ကလေးငယ်တွေ ဘာ့ကြောင့်မျက်လုံးကို ပွတ်သပ်ကြတာလဲ? ဒါကိုမလုပ်မိစေဖို့ ဘယ်လိုကာကွယ်နိုင်သလဲ?

0
265
- Advertisement -

ကလေးတစ်ယောက်ဟာ မျက်လုံးကို ပွတ်သပ်ပြီး သမ်းနေတယ်ဆိုရင် ပုံမှန်အားဖြင့် ပင်ပန်းနွမ်းနယ်လို့၊ အိပ်ချင်လို့ဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။ လက်တလောသုတေသနများအရ ကလေးတွေဟာ မျက်လုံးပင်ပန်းနွမ်းနယ်နိုင်ကြောင်းနှင့် စမတ်ဖုန်းတွေကဲ့သို့သော ဒစ်ဂျစ်တယ်ပစ္စည်းတွေကို ငယ်ရွယ်တုန်းအချိန်မှာ အလွန်အကျွံပေးသုံးတာတွေကြောင့် မျက်လုံးပွတ်သပ်ခြင်းကို ဖြစ်ပေါ်စေတယ်လို့ ပြသထားပါတယ်။ ယနေ့ဆောင်းပါးလေးကနေ ကလေးငယ်တွေ မျက်စိကို ပွတ်သပ်ခြင်းအတွက် ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေ၊ ဒီလိုမလုပ်မိစေအောင် ဘယ်လိုကြိုတင်ကာကွယ်မလဲဆိုတဲ့ အကြောင်းအရာတွေကို မျှဝေပေးချင်ပါတယ်။

ကလေးတွေ ဘာ့ကြောင့် မျက်လုံးကို ပွတ်သပ်ကြတာလဲ?

အိပ်ချင်တာနှင့် ပင်ပန်းနွမ်းနယ်တာအပြင် ကလေးငယ်တွေ မျက်လုံးကို ပွတ်သပ်ရတဲ့ အခြားအကြောင်းရင်းတွေလည်း ရှိပါတယ်။

၁။ စူးစမ်းတာကြောင့်

ကလေးတွေဟာ သူတို့ရဲ့ fine motor skill တွေ ဖွံ့ဖြိုးလာတဲ့အခါ စပ်စုလေ့ရှိတတ်ကြပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကို ထိခြင်းဖြင့် ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို နားလည်ဖို့ စမ်းသပ်ခြင်း ဖြစ်ပါတယ်။

၂။ အံ့သြတာကြောင့်

ကလေးဟာ ပင်ပန်းနေပြီး မျက်လုံးတွေ ပွတ်သပ်နေကြောင်း သင်သတိပြုမိပါက သူတို့အဲ့လိုလုပ်နေစဉ်အတွင်းမှာ ရရှိသော မယုံနိုင်လောက်တဲ့ အမြင်အာရုံ လှုံ့ဆော်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ကလေးတွေဟာ သူတို့မျက်လုံးတွေကို ပိတ်လိုက်၊ ပွတ်လိုက်နဲ့ အမြင်အာရုံထဲမှာ ပေါ်လာတဲ့ ပုံစံတွေကို ကြည့်ဖို့ ထပ်တလဲလဲလုပ်ရတဲ့ ခံစားချက်ကို နှစ်သက်ကြပါတယ်။ မျက်လုံးတွေကိုပိတ်ပြီး ပွတ်သပ်တဲ့အခါ ပိတ်ထားတဲ့မျက်ခွံမှာ အလင်းတွေနဲ့ pattern တွေကို တွေ့နိုင်တာကို သင်သတိပြုမိမှာပါ။ ဒါကြောင့် ကလေးဟာ မျက်လုံးတွေကို မကြာခဏပွတ်တိုက်ရခြင်းဖြစ်နိုင်ပါတယ်။

ကြိုတင်တားဆီးဖို့- ကလေးရဲ့ စိတ်ဝင်စားမှုကို ပိုစိတ်ဝင်စားစရာကောင်းတဲ့ အရာများ ပြသခြင်းဖြင့် အာရုံလွှဲပါ။ ကလေးရဲ့ အာရုံစူးစိုက်မှုက တိုတောင်းတာကြောင့် အလွယ်တကူ အာရုံပျံ့သွားပါလိမ့်မယ်။

