ကလေးငယ်တွေ တစ်စုံတစ်ရာကို ကိုက်တတ်ခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်း (၅) ချက်

0
772
- Advertisement -

ကလေးငယ်ကိုက်တတ်ကြတဲ့ အကြောင်းရင်းကို တပ်အပ်ရှင်းပြဖို့ မဖြစ်နိုင်ပေမယ့် အပြုအမူတွေရဲ့ နောက်ကွယ်မှာအကြောင်းရင်းတစ်ခုတော့ ရှိတတ်စမြဲပါပဲ။ ဒီကနေ့မှာတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းရင်းတစ်ချို့ကို မျှဝေထားပါတယ်။

၁။ စိတ်ခုနေခြင်းနှင့် အမျက်ဒေါသထွက်ခြင်း

ကလေးငယ်တွေအတွက် ကိုက်ရခြင်းရဲ့ အဓိကဦးဆောင်အကြောင်းရင်းတစ်ခုပါ။ ကလေးငယ်တွေဟာ သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို စကားလုံးတွေနဲ့ မဖော်ပြတတ်တဲ့အခါ အပြုအမူတွေနဲ့ ဖော်ပြလေ့ရှိပါတယ်။ ဒါ့ကြောင့် တစ်စုံတရာ/ တစ်ယောက်ယောက်ကို ကိုက်ပြီး ‘ငါဒေါသထွက်နေတယ်’ လို့ ပြောနေတာဖြစ်ပါတယ်။ ကစားစရာတွေပြန်ပေးဖို့ပြောနေခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက မောပန်းဆာလောင်နေမယ်ဆိုရင် ကိုက်ကောင်းကိုက်နိုင်ပါတယ်။

- Advertisement -

၂။ အာရုံစိုက်မှု ရှာဖွေခြင်း

ကလေးငယ်ဟာ လုပ်ဆောင်မှုတစ်ခုခုအပေါ် တုံ့ပြန်မှုကို စမ်းသပ်ဖို့ တစ်ယောက်ယောက်ကို ကိုက်ပါလိမ့်မယ်။ နေ့ကလေးထိန်းဌာနက ကလေးငယ်တစ်ဦးဟာ စောင့်ရှောက်သူရဲ့ တုံ့ပြန်မှုကို စစ်ဆေးဖို့ သူငယ်ချင်းကို ကိုက်ပါလိမ့်မယ်။ ဂရုစိုက်ပါ။ မိဘတွေ (သို့) စောင့်ရှောက်သူတွေဆီက အာရုံစိုက်မခံရဘူးဆိုရင် ကလေးဟာ ကိုက်ပါလိမ့်မယ်။

၃။ သွားပေါက်ခြင်း

ဒီအချက်ဟာလည်း ကလေးငယ်တွေ ကိုက်ဖို့ ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ သွားဟာ သွားပေါက်ခြင်းဟာ သားဖုံးတွေကို ယားယံစေပြီး တစ်ခုခုကို ကိုက်ချင်စိတ်တွေဖြစ်စေနိုင်ပါတယ်။

၄။ အတုခိုးခြင်း

လမ်းလျှောက်တတ်စအုပ်စုတွေမှာ တစ်ခြားကလေးတစ်ဦး ဒီလိုပြုမူတာတွေ့ရရင်လည်း လှုပ်ရှားမှုတွေကို စမ်းသပ်လိုစိတ်နဲ့ ကိုက်ခြင်းကို စမ်းသပ်နိုင်ပါတယ်။

၅။ စူးစမ်းရှာဖွေခြင်း

ငယ်ရွယ်တဲ့ကလေးငယ်တွေဟာ သူတို့ရဲ့ပါးစပ်ကို အသုံးပြုပြီး သူတို့ပတ်ဝန်းကျင်ကို စူးစမ်းချင်ပါလိမ့်မယ်။ ဥပမာ – ကြောင်ရဲ့ အမြီးတွေကို ကိုက်တာမျိုးအထိပေါ့။

Chit_May_May

Nyein_Thu

Ref-momjuction

LEAVE A REPLY

Please enter your comment!
Please enter your name here