
ကြည်လင်နေသော လေထု၊ လန်းဆန်းသော မိုးရနံ့နှင့် စိမ်းစိုနေသော သစ်ပင်တွေပေါ်မှ ကျေးငှက်တွေရဲ့ ပဲ့တင်သံတွေဟာ ကိုယ့်ကိုယ်ကိုယ် သဘာဝထဲနှစ်မြုပ်ဖို့အတွက် ပိုသာယာစေသောအရာတွေဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ လက်ရှိကမ္ဘာဟာ ဒစ်ဂျစ်တယ်ခေတ်ထဲမှာ နေထိုင်နေကြပေမယ့် နေဝင်ချိန်တွေကို နှစ်သက်ကြဆဲဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း တန်ဖိုးထားကြဆဲဖြစ်ပါတယ်။
သဘာဝတရားဟာ လူကြီးတွေရဲ့ စိတ်ချမ်းသာကျေနပ်မှုကို မြှင့်တင်ပေးနိုင်တယ်ဆိုရင် ကလေးတွေအတွက်ဆိုရင်ရော ဘယ်လိုအကျိုးကျေးဇူးတွေရှိနိုင်မလဲ? သုတေသနအဖွဲ့အစည်းတစ်ခုက သဘာဝတရားနဲ့ အချိန်ဖြုန်းခြင်းက ပိုမိုကောင်းမွန်သော အာရုံစူးစိုက်မှု၊ မိမိကိုယ်ကိုယ် စည်းကမ်းတကျရှိမှု၊ တီထွင်ဖန်တီးနိုင်မှု၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် ကလေးတွေမှာ လူမှုဆက်ဆံရေးကို မြှင့်တင်ပေးကြောင်း အကြံပြုထားပါတယ်။ စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေပြီး သင်ယူမှုတွေမှာ ပိုမိုပါဝင်လာစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။
ဒါ့ကြောင့် ကျွန်မတို့ရဲ့ ကလေးလေးတွေကို မိခင်သဘာဝပတ်ဝန်းကျင်နဲ့ အကျိုးရှိရှိအချိန်ဖြုန်းတတ်ခြင်းမှာ ဘယ်လိုအကျိုးကျေးဇူးတွေရရှိဦးမလဲ?
သဘာဝတရားဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ဘာကြောင့် အရေးပါတာလဲ?

သဘာဝတရားနဲ့အတူ အချိန်ဖြုန်းဖို့ ရွေးချယ်ခြင်းက ကလေးတွေအတွက် အကျိုးကျေးဇူးများစွာရှိနိုင်ပါတယ်။ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ သိမြင်မှုဆိုင်ရာ အားကောင်းမှုနှင့် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်လာမှုတွေဟာ သူတို့ရဲ့ အိမ်နောက်ဖေးမှာ ကစားခြင်းလိုမျိုး ရိုးရှင်းတဲ့အရာတစ်ခုလည်းဖြစ်နိုင်ပါတယ်။
အိမ်အပြင်ဘက်မှာ ကစားခြင်းက ကလေးတွေကို လှုပ်ရှားစေပြီး ခန္ဓာကိုယ်ကျန်းမာရေးကို တိုးတက်စေပါတယ်။ တစ်ဆက်တည်းမှာပဲ စိတ်ဖိစီးမှုနှင့် ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးပါတယ်။ ကလေးတွေကို သူတို့ရဲ့ ကိုယ်ပိုင်တီထွင်ဆန်းသစ်မှုနည်းလမ်းတွေနဲ့ သဘာဝနှင့်အတူ အပြန်အလှန်ဆက်သွယ်နိုင်စေခြင်းက တီထွင်ဖန်တီးနိုင်စွမ်းနှင့် စိတ်ကူးဉာဏ်ကို မြှင့်တင်ပေးပါတယ်။
သဘာဝတရားဟာ ပိုမိုကောင်းမွန်သော ပညာရေးစွမ်းဆောင်ရည်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သင်ယူမှုတွေမှာ စိတ်ဝင်စားမှုနှင့် ပျော်ရွှင်မှုကို တိုးမြှင့်စေပြီး ကလေးတွေရဲ့ အာရုံစူးစိုက်မှုအပိုင်းကို မြှင့်တင်ပေးနိုင်ကြောင်း ညွှန်ပြနိုင်ပါတယ်။
ကလေးငယ်ကို သဘာဝတရားနဲ့ အချိန်ဖြုန်းဖို့ ဘယ်လိုဆွဲဆောင်မလဲ

