Baby walkers တွေဟာ သူတို့ရဲ့ဘေဘီလေးများအတွက် အသုံးဝင်တယ်၊ ပျော်စေတယ်၊ လမ်းလျှောက်တတ်အောင် ကူညီသင်ကြားပေးလို့ အသုံးဝင်တယ်လို့ တစ်ချို့မိဘတွေက ယုံကြည်ကြပါတယ်။ ဒါဟာတကယ်တမ်းတော့မဟုတ်ပါဘူး။ Baby Walkers တွေက အန္တရာယ်များနိုင်ပြီးတော့ သင့်ကလေးရဲ့ လမ်းလျှောက်တတ်ဖို့ကို နှောင့်နှေးစေနိုင်ပါတယ်။
ကလေးတွေ လမ်းလျှောက်တတ်အောင် ဘယ်လိုသင်လဲ

ဘေဘီအများစုဟာ လမ်းလျှောက်ဖို့အတွက် သင်ကြားနေချိန်မှာ လုပ်လေ့ရှိတဲ့အကျင့်လေးတွေကတော့-
• ကြမ်းပေါ်မှာလှိမ့်ခြင်း
• ထိုင်ခြင်း
• တွားသွားခြင်း၊ လေးဖက်သွားခြင်း
• သူတို့ကိုယ်သူတို့ မတ်တပ်ရပ်နိုင်အောင် ကြိုးစားခြင်း
• ပရိဘောဂပစ္စည်းများနှင့် တခြားပစ္စည်းတွေကို အမှီလုပ်ပြီးလျှောက်သွားခြင်း
Baby Walkers တွေက လမ်းလျှောက်မှုကို ဘာလို့နှောင့်နှေးစေတာလဲ

Walkers တွေက ကြမ်းပြင်မှာနေရတဲ့ ကလေးရဲ့အချိန်တွေကို ဖယ်ထုတ်ပစ်လိုက်တာကြောင့် လမ်းလျှောက်တတ်အောင် သင်ယူရာမှာ လိုအပ်တဲ့လှုပ်ရှားမှုတွေကို လွတ်သွားစေပါတယ်။ Walkers တွေထဲကိုရောက်သွားပြီဆိုရင် ကလေးတွေက သူတို့ရဲ့ခြေချောင်းလေးတွေကို အသုံးပြုတတ်တဲ့အတွက် သူတို့ရဲ့ခြေထောက်ကြွက်သားတွေကို တင်းရင်းစေပြီး ပုံမှန်လမ်းလျှောက်တတ်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ကလေးတွေက ထိုင်လိုက် သူတို့ကိုယ်သူတို့ ကြိုးစားမတ်တပ်ရပ်ချိန်မှာ ဟန်ချက်ညီအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သင်ယူနေပါတယ်။ Walker ထဲရောက်သွားပြီဆိုရင် ဟန်ချက်ထိန်းစရာမလိုတာကြောင့် ဒီလိုအရေးကြီးတဲ့အစွမ်းကို နှောင့်နှေးစေပါတယ်။
Baby Walkers ရဲ့ အန္တရာယ်များ

ရေရှည်မှာဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကတော့ –
• လှေကားတွေမှချော်ကျခြင်း
• တခုခုချွန်ထက်တာ သို့မဟုတ် မာကျောတာတွေနဲ့ ဝင်ဆောင့်ခြင်း
• ရွေ့လျားနေတုန်း မှောက်ကျခြင်း
• လျှပ်စစ်မီးကြိုးများ သို့မဟုတ် တခြားကြိုးများနဲ့ သွားငြိနိုင်ခြင်း
• မီးဖိုတွေ၊ အပူပေးစက်တွေ သို့မဟုတ် ရေကူးကန်တွေလို အန္တရာယ်များတဲ့ နေရာတွေကို မြန်မြန်ဆန်ဆန်ရောက်သွားနိုင်ခြင်း
• စားပွဲပေါ်ရှိ ပူတဲ့ဖျော်ရည်တွေ သို့မဟုတ် တခြားအန္တရာယ်များတဲ့ ပစ္စည်းတွေကို မှီနိုင်ခြင်း
Walkers တွေကို အသုံးပြုမယ်ဆိုရင် လိုက်နာရမယ့်အချက်များ

• ကိုယ်ဝယ်မယ့် Walker မှာ လုံခြုံရေးသတ်မှတ်ချက်များပါမပါ သေချာစစ်ဆေးပါ
• ကိုယ့်ကလေးနားမှာအမြဲနေပြီး တခြားအန္တရာယ်များတဲ့နေရာတွေကို မသွားနိုင်အောင် ဂရုစိုက်ပါ
• ပြင်ညီကြမ်းပြင်ပေါ်မှာသာ အသုံးပြုရမှာဖြစ်ပြီး လှေကားတွေရှိတဲ့နေရာကို ရှောင်ပါ
• ကလေးတွေနေဖို့အတွက် သီးသန့်ထုတ်ထားတဲ့နေရာမှာသာ အသုံးပြုပါ။ ထိုမှသာလျှင် မီးကြိုးတွေ၊ ဖျော်ရည်ပူတွေ၊ ဓာတုပစ္စည်းတွေ၊ မီး၊ အပူပေးစက်၊ ရေကူးကန်တွေ၊ အိမ်သာတွေကို မသွားမိအောင် ဟန့်တားနိုင်မှာပါ။
• သော့ပါတဲ့ Walker ကိုရွေးချယ်အသုံးပြုခြင်းက သူတို့သွားချင်တဲ့နေရာကို မသွားမိအောင် ကာကွယ်နိုင်မှာပါ။
• ကလေးက မထိုင်နိုင်သေးသရွေ့ Walker ကိုမသုံးပါနဲ့ သို့မဟုတ် လမ်းလျှောက်နိုင်မှသာလျှင် အသုံးပြုပါ
• Walker ထဲမှာ ကလေးကို ၁၅ မိနစ်ထက်ပိုပြီး မထားပါနဲ့
#Chit_May_May
#Thinzar
Ref- pregnancybirthbaby