၃။ အိပ်ချင်တာကြောင့်

ကလေးက သန်းနေပြီး မျက်လုံးတွေကို ပွတ်သပ်တဲ့အခါ ဒါက သူ ပင်ပန်းပြီး အိပ်ချင်နေတဲ့ အဓိပ္ပာယ်ပါ။ မျက်လုံးမပွတ်မိအောင် ဘယ်လိုကူညီမလဲ။ ကလေးပင်ပန်းလာတဲ့အခါ သူတို့မျက်လုံးလေးတွေလည်း ပင်ပန်းလာပါတယ်။ နှိပ်ပေးခြင်းက ကြွက်သားနာကျင်မှုကို သက်သာစေဖို့ ကူညီပေးသလို မျက်လုံးပွတ်ခြင်းက ပင်ပန်းနွမ်းနယ်နေစဉ်မှာ အကူညီဖြစ်စေပါတယ်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ကလေးဟာ မျက်စိ၊ မျက်ခွံများမှာဖြစ်တဲ့ နာကျင်မှုနှင့် တင်းမာမှုကို သက်သာရာ ရစေပါတယ်။

ကြိုတင်ကာကွယ်မှုနည်းလမ်း – သင့်ကလေးငယ်ကို ပင်ပန်းပြီး အိပ်ချင်နေတဲ့ လက္ခဏာတွေရှိ/မရှိဆိုတာ စောင့်ကြည့်ပါ။ မျက်လုံးပွတ်ခြင်းနှင့် သမ်းဝေခြင်းက ကလေးတရေးအိပ်ဖို့လိုအပ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ အိပ်ချင်နေတဲ့ ပထမလက္ခဏာတွေကို သတိပြုမိပါက မျက်လုံးပွတ်ခြင်းမှ ရှောင်ရှားဖို့ ကလေးကို ချက်ချင်းသိပ်ပါ။

ကလေးရဲ့ ပုံမှန်အိပ်စက်ချိန်ကို နားလည်အောင်လုပ်ပါ။ သင့်တော်တဲ့ ပုံမှန်အိပ်စက်ချိန်ကို သက်မှတ်ပြီးတာနဲ့ ဘယ်နေရာပဲရောက်ရောက် ကလေးကို သတ်မှတ်ထားတဲ့ အချိန်မှာ အိပ်စက်ပါစေ။ ဒီလိုလုပ်ခြင်းအားဖြင့် ကလေးကို ပင်ပန်းတာတွေ မဖြစ်လာစေတော့ပါဘူး။ အစမပျိုးတော့တဲ့အခါ မျက်လုံးပွတ်ခြင်းလည်း မရှိတော့ပါဘူး။

၄။ မျက်လုံးခြောက်သွေ့တာကြောင့်

ကလေးတွေဟာ သူတို့မျက်လုံးတွေ အရမ်းခြောက်သွေ့လွန်းတဲ့အခါမှာလည်း ပွတ်သပ်နိုင်ပါတယ်။ မျက်လုံးတွေကို လေနှင့် ကြာရှည်ထိတွေ့တဲ့အခါ အငွေ့ပြန်တဲ့ မျက်ရည်အလွှာပါးနှင့် ကာကွယ်ထားပါတယ်။ ဒါက မျက််လုံးကို ခြောက်သွေ့စေပြီး ကလေးငယ်ကို အဆင်မပြေဖြစ်စေပါတယ်။ သူတို့ဟာ မျက်စိတွေကို ပွတ်ခြင်းဖြင့် ကိုယ့်ကိုယ်ကို သက်တောင့်သက်သာဖြစ်စေဖို့ ကြိုးစားကြပါတယ်။ မျက်လုံးတွေကို ပွတ်တိုက်တဲ့အခါ မျက်ရည်များကို လှုံ့ဆော်ပေးတာကြောင့် မျက်စိအတွင်းရှိ အစိုဓါတ်ကို ပြန်လည်ရရှိစေပါတယ်။

