ကလေးငယ်တွေ ဖျားနာတဲ့အခါ မိဘတွေ ပြုလုပ်မိတတ်တဲ့အမှားများ

0
299
- Advertisement -

ကလေးငယ်တွေဖျားနာတဲ့အခါမျိုးမှာ အချို့သောမိဘတွေဟာ ကလေးငယ်အဖျားသက်သာစေဖို့အတွက် ကြားဖူးနားဝနည်းလမ်းတွေ၊ ဆေးဆိုင်ကနေ အလွယ်တကူဝယ်ယူနိုင်တဲ့ အဖျားကျဆေးတွေကို အသုံးပြုတတ်ကြပါတယ်။ ဒီလိုဆေးတွေကို ကျွမ်းကျင်တဲ့သူတွေရဲ့ ညွှန်ကြားချက်မပါဘဲ တိုက်ကျွေးတာဟာ အန္တရာယ်များပြီး တခါတလေမှာ ရောဂါကိုပိုပြီးဆိုးဝါးသွားစေနိုင်ပါတယ်။ အချို့သော ထိခိုက်ရှနာဒဏ်ရာတွေကိုတော့ အိမ်မှာဘဲ ကောင်းမွန်စွာကုသနိုင်ပေမယ့် ဒဏ်ရာတွေကိုရောဂါပိုးဝင်ရောက်နိုင်တဲ့ အန္တရာယ်ကို သိထားဖို့တော့လိုပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေဖျားနာနေချိန်မျိုးမှာ မိဘတွေအနေနဲ့
မှားယွင်းစွာပြုလုပ်မိတတ်တဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ရောဂါကို ကိုယ့်ဘာသာဆုံးဖြတ်ပြီး ဆေးဝါးများတိုက်ကျွေးခြင်း

တခါတလေမျိုးမှာတော့ ရောဂါလက္ခဏာကိုကြည့်ရှုပြီး ဘာဖြစ်တယ်ဆိုတာမျိုးကို လွယ်ကူစွာသိရှိနိုင်ပေမယ့် ကုသဖို့အတွက်ဆေးဝါးတွေကိုတော့ ကိုယ့်ဘာသာဆုံးဖြတ်ပြီး တိုက်ကျွေးတာမျိုး မလုပ်သင့်ပါဘူး။ ဘတ်တီးရီးယားကူးစက်မှုတွေကို များသောအားဖြင့် ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပေမယ့်လည်း ရောဂါဖြစ်ပွားမှုကိုသေချာမသိရှိဘဲ ပဋိဇီဝဆေးတွေကိုသောက်သုံးစေတာက ဘတ်တီးရီးယားတွေရဲ့ ခုခံစွမ်းအားကို တိုးမြှင့်ပေးသလိုဖြစ်ပြီး အမှန်တကယ်သောက်သုံးရမယ့်ဆေးဝါးကို မထိရောက်စေတော့ပါဘူး။ ဒါကြောင့်မို့ ရောဂါတွေကိုကိုယ့်ဘာသာဆုံးဖြတ်ပြီး ဆေးဝါးတွေကို သောက်သုံးစေတာဟာ ရောဂါလက္ခဏာကိုပိုပြီးဆိုးဝါးစေနိုင်တဲ့အတွက် ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

- Advertisement -

ဆေးဝါးများပေါင်းစပ်သောက်သုံးစေခြင်း

အချို့သောဆေးဝါးတွေကို ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ ပေါင်းစပ်သောက်သုံးစေတာက မူးယစ်ဆေးဝါးသုံးစွဲသလို အကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။ ဆေးဝါးတွေကို နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုပြီး ရောနှောတိုက်ကျွေးတာဟာ ဆေးဝါးတွေရဲ့ မတူညီတဲ့ တုန့်ပြန်မှုတွေကြောင့် ကလေးငယ်တွေကို မူးယစ်ဆေးအသုံးလွန်သလို အန္တရာယ်မျိုးဖြစ်စေပါတယ်။ အချို့သောဆေးဝါးတွေဟာ ကလေးရဲ့ အသက်အရွယ်နဲ့ကြီးထွားပုံပေါ်မူတည်ပြီး တိကျတဲ့ညွှန်ကြားချက်တွေနဲ့ သုံးစွဲရတာကြောင့်မို့ ဆရာဝန်ရဲ့ ညွှန်ကြားချက်မပါဘဲ ဆေးဝါးတွေကို ပေါင်းစပ်တိုက်သောက်သုံးစေတာမျိုးကိုလည်း ရှောင်ကြဉ်ရပါမယ်။

