ကလေးငယ်တွေ ဆုံးဖြတ်ချက်ချစေနိုင်ဖို့အတွက် သင်ကြားပေးနိုင်တဲ့ နည်းလမ်း ၅ ခု

0
84
- Advertisement -

ကျနော်တို့လူ့အဖွဲ့အစည်းမှာ ကလေးတွေဟာ လူကြီးမိဘပြောစကားကို နားထောင်ရမယ်၊ မိဘဆုံးဖြတ်တာကို လိုက်နာရမယ်၊ ကလေးဆိုတာ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ချက်မချရဘူး အစရှိတဲ့ ရှေးရိုးစွဲတွေကြောင့် ကလေးတွေဟာ မိဘအပေါ်အရမ်းမှီခိုလွန်းပြီး ကိစ္စတစ်ခုခုဆိုရင် ဆုံးဖြတ်ချက်မချတတ်တာ၊ ဆုံးဖြတ်ချက်ချဖို့ ချီတုံချတုံဖြစ်နေတာ၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို မယုံကြည်တာတွေ ဖြစ်လာပါတယ်။

ဆုံးဖြတ်ချက်ချဖို့ မဝံ့ရဲတဲ့ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ ၊လုပ်ငန်းခွင်ဝင်တဲ့အခါမှာလည်း ကိုယ့်ရဲ့ဆုံးဖြတ်ချက်အတွက် တပါးသူဆီက အကူအညီတောင်းရတာ၊ တခုခုဆိုရင် ဆုံးဖြတ်ချက်ရဲရဲမချရဲတာ စသဖြင့် အကျင့်ပါသွားတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိတာကြောင့် ဘဝမှာ၊ လုပ်ငန်းနယ်ပယ်မှာ အောင်မြင်သင့်သလောက် မအောင်မြင်တော့ပါဘူး။ ဒါ့ကြောင့် မေမေတို့ရဲ့ ကလေးကို ဆုံးဖြတ်ချက်တွေ ချတတ်စေဖို့ ငယ်စဉ်ကတည်းက ဘာကြောင့်မို့ပျိုးထောင်ပေးသင့်သလည်းဆိုတဲ့ အကြံပြုချက်တချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ ကလေးကို လုပ်ငန်းတာဝန်များပေးပါ

- Advertisement -

သူတို့အသက်အရွယ်နဲ့ ဖွံ့ဖြိုးမှုအဆင့်ပေါ်မှုတည်ပြီး ကလေးကို တချို့တာဝန်လေးတွေ ပေးနိုင်ပါတယ်။ ဥပမာ သူတို့ကို အပြင်သွားဖို့ ဘယ်အဝတ်အစား ဝတ်ရမယ်ဆိုတာမျိုးကို ဆုံးဖြတ်ခိုင်းတာ၊ အရုပ်တွေကို ဖယ်ရှားခိုင်းတာ၊ အိပ်ရာကို သပ်သပ်ရပ်ရပ် ပြုလုပ်ခိုင်းတာ စသည်ဖြင့် တာဝန်လေးတွေ ပေးနိုင်ပါတယ်။

၂။ ကလေးကို သူ့ဘာသာ လုပ်ခွင့်ပေးတာ

လုပ်ဆောင်မှုတခုကို သင့်ကလေးအား ရှင်းရှင်းလင်းလင်း ရှင်းပြပြီးတာနဲ့ သူတို့ကို တယောက်တည်း ကြိုးစားဖို့ အခွင့်အလမ်းပေးပါ။ မိဘအနေနဲ့ ဘေးက သင့်တော်တဲ့ ကြီးကြပ်မှု ပေးဖို့လိုအပ်ပေမယ့် သူတို့ကိုယ်တိုင်လုပ်ဆောင်နိုင်ဖို့က အရေးကြီးပါတယ်။ သူတို့က ကူညီဖို့အတွက် အကူအညီတောင်းရင် ဒါမှမဟုတ် သူတို့ဘာသာ သူတို့ မစီမံနိုင်တော့မှ အကူအညီပေးပါ။ ဥပမာ- အရုပ်အသစ်တရုပ် ဝယ်လာတယ်ဆိုပါစို့ ဒီအရုပ်က ဘယ်လိုအလုပ်လုပ်လဲဆိုတာ သူ့တို့ကို ရှာဖွေခိုင်းပါ။

