ကလေးငယ်တွေ သူတို့ရဲ့ “လျှာ” ထုတ်ထားတတ်တာဟာ ဘယ်လိုကြောင့်ပါလဲ

0
473
- Advertisement -

ကလေးသေးသေးလေးတွေ “လျှာ” ထုတ်တာလေးတွေကို ကြည့်ရတာ ချစ်ဖို့ကောင်းသလို အသဲယားဖို့လည်းကောင်းပါတယ်။ ဒါပေမယ့်လည်း မိဘတွေကတော့ ဘာများဖြစ်သလဲလို့ စိုးရိမ်တတ်ကြပါတယ်။ မစိုးရိမ်ကြပါနဲ့။ ကလေးငယ်လေးတွေက အဲဒီလိုလုပ်တတ်ကြပါတယ်။ မွေးကင်းစကလေးငယ်တွေနဲ့ စကားမပြောတတ် ကောင်းစွာမသိတတ်သေးတဲ့ ကလေးငယ်လေးတွေဟာ သူတို့ရဲ့ “လျှာ” လေးတွေကို အဲဒီလိုထုတ်တတ်တာဟာ သူတို့ရဲ့ လိုအပ်ချက်ကို ပြောပြနေတာပါတဲ့။ သူတို့ရဲ့ “လျှာ” ထုတ်ပုံလေးတွေကို ကြည့်ပြီး သူတို့လေးတွေ ဘာကို လိုအပ်နေလဲဆိုတာ မိဘတွေ သိစေနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ဗိုက်ဆာနေပြီနော်

ကလေးငယ်လေးတွေဟာ နို့ဘဲစို့ရတာမို့ သူတို့လျှာကို ထုတ်ထားပြီဆို ကြည့်ကြည့်ပါ။ ဒါဟာ သူတို့ဗိုက်ဆာနေကြောင်းပြောပြနေတာ ဖြစ်နေနိုင်ပါတယ်။ နို့စို့အရွယ်ကလေးငယ်လေးတွေဟာ ဗိုက်ဆာနေပြီဆို ချက်ချင်းမငိုတတ်ပါဘူး။ မိဘတွေသိစေဖို့ အချက်ပြတတ်ပါတယ်။ သူတို့လက်တွေကို ပါးစပ်ထဲ ထည့်တာတို့၊ မိခင်ရဲ့ ရင်သားဆီ ဒါမှမဟုတ် နို့ပုလင်းဆီ လက်လှမ်းတာတို့ လုပ်တတ်ကြပါတယ်။ ဒါကြောင့်မို့ ကလေးငယ်လေးတွေ ” လျှာ” ထုတ်ထားတယ်ဆို ဗိုက်ဆာနေပြီလို့ ပြောပြနေတာမျိုးဖြစ်တတ်ပါတယ်။

- Advertisement -

ဗိုက်ပြည့်သွားပြီ

ကလေးငယ်လေးတွေဟာ အစားမစားလိုတော့ကြောင်းပြသရန် သူတို့ရဲ့ “လျှာ” ကိုကပ်ထားတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာဆို ကလေးငယ်လေးတွေဟာ ဗိုက်ဆာလို့ “လျှာ” ထုတ်တာလား၊ ဗိုက်ပြည့်နေလို့များလားဆိုတဲ့ သူတို့ရဲ့ ခန္ဓာဗေဒ ဘာသာစကားကို မိဘတွေသိဖို့လိုအပ်ပါတယ်။ ဗိုက်ပြည့်နေတဲ့အခါမျိုးတွေမှာဆို နို့ဘူး ဒါမှမဟုတ် မိခင်က နို့တိုက်ကျွေး
ဖို့ အနားကပ်လာတဲ့အခါမှာ သူတို့ဟာ ခန္ဓာကိုယ်ကိုလှည့်ပစ်တာမျိုး၊ အဝေးထွက်သွားဖို့ လုပ်တာမျိုးတွေ လုပ်တတ်ကြပါတယ်။

ဖြည့်စွတ်စာများကို မစားလိုသောကြောင့်

ကလေးများကို ၆ လသားအရွယ်တွင် မိခင်နို့အစား ဖြည့်စွတ်စာများကို ကျွေးလို့ရပြီလို့ ပြောကြားကြပေမယ့်လည်း တချို့သောကလေးငယ်များကတော့ ဖြည့်စွတ်စာများကို စားသုံးရန်အသင့်မဖြစ်ကြပါဘူး။ ဒါကြောင့်မို့ အစာကိုမစားလိုတာမို့ သူတို့”လျှာ” ကို ကပ်ထားကြလေ့ရှိပါတယ်။ ဖြည့်စွတ်စာများကို မစားလိုလျှင် မကျွေးသေးတာကောင်းပါတယ်။ ဖြည့်စွတ်စာတွေက သူတို့ကို အစာမကြေဖြစ်စေတတ်ပါတယ်။ ဖြည့်စွတ်စာတွေကို စားဖို့ အမြဲလိုငြင်းဆန်နေရင်တော့ အဲဒီပြသနာတွေကို ဖြေရှင်းဖို့ ကလေးဆရာဝန်တစ်ဦးနဲ့ ပြသတာပေးတာမျိုးလုပ်ပေးဖို့လိုပါတယ်။

ပါးစပ်နဲ့ အသက်ရှုတာမျိုးလည်း ဖြစ်တတ်ပါတယ်

ပုံမှန်ဆိုရင်တော့ နှာခေါင်းကနေဘဲ အသက်ရှူကြပေမယ့် နှာခေါင်းပိတ်တာမျိုး၊ ချွဲကြပ်တာမျိုးဆို ပါးစပ်ကနေတစ်ဆင့် အသက်ရှူလေ့ရှိပါတယ်။ အဲဒါရဲ့ ရလဒ်တစ်ခုအနေနဲ့ ကလေးတွေဟာ “လျှာ” ထုတ်ထားသလိုဖြစ်တတ်ပါတယ်။ သင့်ကလေးမှာ ချွဲကြပ်သံလို၊ အသက်ရှူမမှန်တဲ့ အသံမျိုးလို ရှိကြောင်း သတိပြုမိရင်တော့ ဆရာဝန်နဲ့ ချက်ခြင်းပြပေးဖို့လိုပါတယ်။

ကလေးငယ်လေးတွေ သူတို့ရဲ့ “လျှာ” ကိုထုတ်ထားတတ်တာက ကျန်းမာရေးပြသနာမျိုးရှိတာလည်းဖြစ်တတ်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေဟာ သူတို့ရဲ့ “လျှာ”ကိုထုတ်ထားတတ်တာမျိုးလုပ်တတ်ကြတယ်ဆိုပေမယ့် အနည်းငယ်ထူးဆန်းတဲ့ အပြုအမူမျိုးပြုမူနေတယ်လို့ သင်ထင်နေရင် ကလေးငယ်လေးတွေ ဘေးကင်းစေဖို့ ဆရာဝန်နဲ့ ပြသပေးတာက ပိုကောင်းပါတယ်လို့ အကြံပေးလိုက်ပါတယ်ခင်ဗျ။

#Chit_may_may

#Dmo_aung

#Ref- Brightside

LEAVE A REPLY

Please enter your comment!
Please enter your name here