ကလေးငယ်တွေ ကျောင်းစမတက်ခင်မှာ ကြိုတင် သင်ပေးရမယ့်အရာ(၈) ချက်

0
217
- Advertisement -

ကလေးငယ်တစ်ဦးရဲ့ စိတ်ဟာ စိုစွတ်နေတဲ့ သဲသောင်ပြင်နဲ့တူပြီး အဲ့ဒီ့နေရာမှာ သင်ဘာတွေပဲရေးရေး ၎င်းက အမှတ်တစ်ခုအနေနဲ့ ကျန်နေခဲ့ပါလိမ့်မယ်။ သင့်ကလေးက မူကြိုကျောင်းမှာ အရာများစွာသင်ယူရပါလိမ့်မယ်။ ကလေးငယ်ဟာ ဘဝရဲ့ အခြေအခံသင်ခန်းစာအားလုံးကို သင်ယူကြမှာဖြစ်ပေမယ့် တစ်ချို့အရာတွေကိုတော့ အိမ်မှာကတည်းက သင်ပေးသင့်ပါတယ်။ ဘာတွေ သင်ပေးကြမလဲ? ဒီနေရာမှာ အချက်အလက်တွေရှိပါတဘ်။

၁။ ဝေါဟာရကြွယ်ဝမှု

သင့်ကလေးက မူကြိုကျောာင်းကို မရောက်ခင် ကလေးငယ်ဟာ ဘာသာစကားတွေနဲ့ ဝေါဟာရတွေကို မလွဲမသွေသင်ယူရပါလိမ့်မယ်။ သင့်ကလေးတွေက သူ/သူမရဲ့ နာမည်ကို စာလုံးပေါင်းကြရပါလိမ့်မယ်။ မူကြိုကျောင်းရောက်တဲ့အခါ သင်ယူတတ်မြောက်လွယ်ဖို့အတွက် သူတို့နားလည်နိုင်မယ့် ဝေါဟာရစကားလုံးတစ်ခုကို သင်ပေးပါ။

- Advertisement -

၂။ ပစ္စည်းတွေကို ကိုင်တွယ်ထိန်းသိမ်းတတ်ခြင်း

သင့်ကလေးက အရမ်းငယ်ရွယ်နေချိန်မှာ ပစ္စည်းတွေကို ကိုင်တွယ်ထိန်းချုပ်တဲ့နေရာမှာ အခက်အခဲဖြစ်နေပါလိမ့်မယ်။ ထိရှလွယ်သော ပစ္စည်းတွေကို ဘယ်လိုမြဲမြံအောင် ကိုင်တွယ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင်ကြားပေးပါ။ အပြုအမူ၊ အနေအထိုင်နဲ့ ပတ်သက်ပြီး ဘယ်လိုကစားရမယ်၊ ဘယ်အချိန်မှာ ငြိမ်ငြိမ်နေရမယ်ဆိုတာတွေကို မျှဝေပေးပါ။

၃။ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်တတ်ဖို့ သင်ပေးပါ

ကလေးတွေကို အရမ်းငယ်ရွယ်လွန်းပါသေးတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ သူတို့ကို အရာအားလုံးလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်လို့မရပါဘူး။ အနည်းဆုံးတော့ အခြေခံအကြောင်းအရာတွေကို သင်ကြားပေးပါ။ အိမ်သာတက်ခြင်း (သို့) အစာစားခြင်းကဲ့သို့ အခြေခံတွေလိုမျိုး အကြောင်းအရာတွေကို သင်ကြားပေးပါ။ ကလေးတွေကို ကိုယ့်ကိုယ်ကိုယ့်ဂရုစိုက်ခြင်းက အရေးကြီးကြောင်း နားလည်အောင် ပြုလုပ်ပေးပါ။ သူတို့ လိုအပ်တဲ့ဘယ်အရာကိုမဆို လိုချင်တဲ့အခါ alarm ကို မြှင့်တင်ဖို့ ပြောပါ။

