လူမှုပေါင်းသင်းဆက်ဆံရေးစွမ်းရည်ဟာ ကျနော်တို့ပတ်ဝန်းကျင်မှာ အခြားသောသူများနဲ့ ကောင်းမွန်စွာပြောဆိုဆက်ဆံဖို့နဲ့ အပြန်အလှန်အကျိုးတူပူပေါင်းမှုများပြုလုပ်ဖို့အတွက် အရေးပါတဲ့ အချက်တချက်ဘဲဖြစ်ပါတယ်။ ၎င်းစွမ်းရည်ဟာ ကျနော်တို့ရဲ့ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတခုလည်းဖြစ်ပါတယ်။
လူတယောက်အတွက် လိုအပ်တဲ့ အရင်းအမြစ်များစွာရှိပေမယ့် လူမှုရေးကျွမ်းကျင်မှုနယ်ပယ်တွေကိုတော့ ခွဲခြားလို့ရနိုင်ပါတယ်။ ဒါပေမယ့် လူမှုရေးကျွမ်းကျင်မှုနယ်ပယ်မှာလည်း ရှုပ်ထွေးနေတဲ့အပိုင်းတွေတော့ရှိပါတယ်။
မိမိရဲ့ ကိုယ်ပိုင်ထင်မြင်ချက်တွေကို လွှမ်းမိုးမခံစားရစေဖို့နဲ့ လမ်းကြောင်းပေါ်က လွဲချော်သွားခြင်းမရှိရအောင် ခုခံကာကွယ်နိုင်ခြင်းစွမ်းရည်နဲ့ တုန့်ပြန်ပြောဆိုနိုင်ခြင်း စွမ်းရည်တို့ကလည်းအခြားသူများမှ ဩဇာလွှမ်းမိုးတာကို ရပ်တန့်ပစ်နိုင်ဖို့အတွက်လိုအပ်ပါတယ်။
မိမိကိုယ်ကိုလေးစားမှုနဲ့ ချုပ်တည်းနိုင်ခြင်း အစရှိတာတွေမှာ ယုံကြည်မှုဆိုတဲ့ အချက်တချက်လိုအပ်ပါတယ်။ ဒါဟာ ကလေးငယ်တွေကို သူတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေကို ယုံကြည်မှုရှိအောင်၊ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ကူညီပေးပါတယ်။
နောက်ဆုံးတချက်ကတော့ စာနာမှု၊ နားလည်မှုနဲ့ အခြားသူတွေရဲ့ စိတ်ခံစားချက်တွေကို ထောက်ပံကူညီပေးနိုင်မှုစတဲ့ အချက်တွေကို ပြုလုပ်နိုင်ဖို့အတွက် ကိုယ်ချင်းစာတရားဆိုတဲ့ အချက်တချက်ဘဲဖြစ်ပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးစည်မျဉ်းရဲ့ အခြေခံကတော့ လူနှစ်ယောက်အပြန်အလှန်စာနာနားလည်တတ်ဖို့နဲ့ တယောက်ရဲ့ လိုအပ်ချက်
ကို တယောက်က နားလည်မှုရှိစွာ ကူညီဖြည့်ဆည်းပေးဖို့ဘဲဖြစ်ပါတယ်။
စိတ်ခံစားမှုကို သင်ကြားပေးပါ

စိတ်ခံစားမှုတွေကို အမျိုးအမည်ခွဲခြားနိုင်ဖို့အတွက် လေ့ကျင့်သင်ကြားပေးတာက သူတို့ရဲ့ စိတ်ခံစားချက်တွေကို သူတို့ကိုယ်တိုင် နားလည်သဘောပေါက်နိုင်ဖို့အတွက်နည်းလမ်းကောင်းတခုဖြစ်ပါတယ်။ စိတ်ခံစားချက်တွေကို သိရှိနားလည်နိုင်စွမ်း တိုးမြှင့်ပေးလိုက်တဲ့အခါ သူတို့ရဲ့ စိတ်ခံစားချက်တွေကို သူတို့ဘာသာ စီမံခန့်ခွဲလာနိုင်ပြီး အခြားသူများကိုလည်း ကူညီနိုင်ဖို့ နည်းလမ်းတွေကို သင်ယူသွားနိုင်ပါလိမ့်မယ်။
လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကိုချဲ့ထွင်ပေးပါ

ကလေးငယ်များသည် အခြားသောရွယ်တူကလေးငယ်များနဲ့ အပြန်အလှန်ဆက်သွယ်မှုပြုလုပ်ဖို့အတွက် လူမှုဆက်ဆံရေးပတ်ဝန်းကျင်လိုအပ်ပါတယ်။ ကလေးအချင်းချင်းဆော့ကစားပျော်ပါးကြတာကို ခွင့်ပြုပေးပြီး သူတို့ကိုယ်သူတို့ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲမှာ ဝင်ဆံ့နိုင်ဖို့အတွက် ကူညီပေးဖို့လိုပါတယ်။
အောင်မြင်မှုများကို အသိအမှတ်ပြုပေးဖို့လိုပါတယ်

မိဘတွေအနေနဲ့ မိမိတို့ကလေးငယ်ရဲ့ အသေးအဖွဲ့အောင်မြင်လေးကစလို့ အသိအမှတ်ပြု အလေးထားပေးတာက သူကိုယ့်သူ ယုံကြည်စိတ်ချမှုတွေပိုပြီးတိုးတက်လာစေနိုင်ပါတယ်။ မိဘတွေ ခွင့်မပြုတဲ့အရာတွေကို သူတို့ကျူးလွန်မိလို့ အပြစ်ပေးတော့မယ်ဆိုရင်လည်း ဘာကြောင့်အပြစ်ပေးရတာလဲဆိုတာကိုရှင်းလင်းစွာ ပြောဆိုပေးဖို့လိုပါတယ်။
လူအများနဲ့ ပူးပေါင်းဆောင်ရွက်တတ်စေဖို့ သင်ကြားပါ

မိတ်ဆွေကောင်း မရှိတဲ့သူတွေဟာ ဒုက္ခနဲ့ရင်ဆိုင်ရတဲ့အခါ ပိုပြီးခက်ခဲတတ်ကြပါတယ်။ လူအများနဲ့ ပူပေါင်းဆောင်ရွက်တတ်ခြင်းက လူမှုပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကို ကျယ်ပြန့်လာစေနိုင်သလို မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းတွေနဲ့လည်း တွေ့ရှိနိုင်ဖို့ ပိုပြီးအခွင့်အလမ်းများပါတယ်။ ဒါ့အပြင် လူအများကြား လိုက်လျောညီထွေစွာ နေတတ်ခြင်း၊ အဖွဲ့အစည်းစိတ်ဓါတ်ထားရှိလာနိုင်ခြင်း၊ တကိုယ်ကောင်းစိတ်နည်းပါးခြင်း စတာတွေဟာ ကြီးပြင်းအရွယ်ရောက်လာတဲ့အထိ အရေးပါနေတဲ့ အချက်တွေဖြစ်တာကြောင့် လူအများနဲ့ ပူးပေါင်းဆောင်ရွက်တတ်စေဖို့ကို အလေးအနက်ထား သင်ကြားပေးသင့်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
#Chit_may_may
#Dmo_aung
#Ref-youaremom