ကလေးငယ်တွေအတွက် ကြက်သွန်ဖြူရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

0
215
- Advertisement -

ကြက်သွန်ဖြူက အနံ၊ အရသာ စူးရှပေမယ့် ဆေးဘက်ဝင်တန်ဖိုးတွေ မြင့်မားပါတယ်။ ၁၉၉၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုများအရ မိခင်တွေ ကြက်သွန်ဖြူစားတဲ့အခါ ကလေးငယ်တွေ ကောင်းကောင်း နို့စို့နိုင်ကြောင်း ပြသခဲ့ပါတယ်၊ဒါ့ကြောင့် ယနေ့ဆောင်းပါးမှာ ကြက်သွန်ဖြူက ကလေးငယ်တွေအတွက် ကောင်းသလား?၊ သူတို့ကို ဘယ်လိုအကျိုးပြုနိုင်သလဲဆိုတာ ရှင်းပြပေးချင်ပါတယ်။ ဒါ့အပြင် ကလေးရဲ့ အစားအစာထဲမှာ ကြက်သွန်ဖြူထည့်ကျွေးနိုင်တဲ့ နည်းလမ်းလေးတွေကိုပါ မျှဝေပေးချင်ပါတယ်။

ဘယ်အချိန်မှာ ကလေးတွေကို ကြက်သွန်ဖြူကျွေးနိုင်သလဲ?

အသက် ခြောက်လ – ရှစ်လမှစပြီး ကလေးငယ်တွေကို ကြက်သွန်ဖြူစကျွေးနိုင်ပါတယ်။ သို့သော် အချို့ကလေးတွေအတွက် အစာကြေဖို့ ခက်ခဲနိုင်တာ၊ ဓါတ်မတည့်တာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင်ကြက်သွန်ဖြူကို လတ်လတ်ဆက်ဆက် ကျွေးသင့်ပြီး ပမာဏအကန့်အသတ်ဖြင့် ကျွေးသင့်ပါတယ်။

- Advertisement -

ကြက်သွန်ဖြူရဲ့ တုံ့ပြန်မှုတွေဖြစ်တဲ့ ကြွက်တတ်ခြင်း၊ ရောင်ရမ်းခြင်း၊ အော့အန်ခြင်း ကဲ့သို့သော လက္ခဏာတွေေတွေ့ရှိပါက ကလေးဆရာဝန်ထံသွားပါ။ အကယ်၍ ကလေးဟာ အသက်ရှူကျပ်ခြင်း (သို့) ပြင်းထန်သော တုံ့ပြန်မှုများရှိပါက ချက်ချင်းဆေးကုသမှု ခံယူပါ။

ကြက်သွန်ဖြူရဲ့ အာဟာရတန်ဖိုးများ

ကြက်သွန်ဖြူဟာ ဗီတာမင်B6 ၊ မန်းဂနိစ်၊ ဆယ်လီနီယမ်၊ ပိုတတ်စီယမ်နှင့် သံဓါတ်တို့ရဲ့ အရင်းအမြစ်ကောင်းဖြစ်ပါတယ်။ ကလေးအား ကူးစက်ရောဂါတွေမှ ကာကွယ်ဖို့ အထောက်အကူပြုတဲ့ ဘက်တီးရီးယား၊ ဖန်းဂတ်စ်နှင့် ပရိုတိုးဇိုးရှင်းတွေကို ဆန့်ကျင်ပေးတဲ့ သက်ရောက်မှုတွေ ရှိပါတယ်။

ကလေးတွေအတွက် ကြက်သွန်ဖြူရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

၁။ ကြက်သွန်ဖြူရဲ့ ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်နှိမ်နင်းခြင်း ဂုဏ်သတ္တိတွေဟာ သင့်ကလေး အအေးမိခြင်းမှ ကာကွယ်ပေးပါတယ်။ ကြက်သွန်ဖြူဟင်းချိုဟာ အအေးမိခြင်းကို လျော့နည်းစေနိုင်ပါတယ်။ ကြက်သွန်ဖြူထဲမှာပါတဲ့ အငွေ့ပြန်လွယ်တဲ့ အဆီတွေက အသက်ရှူလမ်းကြောင်းကို ဖွင့်ပေးပြီး အအေးမိခြင်းကို သက်သာစေပါတယ်။

၂။ ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေက ရောဂါကူးစက်မှုကို ထိန်းညှိပေးပါတယ်