၄။ အချိန်ရဲ့ အရေးပါမှု

ကလေးငယ်တွေအတွက် ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုကို ဖန်တီးပါ။ သူတို့ရဲ့ အိပ်ချိန်၊ စားချိန်နှင့် နားချိန်တွေပါဝင်သင့်ပါတယ်။ သင့်ကလေးတွေက ပုံမှန်လုပ်ရိုးလုပ်စဉ်အတွင်းမှာပဲ သင်ယူပါလိမ့်မယ်။ မူကြိုက ပုံမှန်အချိန်ဇယားတွေနဲ့ ညှိဖို့မလိုအပ်ပါဘူး။ မေမေတို့ရဲ့ ကလေးတွေကို အချိန်ဇယားရဲ့ အရေးကြီးမှုက စည်းကမ်းတွေရဲ့ တန်ဖိုးကို နားလည်ဖို့ ကူညီပေးပါလိမ့်မယ်။

၅။ အဖွဲ့အစည်းရဲ့ အလုပ်လုပ်ပုံအကြောင်းသင်ကြားပါ

အခြေခံအဖွဲ့အစည်းရဲ့ အလုပ်လုပ်ပုံတွေအကြောင်းကို မျှဝေပေးပါ။ အဖွဲ့အစည်းရဲ့ အရေးကြီးမှုကို သင်ပေးပါ။ ကြမ်းပြင်ပေါ်မှာ အရုပ်တွေကျနေလျှင် အားလုံးနဲ့အတူ ကူကောက်ပေးဖို့ သင်ပေးပါ။ ကလေးတွေအပေါ် အနိုင်မကျင့်ဖို့ သင်ကြားပါ။ ကူညီတတ်ဖို့၊ မျှဝေတတ်ဖို့သင်ပေးပါ။

၆။ ကောင်းမွန်သော အလေ့အကျင့်တစ်ချို့ကို သင်ကြားပေးပါ

အခြေခံကျသော အမူအကျင့်ကောင်းတွေဖြစ်တဲ့ ”တောင်းပန်ပါတယ်” (သို့) ”ကျေးဇူးတင်ပါတယ်” စတဲ့ စကားလုံးတွေနဲ့ မသင်မဖြစ်သင်ယူရမယ့်အရာတွေကို သင်ကြားပေးပါ။ အထက်ပါစကားလုံးတွေရဲ့ အဓိပ္ပာယ်ကိုလည်း သင်ကြားပေးပါ။ ဒီစကားလုံးတွေကို ဘယ်လိုအခြေအနေတွေမှာ သင်ပေးရမလဲဆိုတာကိုပါ တစ်ခါတည်း သင်ပေးပါ။ တစ်စုံတစ်ယောက်ကို နှုတ်ဆက်တာက အရေးကြီးကြောင်းလည်း ပြောပြပါ။

၇။ မျှဝေခြင်းရဲ့ အရေးပါမှု

မူကြိုကျောင်းမတိုင်မီ သင့်ကလေးက မျှဝေခြင်းရဲ့ အရေးပါမှုတွေကို သင်ယူရပါမယ်။ သင့်ကလေးတွေကို တစ်ခြားသူငယ်ချင်းတွေနဲ့အတူ တတ်နိုင်သမျှ မျှဝေတတ်ဖို့ သင်ပေးပါ။ သင့်ကလေးက မျှဝေခြင်းတွေကို မသင်ကြားခဲ့ဘူးဆိုရင် အခွင့်အရေးတွေက မနာလိုမှုတွေနဲ့ ခေါင်းမာခြင်းတွေဖြစ်လာနိုင်ပါတယ်။ မျှဝေခြင်းနှင့် ဂရုစိုက်ခြင်းရဲ့ အရေးပါမှုကို ကလေးတွေနားလည်ရပါမယ်။

၈။ စာဖတ်စွမ်းရည်ကို သင်ကြားပါ

ကလေးတွေက အရမ်းသေးငယ်လွန်းတာကြောင့် စာအများကြီးဖတ်နိုင်ဦးမှာမဟုတ်သော်လည်း အနည်းဆုံးသင့်ကလေးတွေက ရုပ်ပုံစာအုပ်တွေကို ဖတ်နိုင်ပါတယ်။ သူတို့တွေ မူကြိုမဝင်ခင်မှာ သူတို့တတ်နိုင်သမျှ ရုပ်ပုံစာအုပ်တွေကို ဖတ်နိုင်ပါစေ။ ဒါဟာ အာရုံစူးစိုက်မှုအဆင့်ကို ဖွံ့ဖြိုးတိုးတက်ဖို့ ကူညီပါလိမ့်မယ်။

Chit_May_May

Nyein_Thu

Ref- magforwomen

LEAVE A REPLY

Please enter your comment!
Please enter your name here