Home Parenting Child Care ကလေးငယ်တွေအား ကာကွယ်ဆေးထိုးပြီးနောက်မှာ နာကျင်မှုကို သက်သာစေမယ့် နည်းလမ်း (၇)ချက်

ကလေးငယ်တွေအား ကာကွယ်ဆေးထိုးပြီးနောက်မှာ နာကျင်မှုကို သက်သာစေမယ့် နည်းလမ်း (၇)ချက်

0
2482

အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ (CDC) ရဲ့အဆိုအရ ကာကွယ်ဆေးထိုးခြင်းဟာ ကလေးငယ်တွေကို ပြင်းထန်တဲ့ ရောဂါ (၁၄) ခုမှ ကာကွယ်ဖို့ လုံခြုံစိတ်ချရတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါ့ကြောင့် မေမေတို့အနေနဲ့ ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပေးဖို့ မမေ့သင့်ပါဘူး။ မွေးကင်းစကလေးတွေမှာဆိုရင် ကာကွယ်ဆေးထိုးပြီးနောက် နာကျင်တာ၊ ဖျားနာတာတွေ ရှိတတ်ပါတယ်။

နာကျင်မှုက ကာကွယ်ဆေးရဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှု ဖြစ်ပါတယ်။ ကလေးနာကျင်လို့ အီနေရင် မေမေတို့လည်း စိတ်ဖိစီးမှု များပါတယ်။ ဒါ့ကြောင့် ကလေးရဲ့ နာကျင်မှုကို လျော့ချပေးဖို့ နည်းလမ်းလေးတွေ လိုအပ်ပါတယ်။ ဒါ့ကြောင့် ချစ်မေမေတို့အတွက် ကလေးငယ်တွေကို ကာကွယ်ဆေးထိုးပြီးနောက်မှာ နာကျင်မှုတွေကို သက်သာစေမယ့်အကြံဉာဏ်အချို့ကို မျှဝေပေးချင်ပါတယ်။ ဒီဆောင်းပါးမှာ ကာကွယ်ဆေးရဲ့ ဖြစ်နိုင်ချေရှိသော ဘေးထွက်ဆိုးကျိုးတွေနဲ့ နာကျင်မှုကို သက်သာစေဖို့ နည်းလမ်းလေးတွေကို ပြောပြပေးပါမယ်။

၁။ တိတ်ဆိတ်တဲ့ အချိန်ပေးပါ

ကလေးတွေဟာ ကာကွယ်ဆေးထိုးပြီးနောက်မှာ ငိုတတ်တာကြောင့် စိတ်တိုပြီး မောလာနိုင်ပါတယ်။ ကလေးကို သက်သောင့်သက်သာရှိပြီး အပူချိန်ထိန်းထားနိုင်တဲ့ တိတ်ဆိတ်သော နေရာမှာထားပါ။ သူတို့ကို သက်သောင့်သက်သာရှိတဲ့ ခပ်ပွပွအင်္ကျီလေးတွေ ဝတ်ပေးပါ။

၂။ ကလေးကို ချီထားပါ

ကာကွယ်ဆေးထိုးချိန်နှင့် ထိုးပြီးနောက်မှာ ကလေးကို ချီထားပေးပါ။ သင့်ကလေးနှင့် သင့်အရေပြားထိတွေ့မှုကြောင့် ကလေးငယ်ဟာ သက်တောင့်သက်သာခံစားရပြီး စိတ်ဖိစီးမှုနည်းပါလိမ့်မယ်။ ဆေးထိုးနေချိန်မှာ ကလေးရဲ့ ခြေလက်တွေ လှုပ်ရှားခြင်းမှ ကာကွယ်ဖို့ ကလေးကို ချီထားပေးဖို့ CDC ကအကြံပြုထားပါတယ်။

၃။ ကလေးကို နာကျင်မှု သက်သာစေတဲ့ အနေအထား ထားပေးပါ

ကာကွယ်ဆေးထိုးပြီးနောက်မှာ နာကျင်မှုကို လျှော့ချဖို့ ထိရောက်တဲ့ ရုပ်ပိုင်းဆိုင်ရာဆောင်ရွက်မှုတွေက ကလေးအား စိတ်သက်သာရာရစေကြောင်း သက်သေပြခဲ့ပါတယ်။ အနှီးထုပ်ပေးထားတာမျိုး၊ ဘေးတိုက်မှောက်ခုံ ချီထားပေးတာမျိုး၊ လှုပ်ယမ်းပေးတာမျိုး ပြုလုပ်ပေးပါ။ ကစားစရာအသစ်၊ စာအုပ်၊ ပူဖောင်း (သို့မဟုတ်) ရိုးရှင်းသော ကစားနည်းတစ်ခုက ကလေးငယ်ကို အာရုံပျံ့လွင့်စေပြီး ကာကွယ်ဆေးထိုးခြင်းအား စိတ်ဖိစီးမှု နည်းစေနိုင်ပါတယ်။

၄။ နို့တိုက်ပါ

မိခင်နို့ရဲ့ ချိုတဲ့ အရသာ၊ မိခင်ရဲ့ ထွေးပွေ့ခြင်းနှင့် အရေပြားချင်း ထိတွေ့မှုကဲ့သို့သော အကြောင်းရင်းများစွာကြောင့် မိခင်နို့တိုက်ကျွေးမှုက ကလေးငယ်တွေအား နာကျင်မှုသက်သာစေတဲ့ သက်ရောက်မှုရှိကြောင်း ယုံကြည်ရပါတယ်။ ကာကွယ်ဆေးမထိုးခင်မှာလည်း မိခင်နို့ကို တိုက်ကျွေးနိုင်ပါတယ်။

