Home Parenting Child Care ကလေးငယ်တွေ မိမိကိုယ်ကို တန်ဖိုးမထားခြင်းရဲ့ ဆိုးကျိုးများ

ကလေးငယ်တွေ မိမိကိုယ်ကို တန်ဖိုးမထားခြင်းရဲ့ ဆိုးကျိုးများ

0
148

မိမိကိုယ်ကိုလေးစားမှုနိမ့်ကျခြင်းသည် ကလေးငယ်များကို မကောင်းမွန်တဲ့ ဖွံဖြိုးမှုဆိုင်ရာစိတ်နေသဘောထားများနဲ့ အပြုအမူများကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ကလေးငယ်များသည် မိမိကိုယ်ကိုချစ်မြတ်နိုးရန်နဲ့ အပြုသဘောဆိုင်ရာအမြင်များကို သင်ယူဖို့အရေးကြီးပါတယ်။ ဒါမှသာ ကျန်းမာပျော်ရွှင်ပြီး ကောင်းမွန်တဲ့လူနေမှုဘဝကို ပိုင်ဆိုင်နိုင်မှာဘဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်များမိမိကိုယ်ကိုတန်ဖိုးထားမှုနိမ့်ကျနေတဲ့ အပြုအမူတွေကို မိဘတွေသိရှိစေနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။

မိမိကိုယ်ကိုလေးစားမှုနည်းပါးခြင်းသည် အခြားသောသူများအကြား အဆင့်နိမ့်ကျခြင်း၊ လုံခြုံမှုမရှိခြင်း၊ တာဝန်ခံမှုပျက်ကွက်ခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ အပြစ်ရှိတယ်လို့ ခံစားရခြင်းများပါဝင်ပါတယ်။ ၎င်းဟာ ကလေးငယ်များအား သူတို့ရဲ့အကောင်းဆုံးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေပါတယ်။

အမြဲတစေဝေဖန်ပြစ်တင်တတ်ခြင်း

မိမိကိုယ်ကိုလေးစားမှုနိမ့်ကျတဲ့ ကလေးငယ်တွေဟာ အရာရာတိုင်းကို စိတ်တိုင်းမကျ၊ မကျေနပ်သောကြောင့် အရာရာကို ပြစ်တင်ဝေဖန်တတ်ကြပါတယ်။ ဒီသဘောထားဟာ ပတ်ဝန်းကျင်မှာ အဆိုးမြင်တတ်သူတဦးအဖြစ်မြင်သွားစေပြီး ပတ်ဝန်းကျင်ရဲ့ ဖယ်ကြဉ်မှုကို ခံရနိုင်ပါတယ်။ ဒါကြောင့်မို့ အကျိုးဆက်အနေဖြင့် ပတ်ဝန်းကျင်နဲ့ ဝေးကွာပြီး အဆင်မပြေမှုတွေကိုသာ ပိုပြီးခံစားရနိုင်ပါတယ်။

အာရုံစူးစိုက်မှုခံယူလိုခြင်း

မိမိကိုယ်ကိုလေးစားမှုနိမ့်ကျတဲ့ ကလေးငယ်တွေဟာ လူအများကြားထင်ပေါ်စေရန် အာရုံစူးစိုက်ရစေရန် ကြိုးစားတတ်ကြပေမယ့် သူတို့ရဲ့ လုပ်ရပ်နဲ့ ခံယူချက်တွေဟာ လွဲမှားနေတာမို့ များသောအားဖြင့် စိတ်ပျက်စရာများ၊ အရှက်ရမှုများနဲ့ အမျက်ထွက်စရာများနဲ့ အဆုံးသတ်သွားရလေ့ရှိပါတယ်။

အနိုင်လိုချင်ခြင်း

ဒီလိုကလေးငယ်တွေဟာ မည်သည့်ပြိုင်ဆိုင်မှုမျိုးကိုမဆို အနိုင်ရလိုစိတ်များပြားပြီး ရှုံးနိမ့်မှုရဲ့ ဒဏ်ကို မခံနိုင်ကြပါဘူး။ အနိုင်ရရှိမှသာ လူအများရဲ့ ဂရုစိုက်မှု၊ ချစ်ခင်မှုတွေကို ရရှိနိုင်တယ်လို့ လွဲမှားစွာ ခံယူတတ်ကြပါတယ်။ ဒါကြောင့်မို့ အနိုင်ရရှိဖို့အတွက် မသမာသောနည်းလမ်းတွေကို ကျင့်သုံးတတ်ကြသလို ယှဉ်ပြိုင်ခြင်းရဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေကိုလည်း ခံစားကြရလေ့မရှိကြပါဘူး။

