ကလေးငယ်တွေအတွက် မိခင်မရှိခြင်းရဲ့ အကျိုးသက်ရောက်မှုများ

0
128
- Advertisement -

ကလေးငယ်တဦးမွေးဖွားလာချိန်မှစပြီး မိခင်ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ တကယ်လို့ ကလေးတဦးရဲ့ ဘဝမှာ မိခင်မရှိတော့ပါက သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွေဟာ ဆိုးကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေအတွက် မိခင်ရဲ့ အုပ်ထိန်းမှုမရှိတော့တာ( သို့ ) မိခင်မရှိတော့တာဟာ ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်သလည်းဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

အပျက်သဘောဆောင်တဲ့ ခံစားချက်များ

ကလေးငယ်တွေဟာ လိုအပ်တဲ့စောင့်ရှောက်မှု၊ ချစ်ခင်မှုမရရှိခြင်းကြောင့် အထီးကျန်ခြင်း ဒါမှမဟုတ် တန်ဖိုးမရှိခြင်းစတဲ့ ခံစားချက်တွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါဟာ သူတို့ကိုမကောင်းတဲ့ အပြုအမူတွေ၊ အရာရာကို စိတ်တိုင်းမကျခြင်းတွေ၊ အထိမခံတဲ့ စိတ်ဓါတ်ရေးရာအခြေအနေမျိုးတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ညံ့ဖျင်းတဲ့ ကိုယ်ရည်ကိုယ်သွေးများ

ကျောင်းတွင်ဖြစ်စေ၊ အိမ်တွင်ဖြစ်စေ လူကြီးသူမများရဲ့ ဆိုဆုံးမစကားများကို မလိုက်နာခြင်း၊ တုန့်ပြန်ပြောဆိုခြင်း၊ မကောင်းတဲ့ အရာမျိုးတွေမှာ စိတ်အားထက်သန်ခြင်း စတဲ့ အပြုအမူမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလိုကလေးငယ်တွေကို ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက်ဆို စိတ်ရှည်ခြင်း၊ ချစ်ခင်ကြင်နာခြင်းစတဲ့အရာမျိုးတွေက အရေးကြီးပါတယ်။

လူမှုဆက်ဆံရေးပြဿနာများ

ယုံကြည်ချက်ကင်းမဲ့ခြင်း၊ အရာရာကို သံသယမျက်လုံးဖြင့် ရှုမြင်တတ်ခြင်း စတာတွေကြောင့်မို့ သူတို့ရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတွေဟာ ဆိုးဝါးမှုတွေနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။ မိခင်ရဲ့ နွေးထွေးကြင်နာမှုတွေနဲ့ ဝေးကွာနေတဲ့ ကလေးငယ်တွေဟာ အခြားသောရွယ်တူကလေးငယ်တွေနဲ့ ဆက်သွယ်တဲ့ နေရာမှာ အခက်အခဲရှိတတ်ကြပါတယ်။ သူတို့ယုံကြည်တဲ့ လူတွေကိုလည်း အလွန်အမင်းယုံကြည်ခြင်း၊ မှီခိုခြင်း စတဲ့ အပြုအမူမျိုးတွေကိုလည်း ပြုမူတတ်တာကြောင့် အလွဲသုံးစားပြုတာတွေကိုလည်း ခံရနိုင်ပါတယ်။

ကျန်းမာရေးဆိုင်ရာ ပြဿနာများ

စိတ်ဖိစီးမှုများပြားခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ လှုံ့ဆော်မှုကင်းမဲ့ခြင်း အစရှိတဲ့ စိတ်ခံစားမှုဆိုင်ရာချို့ယွင်းမှုတွေကြောင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၊ ပညာရေးဆိုင်ရာအခြေအနေများ စတာတွေမှာ ဆိုးကျိုးတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ မိခင်ဆုံးပါးသွားခြင်း(သို့) မိခင်အနီးနားမှာ မရှိခြင်းဟာ ကလေးငယ်တွေကို ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့မှုတွေကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အချို့ကလေးငယ်တွေဆိုရင် အစာစားချင်စိတ်ပျောက်ဆုံးသွားတာမျိုးဖြစ်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။

ဒါကြောင့်မို့ မိခင်မရှိတော့တဲ့ ကလေးငယ်တွေကို နွေးထွေးကြင်နာမှုပေးခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကို နားလည်မှုပေးခြင်း အစရှိတာတွေကို ပြုလုပ်ပေးဖို့လိုပါတယ်။ ဒါမှသာ ကလေးငယ်တွေဟာ ကောင်းမွန်တဲ့ အနာဂတ်ဘဝကို ပိုင်ဆိုင်နိုင်မှာဘဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremon

LEAVE A REPLY

Please enter your comment!
Please enter your name here