ကလေးငယ်တွေကြီးထွားလာတာနဲ့အမျှ သူတို့ရဲ့ စကားပြောဆိုနိုင်မှုစွမ်းရည်တွေက တိုးတက်လာသင့်ပါတယ်။ နှစ်နှစ်အရွယ်ကလေးဆိုရင် “ဒါသားဘောလုံး” တို့ “ကွတ်ကီးတွေပေးပါ”စတဲ့ စကားလုံးအတိုလေးတွေစပြောသင့်ပါပြီ။ အသက်၃ နှစ်ဆိုရင်တော့သင့်ကလေးစကားတွေကို လူအများစုအကုန်နားလည်အောင် ပြောနိုင်သင့်ပါပြီ။ သင့်ကလေးက အဲ့ဒီလိုစကားပြောဖို့ တုံ့ပြန်ဖို့ ရုန်းကန်နေရပြီဆို တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေ၊ ကုထုံးပညာရှင်တွေနဲ့ပြသပေးဖို့လိုအပ်ပါတယ်။ ဒီတော့ ကလေးငယ်တွေ စကားပြောနောက်ကျရခြင်းရဲ့ အကြောင်းရင်းတွေကို သိစေနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

အကြားအာရုံဆုံးရှုံးခြင်း၊ အာရုံအပြောင်းအလဲမြန်ခြင်း၊ ဖွံဖြိုးမှုနှောင့်နှေးခြင်း၊ Autismရောဂါ အစရှိတဲ့ ရောဂါလက္ခဏာတွေကို ကလေးငယ်တွေဆီမှာတွေ့ရှိရပါက တတ်ကျွမ်းနားလည်သူတွေနဲ့ အမြန်ပြသပေးဖို့လိုအပ်ပါတယ်။ အချိန်မနှောင်းခင် ကုသနိုင်မှဘဲ ကြီးပြင်းအရွယ်ရောက်လာချိန်မှာ ကောင်းမွန်စွာနဲ့ သူတို့ရဲ့အနာဂတ်လမ်းကြောင်းတွေကို ထိန်းကျောင်းနိုင်မှာဘဲဖြစ်ပါတယ်။

လမ်းညွှန်မှုတွေကိုလိုက်နာဖို့အခက်အခဲရှိခြင်း၊ စကားလုံးတွေကို နည်းနည်းလေးပဲပြောနိုင်ခြင်း၊ စကားထစ်ငေါ့ခြင်း၊ စာရေးစာဖတ်ခြင်းမှာ အခက်အခဲဖြစ်ခြင်း၊ ကလေးငယ်ရဲ့ပြောစကားကို မိဘတွေနဲ့ အခြားသောသူများနားလည်ဖို့ ခက်ခဲခြင်း၊ စကားပြောနှေးခြင်း၊ ပုံမှန်မဟုတ်သော တုံပြန်မှုများ၊ ပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုများ စတဲ့အချက်တွေက သင့်ကလေးဟာ စကားပြောစွမ်းရည်မှာ ပြဿနာဖြစ်နေပြီလို့ ပြသနေတဲ့ သတိပေးချက်တွေဘဲဖြစ်ပါတယ်။
စကားပြောနှေးတာနဲ့ပက်သက်ပြီး အကြောင်းရင်းများစွာရှိနိုင်ပါတယ်။ အကြားအာရုံဆုံးရှုံတာ၊ လျာခင်တိုတာ၊ သင်ယူမှုစွမ်းရည်ချို့တဲ့တာ၊ အထီးကျန်စိတ်၀ေဒနာရောဂါရှိနေတာ၊ Autismzပုံစံမျိုးဖြစ်နေတာ၊ ခြေလက်တွေသိပ်လှုပ်ရှားမှုမရှိတာ စတဲ့အကြောင်းတွေက စကားပြောဆိုမှုကိုနှောင့်နှေးစေတဲ့အရာတွေပဲဖြစ်ပါတယ်။ ဒါပေမယ့်စကားပြောနှောင့်နှေးတာနဲ့ပက်သက်ပြီး တတ်ကျွမ်းနားလည်တဲ့သူတွေက သင့်ကလေးကို ကူညီပေးနိုင်ပါတယ်။

သင့်ကလေးကို ဘာသာစကားနဲ့ပက်သက်တဲ့ ကျွမ်းကျင်ပညာရှင်တစ်ယောက်ဆီ (Speech Theraphy) ခေါ်သွားဖို့လိုပါတယ်။ သင့်ကလေးကိုပညာရှင်က အကဲဖြတ်ပြီး ကုသမှုတစ်ခုစီအတွက် အစီအစဉ်တွေ ရေးဆွဲပါလိမ့်မယ်။ သူတို့ကုထုံးတွေမှာ ကလေးတွေကို တက်တက်ကြွကြွကစားခိုင်းတာ၊ ကလေးတွေနဲ့စကားပြောတာ၊ စာအုပ်တွေနဲ့ ရုပ်ပုံတွေပြသတာ၊ သီချင်းတွေနားထောင်ခိုင်းတာ စတာတွေပါ၀င်ပါတယ်။ တစ်ခါတစ်လေသူတို့တွေက ဘာသာစကားလှုပ်ရှားမှုတွေဖြစ်တဲ့ ဘယ်လိုအသံထွက်ရမယ် ဘယ်လိုစားရမယ်ဆိုတာတွေနဲ့ လိုအပ်တဲ့အစားအစာတွေကို ကျွေးပြီးကုသကြတာမျိုးတွေလည်း ရှိကြပါတယ်။

မိဘတွေအနေနဲ့ မိမိတို့ရဲ့ကလေးက ဘယ်လိုကလေးလဲ၊ ဘာတွေဖြစ်နေလဲဆိုတာကို စောစောသိထားတာဖို့က အရေးကြီးပါတယ်။ ဒါကြောင့်မို့ တခုခုမှားယွင်းနေတယ်လို့ စိတ်ထဲယူဆပါက ကျွမ်းကျင်သူတွေနဲ့ပြသခြင်းက အကောင်းဆုံးဖြစ်သလို စကားပြောကုထုံးပညာရှင် (Speech Theraphy)တယောက်နဲ့ လေ့ကျင့်ပေးခိုင်းတာက သင့်ကလေးရဲ့ စကားပြောစွမ်းရည်ကို မြန်မြန်တိုးတက်စေပါလိမ့်မယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
#Chit_may_May
#Dmo_aung
REF_intermountainhealthcare
Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။