၅။ အချိုအရသာ အရည်တိုက်ပါ

အချိုအရသာက ကလေးကို အာရုံလွှဲစေပြီး အေးဆေးတည်ငြိမ်စေပါတယ်။ ဆေးမထိုးခင်မှာ ချိုမြိန်တဲ့ အရည်အနည်းငယ်ကို ပေးထားခြင်းက ကလေးကို relax ဖြစ်စေခြင်းဖြင့် နာကျင်မှုသက်သာစေပါတယ်။ ကလေးငယ်ကို နို့မတိုက်နိုင်တဲ့အခါ၊ နို့ဘူးမတိုက်နိုင်တဲ့အခါမှာ ဒီနည်းလမ်းကို အကြံပြုပါတယ်။ သင့်ကလေးအတွက် သကြားရည်ကဲ့သို့သော အချိုရည်ကို မရွေးချယ်ခင်မှာ ဆရာဝန်နှင့် ဆွေးနွေးပါ။ အသက် ၁၂မပြည့်သေးတဲ့ ကလေးတွေကိုကို ပျားရည်မတိုက်သင့်သေးပါဘူး။

၆။ ရေခဲအိတ် ကပ်ပေးပါ

ရေခဲတုံးလေးတွေကို ထုပ်ပြီး ဆေးထိုးထားတဲ့ နေရာတစ်ဝိုက်ကို ကပ်ပေးတာက ကာကွယ်ဆေးထိုးပြီးနောက် နာကျင်မှုကို သက်သာစေပါတယ်။ မွေးကင်းစကလေးတွေမှာ အေးခဲနေတဲ့ ရေခဲကို သည်းခံနိုင်ပြီး ရေခဲတုံးနဲ့ ထိမိတဲ့အခါ ငိုမှာမဟုတ်တာတော့ သတိရပါ။ ကလေးအတွက် cool pack မသုံးခင်မှာ ဆရာဝန်နှင့် အရင်ဆုံး တိုင်ပင်ပါ။

၇။ အရည်များများတိုက်ပါ

တကယ်လို့ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးနေပါက ကာကွယ်ဆေးထိုးပြီးနောက်မှာ မိခင်နို့ပဲ ဆက်တိုက်ပါ။ ကလေးကို ဖြည့်စွက်စာတွေ စတင်ကျွေးနေပြီဆိုရင် အရည်ကို တိုက်ကျွေးနိုင်ပါတယ်။ ပထမ ၂၄နာရီမှာ ပုံမှန်ထက်နည်းသော အစာများသာ စားနိုင်ပါတယ်။ ထိုကဲ့သို့သော အခြေအနေမျိုးမှာ စွပ်ပြုတ်လိုအရည်များများတိုက်ပေးပါ။ ကာကွယ်ဆေးထိုးပြီးနောက်တစ်နေ့မှာ ကလေးစားရတာ အဆင်ပြေမယ့် ဘယ်အရာမဆို ကျွေးနိုင်ပါတယ်။

ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများ

ကလေးအား ကာကွယ်ဆေးထိုးပြီးနောက်မှာ ဘာတုံ့ပြန်မှုတွေ ရှိလာမယ်ဆိုတာ ပုံမှန်အားဖြင့် ဆရာဝန်တွေ သတိပေးလေ့ရှိပါတယ်။ ကာကွယ်ဆေးထိုးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • ဆေးထိုးထားတဲ့ နေရာမှာ နီခြင်း၊ ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်း
  • ကာကွယ်ဆေးကြောင့် ဖျားနာခြင်းက ကာကွယ်ဆေးထိုးပြီး ၂၄နာရီအတွင်းမှစပြီး တစ်ရက် ၊ နှစ်ရက်လောက် ကြာနိုင်ပါတယ်။
  • ရေကျောက်နှင့် MMR ကာကွယ်ဆေးထိုးပြီးနောက်မှာ အဖုနှင့် ဖျားနာခြင်းကဲ့သို့သော တုံ့ပြန်မှုတွေဖြစ်လာနိုင်ပါတယ်။ ဒီတုံ့ပြန်မှုက တစ်ပတ်မှ လေးပတ်အကြား ပေါ်လာတတ်ပါတယ်။
  • ကာကွယ်ဆေးနှင့် ပတ်သတ်ပြီး ပြင်းထန်တဲ့ ဓါတ်မတည့်မှု (anaphylactic )တုံ့ပြန်မှုတွေက အရမ်းဖြစ်ခဲပါတယ်။ သူတို့ဟာ ကာကွယ်ဆေးထိုးပြီးနောက် နှစ်နာရီကြာမှာ စတင်နိုင်ပါတယ်။ သူတို့က ချက်ချင်းဆေးကုသမှု ခံယူဖို့ လိုပါတယ်။

ကာကွယ်ဆေးထိုးပြီးနောက် ကလေးရဲ့ ကျန်းမာရေးမှာ ပုံမှန်မဟုတ်တဲ့ အရာတစ်ခုခုကို သံသယဖြစ်ပါက ဆရာဝန်နှင့် ချက်ချင်းဆက်သွယ်ပါ။

Chit_MayMay

LM_Nandar

Source-momjunction

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here