မနက်စာဟာ တစ်နေ့လုံးအတွက် အရေးအကြီးဆုံးပါ။ ကလေးငယ်တွေနဲ့ လူလတ်ပိုင်းတွေဟာ မနက်စာစားခြင်းကြောင့် စွမ်းအင်ကို ပိုရှိစေပြီး ဉာဏ်ကောင်းစေတယ်လို့ ဆိုပါတယ်။ မနက်စာ စားခြင်းကြောင့် တစ်နေ့တာလုံး လုပ်ဆောင်တဲ့ လုပ်ငန်းဆောင်တာတွေဟာ ပိုပြီး အောင်မြင်စေပါတယ်။ ကလေးတွေအတွက် မနက်စာဟာ ဦးနှောက်ဖွံ့ဖြိုးဖို့ အတွက်နဲ့ ကိုယ်အလေးချိန်ကို ထိန်းဖို့ အတွက် အရေးကြီးလှပါတယ်။ ကလေးတွေကို မနက်စာ ကျွေးတဲ့အခါ တစ်မျိုးတည်း ကျွေးနေရင် သူတို့ ငြီးငွေ့လာပါလိမ့်မယ်။ ဒါကြောင့် ကျန်းမာစေပြီး အရသာ ရှိလှတဲ့ မနက်စာ ၅မျိုးကို မျှဝေပေးပါတယ်။
Cereal and Milk

အုတ်ဂျုံနဲ့ နွားနို့ဟာ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး မနက်စာတစ်ခုပါ။ လုပ်ရတာ လွယ်ကူပြီး အရသာ ရှိစေတဲ့ အရာပါ။ ကလေးတွေ အများစုဟာ ဒီအတွဲအစပ်ကို သဘောကျလှပါတယ်။ အုတ်ဂျုံကို စူပါမားကတ်တွေမှာ ဝယ်လို့ရပါတယ်။ အခြားအသီးအနှံတွေကို ဖြည့်စွက်ပြီးလည်း ကျွေးလို့ရပါတယ်။
Sandwiches

ဟင်းသီးဟင်းရွက် ပါတာဖြစ်ဖြစ် မပါတာဖြစ်ဖြစ် ဆန်းဒစ်ဝ်ချ်ဆိုရင် ကလေးတွေဟာ ကြိုက်ကြပါတယ်။ အရောင်စုံတဲ့ မနက်စာကို အိမ်မှာလုပ်ပေးပြီး ပရိုတင်းဓာတ်နဲ့ ပြည့်ဝေစေတဲ့အတွက် ကလေးငယ်အတွက် သင့်တော်တဲ့ မနက်စာပါ။
ကြက်ဥအကြေကြော်

ကြက်ဥ မွှေကြော်လို့လည်း ခေါ်ပါတယ်။ ကြက်ဥကို ဖောက်ထည့်ပြီး အိုးထဲမှာပဲ မွှေပြီး ကြော်လိုက်တာပါ။ ကလေးငယ်တွေ ကြိုက်ကြပါတယ်။ ထမင်းပူပူလေးနဲ့ ကျွေးပါ။ တစ်နေတာလုံး အစာခံပြီး ပရိုတင်းကြွယ်စေတဲ့ မနက်စာပါ။
ကြက်ဥအပြုတ်

ကျန်းမာစေတဲ့ အစားအစာဆိုရင် ကြက်ဥပြုတ်ကို ကလေးငယ်ကို ကျွေးဖို့မမေ့ပါနဲ့။ လွယ်ကူပြီး မြန်ဆန်တဲ့ မနက်စာဟာ ပရိုတင်းဓာတ်ကြွယ်ဝပြီး အရသာလည်းရှိစေပါတယ်။ ဆား၊ ငရုတ်ကောင်း ကြိုက်နှစ်သက်ရာ ဖြူးပြီး ကျွေးပါ။
ထောပတ်၊ မြေပဲနဲ့ဂျယ်လီ Muffins

ကလေးတိုင်း ကြိုက်နှစ်သက်တဲ့ မုန့်ဖြစ်ပြီး မြေပဲဓာတ်မတည့်သူတွေအတွက်တော့ မြေပဲမထည့်ပါနဲ့။ အထူးသဖြင့် စပျစ်ယိုနဲ့လုပ်တဲ့ မုန့်ဆိုရင်ပိုပြီး ကျန်းမာရေးအတွက်ကောင်းစေပါတယ်။
#Chit_May_May
#Thinzar
Ref- zeenews