ကလေးငယ်တွေအတွက် အကောင်းမွန်ဆုံးသော အဟာရဓါတ်မြင့်မားတဲ့ အစားအစာများ

0
333
- Advertisement -

အရပ်အမောင်းမြင့်မားတာဟာ ပြီးပြည့်စုံတဲ့ကိုယ်ရည်ကိုယ်သွေးအခန်းကဏ္ဍအတွက် အရေးကြီးတဲ့နေရာကနေ ပါဝင်ပါတယ်။ တချို့လူတွေကတော့ မျိုးရိုးဗီဇအလျောက် အရပ်အမောင်းမြင့်မားကြပြီး တချို့လူတွေကတော့ မျိုးရိုးဗီဇအရ အရပ်နိမ့်တတ်တာမို့ ကလေးတွေအတွက် အရပ်အမောင်းမြင့်မားလာဖို့ကို ဂရုစိုက်ပေးဖို့လိုပါတယ်။ ကလေးငယ်တွေကြီးထွားသန်မာ ဖွံ့ဖြိုးဖို့အတွက် အထောက်အကူပြုတဲ့ နည်းလမ်းများစွာ ရှိပေမယ့် အစားအသောက်ဆိုင်ရာ အလေ့အထကတော့ အကောင်းဆုံးဘဲဖြစ်ပါတယ်။

အဟာရဓါတ်ကြွယ်ဝတဲ့ အစားအစာတွေကိုဂရုစိုက်ပြီးကျွေးမွေးတာက ကလေးရဲ့အသက်အရွယ်အလိုက် လိုအပ်တဲ့ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန်အတွက် သင့်တော်တဲ့ အဟာရဓါတ်ကို ရရှိလာနိုင်ပါတယ်။ ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေဟာ ကလေးတွေရဲ့ အရပ်ရှည်စေလာဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့်မို့ ကလေးတွေရဲ့ အရပ်အမောင်းမြင့်မားလာစေဖို့အတွက် နေ့စဉ်အစားအစာတွေထဲမှာ ထည့်သွင်းကျွေးမွေးရမယ့် အစားအစာများကို ဖော်ပြပေးလိုက်ပါတယ်။

ကြက်ဥနဲ့ ကြက်သား

- Advertisement -

ပရိုတိန်းဓာတ်ဟာ အခြားသောအဟာရနဲ့မတူနိုင်တဲ့ အဟာရအမျိုးအစားတစ်ခုဖြစ်ပါတယ်။ အရပ်အမောင်းမြင့်မားလာစေဖို့နဲ့ ကြီးထွားသန်မာစေဖို့အတွက် အခြားအဟာရတွေနည်းတူ ကောင်းမွန်စွာအထောက်အကူပြုပေးပါတယ်။ ပရိုတိန်းဓာတ်ဟာ တစ်သျှူးကြီးထွားမှုနဲ့ ဆက်နွယ်ပြီး ပျက်စီးသွားတဲ့ တစ်သျှူးတွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ ဒါ့အပြင် ကြွက်သားကြီးထွားမှုကို အထောက်အကူပြုပေးပြီး ကလေးငယ်တွေ တစ်နေ့တာဖြတ်သန်းဖို့လိုအပ်တဲ့ စွမ်းအင်ကို လုံလောက်စေပြီး ကလေးတွေရဲ့ ဖွံဖြိုးတိုးတက်မှုကို အထောက်အကူပြုပါတယ်။ နေ့စဉ်အစားအသောက်တွေထဲမှာ ကြက်ဥနဲ့ ကြက်သား တို့ကို ထည့်သွင့်ကျွေးမွေးတာက ကလေးငယ်ကို ပိုမိုကြီးထွားဖွံဖြိုးလာဖို့ အထောက်အကူပြုပါတယ်။

