးလာပါပြီ။ အမိဝမ်းထဲမှာ ဖွံ့ဖြိုးဆဲ ကလေးတစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း ရေမွှာရည်အောင်စများစွာကို မျိုချပါတယ်။ ဒီအရည်မှာ နောက်ဆုံးနာရီအနည်းငယ်မှာ မိခင်စားသုံးခဲ့တဲ့ အစားအသောက်အရသာ ပါဝင်ပါတယ်။
Monell Chemical Senses Center တွင်လေ့လာနေသော ဂျူလီမန်နီလာရဲ့အဆိုအရ မုန်လာဥ၊ ကြက်သွန်ဖြူ၊ ပူစီနံနှင့် ဗနီလာအရသာဟာ မိခင်နို့နှင့် ရေမွှာရည်သို့ တဆင့်ပို့ပေးကြောင်း တွေ့ရှိခဲ့ရပါတယ်။
မိခင်ရဲ့ ရေမွှာရည်ကနေ အနံ့အရသာကို ဆုံးဖြတ်ဖို့ အမျိုးသမီးအုပ်စုတစ်စုအား သကြားတောင့် (သို့) ကြက်သွန်ဖြူဆေးတောင့်ကို ပေးခဲ့ပါတယ်။ ထို့နောက် သုတေသီတွေဟာ သူတို့ရဲ့ amniotic အရည်နမူနာကိုယူပြီး panelတွေရှေ့မှာ ပြသခဲ့ပါတယ်။ ဒီအမျိုးသမီးတွေ ဘာစားခဲ့သလဲဆိုတာ သိဖို့ နမူနာတွေရဲ့အနံ့ကိုခံဖို့ တောင်းဆိုခဲ့ပါတယ်။ panelတွေဟာ ကြက်သွန်ဖြူရဲ့အနံ့ပြင်းကြောင့် ကြက်သွန်ဖြူ စားသုံးသူအမျိုးသမီးရဲ့ နမူနာကို အလွယ်တကူသိရှိနိုင်ခဲ့ပါတယ်။

ဒီအယူအဆကို ၁၉၆၀ပြည့်နှစ် အစောပိုင်းတုန်းက နို့စားနွား မွေးမြူသူများ စတင်ခဲ့ခြင်းဖြစ်ပြီး ၇၀ခုနှစ်မှာ နွားမရဲ့ အစားအစာက နို့ရဲ့အရာသာအပေါ် လွှမ်းမိုးပုံကို စမ်းသပ်ချက်ပြုလုပ်ခဲ့ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီကို စားသောနွားတွေဟာ ကျန်နွားတွေနဲ့ နှိုင်းယှဉ်ရင် နို့အရသာ ကွဲပြားတာကို တွေ့ခဲ့ရပါတယ်။
ဂျူလီက နွားမတွေကဲ့သို့ မိခင်နို့နဲ့ ရေမွှာရည်ဟာ မိခင်ရဲ့ အစားအသောက်အရသာရှိစေတယ်လို့ ဆိုပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ကလေးငယ်တွေဟာ သားအိမ်အတွင်းရှိစဉ် ဒီအရသာတွေကို အမှတ်တရဖြစ်စေပါတယ်။ ဒီအရာက မွေးဖွားပြီးနောက် အချို့သော အစားအစာများနှင့် အနံ့တွေကို ကြိုက်နှစ်သက်ခြင်းနှင့် တစ်သက်တာလုံးကြာရှည်စေနိုင်ပါတယ်၊ ရိုးရိုးရှင်းရှင်းပြောရရင် သင့်ကလေးကို ဟင်းနုနွယ်ရွက် (သို့) မုန်လာဥနီ စားစေလိုပါက ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ဒီအစားအစာတွေကို စားသုံးခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
မမွေးခင် အရသာတွေကို မိတ်ဆက်ပေးခြင်း
ဒီသီအိုရီကို စမ်းသပ်ဖို့ အမျိုးသမီးအုပ်စုသုံးစုဟာ သူတို့ကလေးငယ်တွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာ သိဖို့ အာဟာရအမျိုးမျိုးနောက် လိုက်ခဲ့ကြပါတယ်။ ကိုယ်ဝန်ဆောင်ပထမအုပ်စုက ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မုန်လာဥနီဖျော်ရည်ကို နေ့စဉ်စားသုံးဖို့ တောင်းဆိုခံခဲ့ရပါတယ်။ ဒုတိယအမျိုးသမီးအုပ်စုကို နို့တိုက်နေစဉ်မှာ သောက်ဖို့ တောင်းဆိုခဲ့ပြီး တတိယအုပ်စုကိုတော့ ကိုယ်ဝန်ဆောင်စဉ်နှင့် နို့တိုက်နေစဉ်အတွင်းမှာ မုန်လာဥနီစားသုံးခြင်းကို ရှောင်ရှားခိုင်းခဲ့ပါတယ်။ ထို့နောက် သူတို့ရဲ့ ကလေးတွေကို ဖြည့်စွက်စာသို့ ကူးပြောင်းတဲ့အခါ ကလေးအုပ်စုတစ်စုစီကို မုန်လာဥဖျော်ရည်နှင့် ပြုလုပ်ထားတဲ့ စီရီရယ် ကျွေးခဲ့ပါတယ်။

မိခင်နို့(သို့) အမ်မီအိုဆစ်အရည်မှတစ်ဆင့် မုန်လာဥနီနှင့် ထိတွေ့ခဲဖူးသော ကလေးတွေဟာ မုန်လာဥအနံ့အရသာ စီရီရယ်ကို ပိုစားသုံးခဲ့ကြပြီး အခြားကလေးအုပ်စုနှင့် နှိုင်းယှဉ်ရင် ဇီဇာကြောင်တာ နည်းကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒါ့ကြောင့် သူတို့လေးတွေ အမိဝမ်းထဲမှာရှိနေစဉ် အစားအစာအမျိုးမျိုးကို မိတ်ဆက်ပေးပါ။ ဒီသဘောသဘာဝကြောင့် အိန္ဒိယကလေးရဲ့ခံတွင်းက အိန္ဒိယအရသာကို ပိုမိုလက်ခံပြီး တရုတ်ကလေးငယ်ဟာ တရုတ်အစားအစာအရသာကို ပိုခံတွင်းတွေ့တာလို့ ရှင်းပြထားပါတယ်။
Chit_MayMay
LM_Nandar
Source-momjunction.