ကလေးဘဝကအကျင့်ဆိုးတွေဟာ ကြီးပြင်းလာတဲ့အခါမှာ ပြဿနာတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့်မို့ မိဘတွေ
အနေနဲ့ ဂရုတစိုက်ရှိဖို့လိုအပ်ပါတယ်။ ကလေးတွေဟာ ပတ်ဝန်းကျင်ရဲ့ အပြုအမူတွေကို အတုယူတတ်ကြပါတယ်။
တကယ်လို့ မိဘတွေအနေနဲ့ သတိမထားမိဘဲ ပစ်ထားသလိုဖြစ်ပါက သူတို့တွေဟာ ပတ်ဝန်းကျင်ရဲ့ အကျင့်ဆိုးတွေကို
အတုယူသွားနိုင်ပါတယ်။ ဒါကြောင့်မို့ ကလေးတွေအတွက် မကောင်းတဲ့ အကျင့်စရိုက်ဆိုးတွေအစပျိုးမိသလိုဖြစ်စေတဲ့
အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကျန်းမာရေးအတွက် မသင့်တော်တဲ့အစားအစားများကိုစားခြင်း

Junk food တွေစားသုံးတာဟာ ဒီနေ့ခေတ်ရဲ့ မကောင်းတဲ့အကျင့်ဆိုးတွေလို့ဘဲပြောရမှာပါဘဲ။ ဒီလိုအလေ့အထတွေဟာ
ကလေးငယ်တွေကို အဝလွန်ခြင်းနဲ့ သွေးတိုးရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။
၂။ တီဗီကြည့်ရင်း အစာစားခြင်း

လေ့လာမှုများအရ တီဗီကြည့်ရင်း အစားစားတာဟာ လိုအပ်တဲ့အစာပမာဏထက်ပိုမိုစားသုံးမိခြင်း၊ ကယ်လိုရီမြင့်မားစေခြင်း၊
ကိုယ်အလေးချိန်ပိုမိုတိုးလာခြင်း စတာတွေကို ဖြစ်လာစေပါတယ်။
၃။ ကြမ်းတိုင်းရိုင်းစိုင်းသောစကားများ

အိမ်တွင်းရှိအရွယ်ရောက်ပြီးသူများသည် ကလေးငယ်တွေရဲ့ရှေ့မှာ တဦးနဲ့တဦး ကြမ်းတမ်းရိုင်းစိုင်းသောစကားများကို
ပြောဆိုခြင်းသည် ကလေးငယ်တွေကို အတုခိုးစေသလိုဖြစ်စေပြီး ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေ ကြမ်းတမ်းလာနိုင်
တာမို့ ကလေးငယ်တွေရဲ့ရှေ့မှာ ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကားများ၊ အမူအကျင့်များပြုမူပြောဆိုတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
၄။ ကွန်ပြူတာ၊ ဗီဒီယိုဂိမ်းများနဲ့ တီဗီ

ယနေ့ခေတ်တွင် ငယ်စဉ်ကတည်းက နည်းပညာပစ္စည်းများနဲ့ အကျွမ်းတဝင်ရှိဖို့လိုအပ်ပေမယ့်လည်း နည်းပညာပစ္စည်းတွေဟာ
စွဲလမ်းစေတတ်တဲ့ သဘောရှိတာမို့ အချိန်အကြာကြီး အသုံးပြုစေပါက ကလေးငယ်တွေကို ဆိုးကျိုးသက်ရောက်မှုများရှိလာနိုင်ပါတယ်။ အချိန်အကြာကြီး အာရုံစူးစိုက်ခြင်းကြောင့် အရွယ်မတိုင်ခင် မျက်စိအမြင်ဝေဝါးခြင်းပြဿနာများ၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုနှေးကွေးခြင်းများ၊ လူမှုပေါင်းသင်းဆက်ဆံရေးပြဿနာများဖြစ်ပေါ်လာစေတာမို့ နည်းပညာပစ္စည်းများကို အချိန်အကန့်အသတ်ဖြင့်သာ အသုံးပြုစေသင့်ပါတယ်။
၅။ လက်မစုပ်ခြင်း၊ နှာခေါင်းနှိုက်ခြင်း

လက်မစုပ်ခြင်း၊ လက်သည်းကိုက်ခြင်းနဲ့ နှာခေါင်းနှိုက်တာတွေဟာ မနှစ်မြို့ဖွယ်ကောင်းတဲ့ အပြုအမူတွေဖြစ်ပြီး ဒါတွေဟာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်တဲ့အတွက် ကလေးငယ်တွေ အဲဒီလိုအပြုအမူတွေ ပြုလုပ်ပါက အထူးဂရုပြုပြီး ဒီအလေ့အကျင့်တွေကို ပြင်ဆင်ပေးသင့်ပါတယ်။
၆။ နောက်ကျမှ အိပ်ရာဝင်ခြင်း

ကလေးငယ်တွေဟာ တညမှာ ၁၁ နာရီမှ ၁၃ နာရီကြားအိပ်စက်တတ်ကြပါတယ်။ ကလေးတွေဟာ လုံလောက်တဲ့ အနားယူခွင့်မရခဲ့ရင်စိတ်တိုလွယ်ခြင်း၊ အာရုံပျံ့လွင့်ခြင်း၊ မှတ်ဉာဏ်ချို့တဲ့ခြင်းနဲ့ စဉ်းစားတွေးခေါ်မှုနှေးကွေးစေခြင်းစတာတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် အိပ်ရေးမဝတာဟာ ဟော်မုန်းမညီမျှတွေကိုလည်း ဖြစ်ပေါ်စေတာမို့ အိပ်ရာဝင်နောက်ကျတဲ့ အလေ့အထကို ပြင်ဆင်ပေးသင့်ပါတယ်။
၇။ တကိုယ်ရည်သန့်ရှင်းမှုမရှိခြင်း

တကိုယ်ရည်သန့်ရှင်းရေးသည် ကျန်းမာရေးနဲ့ နေ့စဉ်လူမှုဘဝတို့အတွက် အခြေခံဖြစ်ပါတယ်။ ကလေးတော်တော်များသည် ရေချိုးရန် တွန့်ဆုတ်ခြင်း၊ သွားတိုက်ပျင်းခြင်း အစရှိတဲ့ အပြုအမူတွေကို ပြုလုပ်တတ်ကြပါတယ်။ ဒီလိုအပြုအမူတွေဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး မကောင်းတဲ့အကျင့်စရိုက်တခုအဖြစ် စွဲသွားနိုင်တာကြောင့် မိသားစုတစုလုံးသည် လက်များကို မကြာခဏဆေးကြောခြင်း၊ နေ့စဉ်ရေချိုးခြင်းနဲ့ သွားမှန်မှန်တိုက်ခြင်း စတာတွေကို ပြုလုပ်သင့်ပါတယ်။ ဒါမှသာ ကလေးငယ်များဟာလည်း လူကြီးများဆီက အပြုအမူကောင်းတွေကို သင်ယူတတ်မှာဘဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
#Chit_May_May
#Dmo_aung
#Ref- youaremon