ဟင်းသီးဟင်းရွက်များ

ဟင်းသီးဟင်းရွက်များသည် ကလေးတွေရဲ့ ကြီးထွားမှုနဲ့ပတ်သတ်ပြီး အကောင်းဆုံးသော အထောက်အကူဖြစ်စေပါတယ်။ ဟင်းသီးဟင်းရွက်တွေထဲတွင် သံဓာတ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင်-ကေ၊ ဗီတာမင်-ဘီ၊ ဗီတာမင်-အေနဲ့ အခြားသတ္တုဓာတ်များစွာပါရှိပါတယ်။ ဟင်းသီးဟင်းရွက်များဖြစ်ကြသော ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီ၊ ကိုက်လန်၊ ပဲ၊ မုန်လာဥနီ၊ မုန်လာဥဖြူ စတာတွေဟာ ကလေးတွေရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လုံလောက်တဲ့ အဟာရဓာတ်တွေပေးစွမ်းပါတယ်။ အထူးသဖြင့် ဗီတာမင်-ကေ ဟာ အရိုးအဆစ်တွေကို သန်မာစေပြီး အရိုးကြီးထွားဖွံ့ဖြိုးမှုကို အထောက်အပံ့ကောင်းတွေပေးပါတယ်။

ဂျုံနဲ့ ပဲများ

ပဲများတွင်ပါဝင်တဲ့ ပရိုတိန်းဓာတ်ဟာ ကြက်သားနဲ့ ကြက်ဥမှာပါဝင်တဲ့ ပရိုတိန်းဓာတ်ကို အစားထိုးပေးလို့ရပါတယ်။ သက်သက်လွတ်စားတဲ့သူတွေအတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်ကိုပဲများကို စားသုံးပေးခြင်းဖြင့်ရရှိလာနိုင်ပါတယ်။ ဂျုံဟာ သံဓာတ်နဲ့ ဗီတာမင်-ဘီတို့ရဲ့ အရင်းအမြစ်ကောင်းတစ်ခုဖြစ်ပါတယ်။ ဂျုံနဲ့ပဲ တို့ကို နေ့စဉ်စားသုံးပေးနိုင်ပါက ခန္ဓာကိုယ်အတွက်
လိုအပ်တဲ့ ပရိုတိန်းဓာတ်တွေအပြင် ကြီးထွားကြံ့ခိုင်ဖွံ့ဖြိုးဖို့နဲ့ အခြားလိုအပ်တဲ့ ဗီတာမင်တွေကိုပါဖြည့်ဆည်းပေးနိုင်တာမို့ ကလေးငယ်တွေရဲ့ အစားအစာ စာရင်းမှာ မဖြစ်မနေထည့်သွင်း ပေးသင့်ပါတယ်။

သစ်သီးနဲ့ နို့

သစ်သီးဝလံတွေမှာ အဟာရဓာတ်များစွာပါရှိပါတယ်။ ရာသီအလိုက်အသီးများသည် သတ္တုဓါတ်ပေါကြွယ်ဝပြီး အဆီဓါတ်နည်းပါးတာကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ဖို့နဲ့ ဇီဝဖြစ်ပျက်မှုကို တိုးမြှင့်လိုတဲ့ သူတွေအတွက် ကောင်းမွန်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ နွားနို့၊ ကျွဲနို့၊ ဆိတ်နို့ အစရှိတဲ့ နို့တွေဟာ ကြွက်သားကိုကြီးထွားစေပြီး အရိုးများကိုလည်းခိုင်မာစေပါတယ်။ ကလေးငယ်များကို နို့တိုက်ကျွေးခြင်းအားဖြင့် ကယ်လစီယမ်၊ ဗီတာမင်-ဒီနဲ့ လိုအပ်တဲ့ ပရိုတင်းဓါတ်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

ကလေးငယ်တွေကြီးထွားဖွံဖြိုးဖို့အတွက် အသားငါးနဲ့ အသီးအရွက်တွေကို မျှတစွာကျွေးမွေးနိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။ အခြားဖြည့်စွတ်စာတွေရှိပေမယ့် နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေကတဆင့် အထောက်အကူဖြစ်စေတာက ပိုမိုအကျိုးဖြစ်ထွန်းမှုရှိစေနိုင်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref-timesofindia

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here