၃။ သူတို့ကိုယ်သူတို့ ရှင်းရှင်းလင်းလင်း ထုတ်ပြောတတ်စေဖို့ အားပေးပါ

စကားပြောဖို့ သင်ယူနေတဲ့ ကလေးတွေအတွက် သူတို့လိုချင်တဲ့အရာတွေကို ဘယ်လို တောင်းဆိုရမလဲဆိုတာ သင်ပေးလို့ လိုအပ်ပါလိမ့်မယ်။ ဥပမာ- သူတို့ရေဆာရင် ရေဆိုတဲ့စကားလုံးကိုပြောဖို့ သင်ပေးတာမျိုး ဖြစ်ပါတယ်။ ထိုနည်းတူ သူတို့ဟာ အိမ်သာသွားဖို့ လိုအပ်တဲ့အခါ (သို့) နာကျင်မှု ကြုံတွေ့ရတဲ့အခါမှာ ဖော်ပြဖို့ သင်ပေးရပါမယ်။ သူတို့လိုချင်တာတခုခုရှိတဲ့အခါ သူတို့ဘာသာသူတို့ ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျ ဖော်ပြတတ်စေဖို့ ကလေးကို အားပေးခြင်းဟာ ကလေးရဲ့ ဘာသာစကားဖွံ့ဖြိုးတိုးတတ်စေဖို့ ကူညီပေးပါတယ်။

၄။ ဆွေးနွေးညှိနှိုင်းဖို့ ရှိ/မရှိ ဆုံးဖြတ်ခြင်း

ကလေးတွေဟာ တချို့စည်းမျဉ်းတွေ စံချိန်စံညွန်းတွေကနေ ကင်းလွတ်တယ်လို့မဆိုလိုတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်တာကြောင့်ပါ။ ဥပမာ= သင့်ကလေးက သွားမယ့်နေရာနဲ့ ရာသီဥတုနဲ့ သင့်လျှော်နေသမျှ ကာလပတ်လုံး ဘယ်အဝတ်အစား ဝတ်ရမလဲဆိုတာ ရွေးချယ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ကလေးတွေက ဘာစားရမလဲဆိုတာနဲ့ ပတ်သတ်ပြီး အမြဲတမ်း ရွေးချယ်မှာတော့ မဟုတ်ပါဘူး။ မိဘကဘဲ ကလေး ကြိုက်သည်ဖြစ်စေ/မကြိုက်သည်ဖြစ်စေကလေးဖွံ့ဖြိုးမှုအတွက် သင့်တော်တဲ့ အာဟာရတွေကို ထောက်ပံ့ပေးရပါမယ်။

၅။ စဉ်းစားတွေးခေါ်တတ်စေဖို့ ပြုလုပ်ပေးပါ

ကလေးကို ဆုံးဖြတ်ချက်ချမှတ်ဖို့ သင်ပေးတဲ့အခါမှာ ကစားချိန်က အသုံးဝင်ပါတယ်။ ဥပမာ- လက်တစ်ဖက်စီမှာ မတူတဲ့ကစားစရာတစ်ခုကို ယူနိုင်ပြီး သူတို့ကောင်းကောင်းနှစ်သက်တဲ့အရာတစ်ခုကို ရွေးချယ်ဖို့ သင့်ကလေးကို သင်ကြားပေးနိုင်ပါတယ်။ သား ဘယ်တစ်ခုကို ပိုကြိုက်သလဲ။ ဘယ်တစ်ခုက အကောင်းဆုံးလို့ သားထင်သလဲ အစရှိတဲ့မေးခွန်းများကို အသုံးပြုနိုင်ပါတယ်။ ဒါက သူတို့ဆုံးဖြတ်ချက် ချတာနဲ့ ပတ်သတ်ပြီး တွေးခေါ်တတ်စေဖို့ ကလေးကိုလှုံ့ဆော်ပေးတာဘဲဖြစ်ပါတယ်။

ကလေးရဲ့ ဆုံးဖြတ်ချက်က သင်မျှော်လင့်ထားသလို မဟုတ်ခဲ့ရင် ၊ သူ့ဆုံးဖြတ်ချက်က မှားယွင်းနေရင် အမှားကို ပြင်ပေးဖို့ အလျင်စလို မလုပ်ပါနဲ့။ ပထမဆုံး သူတို့ရဲ့ အမှားတွေကို ရှင်းပြပေးရပါမယ်။ ဒါက အမှားနဲ့ စမ်းသပ်ခြင်းရဲ့ လုပ်ငန်းစဉ်တခုဖြစ်တယ်ဆိုတာ သတိရပေးပါ။ ဒါမှသာ ကလေးငယ်ဟာ စဉ်းစားတွေးခေါ်ခြင်းဆိုင်ရာတွေမှာ ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်လာမှာဘဲဖြစ်ပါတယ်ဆိုတဲ့အကြောင်း ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremom

Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here