တာဝန်ခံမှုမရှိခြင်းနဲ့ အမှားကို ဝန်ခံမှုမရှိခြင်း

အမှားအယွင်းဖြစ်မှာကို ကြောက်ရွံ့စိတ်မြင့်မားခြင်းနဲ့ တာဝန်ခံမှုမရှိခြင်းတို့ကြောင့် သူတို့ဟာ ခက်ခဲတဲ့လုပ်ဆောင်မှုများကိုရှောင်ရှားလေ့ရှိပါတယ်။ ဒီလိုအပြုအမူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်နဲ့ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်တွေကို နိမ့်ကျစေပြီး အရာရာကို စိုးရိမ်ပူပန်မှုရှိတတ်တာကြောင့် ကြီးပြင်းလာချိန်မျိုးမှာ မအောင်မြင်တဲ့ လူတွေအဖြစ်နဲ့ အဆုံးသတ်ကြရလေ့ရှိပါတယ်။

လူမှုပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းခြင်း

မိမိကိုယ်ကိုလေးစားမှုနိမ့်ကျတဲ့ ကလေးငယ်တွေဟာ လူမှုပေါင်းသင်းဆက်ဆံရေးမှာ ပြဿနာတွေဖြစ်တတ်ကြပြီး အကျိုးဆက်အနေနဲ့ မိတ်ဆွေသူငယ်ချင်းရှားပါးခြင်း၊ ခက်ခဲနေချိန်မျိုးမှာ အကူအညီအထောက်အပံ့ရရှိမှုနည်းပါးခြင်း စသည်တို့ ဖြစ်လာတတ်ကြပါတယ်။ ဒါကြောင့်မို့ သူတို့ဟာ ဝမ်းနည်းစိတ်ပျက်အားငယ်မှုများကို ကြုံတွေ့ရပြီး စိတ်ကျရောဂါဖြစ်ပွားမှုနှုန်းထား ပိုပြီးဖြစ်လာနိုင်ပါတယ်။

အားကစားစွမ်းရည်နိမ့်ကျခြင်း

မိမိကိုယ်ကိုလေးစားမှုနိမ့်ကျတဲ့ ကလေးငယ်တွေဟာ အသင်းအဖွဲ့နဲ့ ပေါင်းစည်းလှုပ်ရှားမှုမျိုးမှာ အားနည်းချင်း၊ တကိုယ်ရည်လှုပ်ရှားမှုမျိုးမှာ စိတ်ပျံ့လွင့်မှုများပြားခြင်း စတာတွေကြောင့်မို့ ကြိုးစားမှုရလဒ်တွေဟာ နိမ့်ကျခြင်း၊ နည်းစနစ်ပိုင်းဆိုင်ရာ အခြေခံမှားယွင်းခြင်း စတာတွေကြောင့် ထိရောက်တဲ့ အကျိုးဖြစ်ထွန်းမှုတွေ မရှိတတ်ကြပါဘူး။

ရန်လိုတတ်ခြင်း

သူတို့ဟာ မလုံခြုံမှု၊ စိုးရိမ်မှု၊ ကြောက်ရွံ့တတ်ခြင်း စတာတွေကို ဖုံးကွယ်ဖို့အတွက် ရန်လိုခြင်း၊ စိန်ခေါ်ခြင်းနဲ့ အုပ်စုဖွဲ့အနိုင်ကျင့်ခြင်းစတဲ့ လုပ်ရပ်တွေကိုလုပ်ဆောင်တတ်ကြပါတယ်။ ဒါကြောင့်မို့ သူတို့ဟာ မလိုလားအပ်တဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ကျူးလွန်သလိုဖြစ်သွားတတ်ကြပြီး ရလဒ်အနေအထားအားဖြင့် ဥပဒေရဲ့ထိန်းချုပ်မှု၊ စောင့်ကြည့်မှုတွေကို ခံယူရလေ့ရှိပါတယ်။

ဒါကြောင့်မို့ မိဘများအနေဖြင့် မိမိတို့ရဲ့ ကလေးငယ်တွေကို ဂရုတစိုက်စောင့်ကြည့်မှုများပြုလုပ်ပေးပြီး သူတို့ကိုယ်သူတို့ လေးစားမှုများနိမ့်ကျခြင်း၊ ယုံကြည်မှုပျက်ယွင်းခြင်းများကို မြင်တွေ့ရပါက စိတ်ရှည်သည်းခံစွာဖြင့် ပြင်ဆင်ပေးမှုများပြုလုပ်ပေးဖို့လိုအပ်ပါကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref- youaremon

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here