ကြက်သွန်ဖြူမှာရှိတဲ့ phytochemicals များက အူနှင့် အူအတွင််းမှာရှိတဲ့ ဘက်တီးရီးယားတွေကို သတ်ဖြတ်ရာမှာ ထိရောက်မှု ရှိနိုင်ပါတယ်။ သို့သော် ကြက်သွန်ဖြူက ကလေးရဲ့ အစာခြေစနစ်မှာ နေထိုင်တဲ့ ပရိုဘိုင်အိုတစ် ပိုးမွှားတွေအပေါ် အန္တရာယ်ကင်းစေပါတယ်။
ရောဂါပိုးမွှား တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိများက အနာတွေကို အကျက်မြန်စေပါတယ်။ ကြက်သွန်ဖြူကို ဟင်းသီးဟင်းရွက် (သို့) အသီးဖျော်ရည်ထဲမှာ ထည့်ဖျော်တာပဲဖြစ်ဖြစ် ကလေးကို ကျွေးနိုင်ပါတယ်။

၃။ အူအတွင်းက အန္တရာယ်ရှိသော သန်ကောင်တွေကို သေစေပါတယ်

ဥတွေပုံစံနှင့် ကလေးရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတဲ့ သန်ကောင်တွေဟာ အူထဲမှာ အခြေချပြီး အာဟာရတွေကို စားသုံးပါတယ်။ နောက်ဆုံးမှာ ကူးစက်ရောဂါများကို ဖြစ်စေပါတယ်။ ကြက်သွန်ဖြူက အူအတွင်းက သန်ကောင်တွေကို သေစေဖို့ ထိရောက်တဲ့ anthelmintic ဆေးတစ်မျိုးအဖြစ် လုပ်ဆောင်နိုင်ပါတယ်။

၄။ Anti-inflammatory သက်ရောက်မှုက ကိုယ်ခံစွမ်းအားစနစ်ကို ထောက်ပံ့ပေးပါတယ်

ကြက်သွန်ဖြူက ကလေးရဲ့ ကိုယ်ခံအားစနစ်ကို တည်ဆောက်ပေးပါတယ်။ ထို့အပြင် ၎င်းက ကလေးကြီးတာတာနှင့်အမျှ အဝလွန်ခြင်း၊ ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါလက္ခဏာများူကို ကုသရာမှာ (သို့) ကာကွယ်ရာမှာ ကူညီနိုင်တဲ့ cytokine ထုတ်လွှတ်မှုကို ထိန်းချုပ်ပေးပါတယ်။

ကြက်သွန်ဖြူ ဘယ်လောက်ပမာဏဆိုရင် ကလေးတွေအတွက် ဘေးကင်းသလဲ?

အစပိုင်းမှာ တစ်နေ့လျှင် ကြက်သွန်ဖြူတစ်တတ်သာ ကျွေးပါ။ ဓါတ်တည့်/မတည့်ဆိုတာ သိဖို့ ဖြည့်စွက်စာ စကျွေးချိန်မှာ တစ်မျိုးချင်းစီကိုပဲ ကျွေးသင့်ပါတယ်။ ၃ရက် ၅ရက်ကြာလို့မှ ဘာတုံ့ပြန်မှုမှ မပြပါက တဖြည်းဖြည်းတိုးကျွေးနိုင်ပါတယ်။ ကလေးငယ်တွေဟာ ကြက်သွန်ဖြူကို အရွယ်ရောက်ပြီးသူတွေလို မစားနိုင်ဘူးဆိုတာ သတိရပါ။

၁။ ကြက်သား- ကြက်သွန်ဖြူ စွပ်ပြုတ်

အရိုးမပါတဲ့ ကြက်သား ၅၀gm ၊ ခြစ်ပြီးသား ဂျင်း လက်ဖက်စားဇွန်းတစ်ဝက်၊ ကြက်သွန်ဖြူ(၃-၄တတ်) နုတ်နုတ်စင်းပြီး၊ ရေ (၅)ခွက်၊ ငရုတ်ကောင်း၊ ဆား တို့လိုအပ်ပါတယ်။ ပါဝင်ပစ္စည်းအားလုံးကို ၁၀- ၁၅မိနစ်လောက် ဟင်းပေါင်းအိုးထဲထည့်ပြုတ်ပါ။ ၎င်းကို နည်းနည်းအအေးခံ၍ အရည်သာ စစ်ယူပြီး ကျွေးနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here