သင့်ကလေးနဲ့အတူ သင့်ပတ်ဝန်းကျင်တစ်ဝိုက်မှာ လမ်းလျှောက်ခြင်းက သင့်ကလေးကို စူးစမ်းတတ်သော ကလေးလေးဖြစ်လာစေနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာ ဘာတွေမြင်ရလဲ? ဘာအသံတွေ ကြားရလဲ? အနံ့တွေကရော? တိရစ္ဆာန်တွေ၊ အပင်တွေ၊ အင်းဆက်ပိုးမွှားတွေနဲ့ ငှက်တွေအကြောင်း ပြောပါ။
ကလေးတွေနဲ့ ဘဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့တဲ့အခါ ကလေးတွေနဲ့ သင်ကိုယ်တိုင်ပျော်ရွှင်ရဖို့အတွက် ပထမဦးစားပေးပါ။ သဘာဝပတ်ဝန်းကျင်နဲ့ ထိတွေ့ဆက်ဆံနေတဲ့အခါ ရှုတ်ထွေးသောသင်ယူမှုတွေ မလိုအပ်သေးပါဘူး။ ကလေးတွေအနေနဲ့ သဘာဝတရားကို ခံစားခွင့်ရမယ်ဆိုရင် ရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ အပြန်အလှန်ထိတွေ့ဆက်ဆံမှုတွေက သဘာဝအတိုင်း ဖြစ်နေဖို့ အရေးကြီးပါတယ်။
သန့်ရှင်းရေးအတွက် စိတ်မစောပါနဲ့

ကလေးတွေကို လွတ်လွတ်လပ်လပ်ကစားပါစေ။ အပြင်ထွက်ပြီး ညစ်ပတ်မှာ စိုးရိမ်နေတာက ကလေးကို မလွတ်မလပ်ဖြစ်စေပြီး သဘာဝတရားအပေါ် ချစ်တတ်ဖို့ ခဲယဉ်းစေပါလိမ့်မယ်။ အညစ်အကြေး(ရွှံ့၊ ဗွက်၊ မိုးရေထဲ၊ သစ်ရွက်တွေကြား) တွေအကြားမှာ ကစားတတ်တဲ့ကလေးတွေဟာ ခုခံအားစနစ်ကို တည်ဆောက်ဖို့နှင့် အသက်နှောင်းပိုင်းမှာ ဓာတ်မတည့်မှုနှင့် ဖျားနာမှုအန္တရာယ်တွေကို လျှော့ချပေးနိုင်သော ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေနှင့် ကပ်ပါးပိုးတွေနဲ့ ထိတွေ့မိကြောင်း သုတေသနပြုချက်တွေအရ သိရပါတယ်။
သူတို့ကို လမ်းပြခိုင်းပါ
ကျောက်တုံးတွေကို လှန်ကြည့်ဖို့၊ ရေညှိတွေကို ဖယ်ပြီး လမ်းလျှောက်တတ်ဖို့နှင့် ပြိုကျနေတဲ့ သစ်ခက်၊ သစ်ကျိုးတွေကို ဖယ်ပြီး သူတို့ကိုယ်တိုင်ရှေ့ဆက်သွားတတ်ဖို့ တွန်းအားပေးပါ။ အန္တရာယ်ကြီးကြီးမားမားမရှိသော နေရာတွေအတွက် ကလေးရဲ့ ယုံကြည်မှုကို လှုံ့ဆော်ပေးခြင်း၊ သွက်လက်တက်ကြွမှု၊ ပြဿနာဖြေရှင်းနိုင်မှု၊ တီထွင်ဖန်တီးနိုင်စွမ်းနှင့် အံ့ဩဖွယ်ရာ အာရုံခံစားမှုတွေကို ဖြစ်ပေါ်စေပါ။
Chit_May_May
Nyein_Thu
ref-verywellfamily