ဖျားနာမှုတွေကို တမျိုးထဲသတ်မှတ်ခြင်း

အအေးမိလည်း ဆေးဆိုင်မှာအလွယ်တကူ ဝယ်လို့ရတဲ့ အဖျားပျောက်ဆေးလို့ ပြောတဲ့ဆေး၊ ဗိုင်းရပ်စ်ကြောင့် ဖျားရင်လည်း ဒီတံဆိပ်နဲ့ ဆေး၊ ချောင်းဆိုးရင်လည်း ဒီဆေး စသည်ဖြင့် ဆေးဝါးတမျိုးကိုဘဲ အသုံးပြုပြီး ကလေးငယ်ရဲ့ ဖျားနာမှုကိုကုသဖို့အသုံးပြုတာဟာ မှားယွင်းတဲ့ ကုသမှုမျိုးဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သတ်ပြီး ချောင်းဆိုးရတဲ့ အကြောင်းရင်း၊ ကိုယ်ပူရတဲ့ အကြောင်းရင်းတွေ အများကြီးရှိတာမို့ သာမာန်ချောင်းဆိုးတာ၊ သာမာန်ကိုယ်ပူတာမျိုးဆိုပြီး အလွယ်တကူဆုံးဖြတ်တာမျိုးကို ရှောင်ကြဉ်ရပါမယ်။

ရိုးရာဆေးဝါးများအသုံးပြုခြင်း

ရိုးရာဆေးဝါး တော်တော်များများဟာ လုံခြုံစိတ်ချရခြင်းမရှိပါဘူး။ အထူးသဖြင့် ကလေးငယ်တွေကို တိုက်ကျွေးတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ရိုးရာဆေးဝါးတွေ တော်တော်များများဟာ ရောဂါကိုတိုက်ထုတ်ရာမှာ နှေးကွေးပြီး အချို့သော ရိုးရာဆေးဝါးတွေက ဘယ်လိုအာနိသင်မျိုးမှ မရှိပါဘူး။ ဒါကြောင့်မို့ ကလေးငယ်တွေမှာ ဘယ်လိုရောဂါလက္ခဏာခံစားနေရမှန်းမသိဘဲ ရိုးရာဆေးဝါးတွေ၊ ကုသမှုတွေပေးတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ထိရောက်တဲ့ကုသမှုမဟုတ်တာတွေက ရောဂါကို ပိုပြီးဆိုးဝါးစေတဲ့အတွက် အထူးဂရုပြုဖို့ လိုပါတယ်။

ကျောင်းသွားခိုင်းခြင်း

အဖျားငွေ့ငွေ့လေးဘဲရှိတာ။ ကျောင်းသွားလို့ရတယ်ဆိုပြီး ကျောင်းသွားခိုင်းတာမျိုးကို မလုပ်သင့်ပါဘူး။ အဖျားတက်တာမျိုးဟာ အိမ်အပြင်ဘက်မှာဆိုရင် ပိုပြီးဆိုးဝါးစေသလို ဖျားရတဲ့အကြောင်းရင်းကို သေချာမသိရဘဲ ကျောင်းသွားခိုင်းတာမျိုးဟာ သူတို့ရဲ့အခြေအနေကိုပိုပြီးဆိုးဝါးစေပါတယ်။ ဒါ့အပြင် အခြားသောကလေးငယ်တွေကိုပါ ကူးစက်နိုင်တာမျိုးရှိတဲ့အတွက် အဖျားငွေ့ငွေ့လေးဘဲရှိတယ်ဆိုပြီး ကျောင်းသွားခိုင်းတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here