၅။ မျက်လုံးထဲမှာ တစ်ခုခုဝင်နေတာကြောင့်

သူတို့မျက်လုံးထဲမှာ စိတ်အနှောက်အယှက်ဖြစ်စရာ တစ်ခုခုဝင်နေရင် ကလေးဟာ မျက်စိတွေကို ပွတ်သပ်နိုင်ပါတယ်၊ မျက်လုံးတစ်ဝိုက်မှာ အမွှေးနု (သို့)ဖုန်မှုန့် အနည်းငယ် ရှိနိုင်ပါတယ်။ ဒီအမှုန်တွေေက မျက်လုံးကို ယားယံစေနိုင်တာကြောင့် ကလေးဟာ မျက်လုံးကို ပြင်းပြင်းထန်ထန် ပွတ်သပ်တာဖြစ်ပါတယ်။ ဒီလိုပွတ်သပ်ခြင်းက ကလေးငယ်ရဲ့ မျက်လုံးတွေကို ပိုထိခိုက်စေနိုင်ပါတယ်။ အမှုန်က မျက်စိမျက်နှာပြင်ကို ခြစ်ရာဖြစ်စေနိုင်ပါတယ်။

မျက်လုံးတွေကို ပွတ်တိုက်ခြင်းကြောင့် မျက်လုံးနီပြီး မျက်ရည်တွေကျလာနေရင် ဒါက ကလေးမျက်လုံးထဲမှာ အမှုန်တစ်ချို့ရှိနေတာဖြစ်ပါတယ်။ ဝါဂွမ်းစကို ရေအေးထဲမှာ နှစ်ပြီး ကလေးရဲ့ မျက်လုံးထဲက အမှုန်တွေကို ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ ကလေးဟာ ယားယံနေသေးရင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူဆီ ခေါ်သွားပါ။

သတိပြုရန်- မျက်လုံးနှစ်ဖက်လုံးအတွက်ဆိုရင် ဂွမ်းစ တစ်ခုတည်းကို ပြန်မသုံးပါနဲ့။

ကြိုတင်ကာကွယ်ဖို့- ကလေးကို လေထဲမှာဖုန်မှုန့်တွေရှိတဲ့ ပတ်ဝန်းကျင်မှာ မထားခဲ့ပါနဲ့။ အကယ်၍ မဖြစ်နိုင်ပါက ကလေးမျက်မှန်ကိုသုံးပြီး မျက်လုံးကို ကာကွယ်ပါ။

မျက်လုံးနီမြန်းခြင်းက Eye Flu (သို့) မျက်စိနာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်စိအထူးကုဆရာဝန်ဖြင့်ပြပါ။

ရေသန့်သန့်ဖြင့် တစ်နေ့ သုံးကြိမ်၊ လေးကြိမ်လောက် မျက်လုံးကို ဆေးကြော သန့်ရှင်းပေးပါ။

မျက်လုံးမှ စေးကပ်နေတဲ့ အညစ်အကြေးတွေကို သန့်ရှင်းစေဖို့ ဝါဂွမ်းလုံးကိုသုံးပေးပါ။

ကလေးငယ်တွေ မျက်လုံးမပွတ်သပ်မိစေဖို့ ဘယ်လိုပြုလုပ်နိုင်သလဲ?

ကလေးမျက်လုံးမှာ ခြစ်ရာ၊ ဒဏ်ရာတွေ မဖြစ်စေဖို့ ကလေးတွေ မျက်လုံးပွတ်သပ်ခြင်းမှ တားဆီးဖို့ လိုအပ်ပါတယ်။

ကလေးဟာ မျက်လုံးကို ပွတ်သပ်တဲ့ အလေ့အကျင့်ရှိပါက သူတို့လက်တွေကို လက်အိတ်စွပ်ထားပေးပါ။ ကလေးငယ်တွေရဲ့ မျက်လုံးပွတ််သပ်ခြင်းမှ ကာကကွယ်ဖို့ လက်ရှည်အင်္ကျီလေးတွေ ဝတ်ပေးထားပါ။

အကယ်၍ သူတို့မျက်လုံးကို ပွတ်သပ်တော့မယ်လို့ ထင်လျှင် ကလေးငယ်ရဲ့ လက်တွေကို လမ်းဆွဲထားပါ။ ကစားစရာ တစ်ခုပေးခြင်း (သို့) တေးဂီတဖွင့်ပေးခြင်းဖြင့် သူတို့ကိုအာရုံလွှဲပေးပါ။

ကလေးငယ်တွေ မျက်စိပွတ်သပ်ခြင်းဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းများနှင့် ကြိုတင်ကာကွဘ်မှုများကို သတိကြီးစွာ ထားခြင်းဖြင့် အလွန်အကျွံ ပွတ်တိုက်ခြင်းကြောင့် မျက်စိနာခြင်း (သို့) ဒဏ်ရာရခြင်းတွေကို ရှောင်ရှားနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source- momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here