ကလေးငယ်တွေ အသက်သုံးနှစ်အရွယ်ရောက်တဲ့အထိ ဘာကြောင့်အမေနဲ့အတူတူအိပ်သင့်တာလဲ

0
170
Side view of beautiful young mom and her cute little baby sleeping in bed at home
- Advertisement -

ကလေးငယ်တွေ အသက်သုံးနှစ်အရွယ်ရောက်တဲ့အထိ ဘာကြောင့်အမေနဲ့အတူတူအိပ်သင့်တာလဲ
မိဘဖြစ်လူတွေရောမိဘဖြစ်လာမယ့်သူတွေရော မိမိတို့ရဲ့ရင်သွေးတွေနဲ့ ပတ်သတ်ပြီးဆောင်ရန်၊ ရှောင်ရန်တွေကို သေသေချာချာသိရှိဖို့ အရေးကြီးပါတယ်။ ဒီလိုသိရှိဖို့အတွက် ကလေးအထူးကုပညာရှင်တွေက ကလေးတွေအသက်သုံးနှစ်ပြည့်တဲ့အချိန်ထိ အမေနဲ့အတူတူအိပ်သင့်ကြောင်းကို အကြံပြုဆွေးနွေးခဲ့ကြပါတယ်။ မွေးကင်းစကလေးတွေ တစ်ယောက်တည်းအိပ်စေခြင်းဟာ သူတို့အရွယ်ရောက်လာတဲ့အခါ မကောင်းတဲ့အမူအကျင့်ဆိုးတွေ စွဲကပ်စေတတ်ပြီး ဦးနှောက်ဖွံဖြိုးမှုကို ပျက်စီးစေတတ်ကြောင်း neuroscience မှအထူးကုပညာရှင်တစ်ယောက်က ဆွေးနွေးခဲ့ပါတယ်။

မွေးကင်းစကလေးနဲ့မိခင်ဖြစ်သူ အသားချင်းထိပြီးအိပ်စက်ခြင်းဟာ ကလေးငယ်အတွက် ကောင်းကျိုးတွေရရှိစေကြောင်းကို Dr. Nils Bergman ကအကြံပြုခဲ့ပါတယ်။ ကလေးငယ်တွေဟာ သူတို့မွေးပြီးသုံးနှစ်အထိ အရမ်းကိုကြောက်တတ်ကြတာကြောင့် သူတို့မျက်လုံးပွင့်တာနဲ့ငိုခြင်း၊ ခဏခဏနိုးခြင်းတို့ကို ဖြစ်စေပါတယ်။ ဒါဟာသူတို့တွေ ကောင်းမွန်စွာအိပ်စက်မရသေးတာကို ဆိုလိုတာပါ။ ဒါကြောင့်လည်းသူတို့ကြောက်စိတ်လျော့ပါးအောင် မိခင်တဲ့အတူတူအိပ်သင့်ပြီး သူတို့နိုးလာတာနဲ့ နို့တိုက်ပေးနိုင်ပါတယ်။

ဒါ့အပြင် မွေးကင်းစကလေးသေဆုံးမှုမြင့်တက်ခြင်းဟာလည်း ကလေးနဲ့ခွဲအိပ်ခြင်းအပေါ်မှာ တနည်းတဖုံသက်ရောက်နေကြောင်း လေ့လာတွေ့ရှိတာကြောင့် အဆိုပါကိစ္စအကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ကလေးတွေအတွက် အန ္တရာယ်ရှိတဲ့အရုပ်တွေ၊ ခေါင်းအုံးအကြီးတွေ၊ အရက်၊ ဆေးလိပ်နဲ့ အဆိပ်ရှိတဲ့အငွေ့တွေကြောင့် မွေးကင်းစကလေးအရေအတွက်ဟာ များပြားတာကြောင့် ကလေးနဲ့အိပ်တဲ့အခါမှာ ရှောင်ရှားရမယ့်အရာတွေကို အသေအချာသိရှိထားဖို့ အရေးကြီးပါတယ်။

- Advertisement -

မိခင်နဲ့ကလေးအတူတကွအိပ်ခြင်းဟာ အရေးကြီးသကဲ့သို့ အတူတူအိပ်တဲ့အခါမှာလည်း အရမ်းကိုသတိထားသင့်ပါတယ်။ လူကြီးတွေလို ကလေးတွေဟာခံနိုင်ရည်အင်အား နည်းပါးတာကို အချိန်တိုင်းသတိရသင့်ပြီး ခေါင်းအုံးတွေစောင်တွေကို ရွေးချယ်သုံးခြင်း ၊ ခင်ပွန်းဖြစ်သူအရက်နဲ့ဆေးလိပ် သုံးတတ်ပါက ကလေးနဲ့ကုတင်တစ်ခုထဲမှာ ခွဲအိပ်ခြင်း၊ စတဲ့အရေးကြီးတဲ့အရာတွေကိုလည်း မပေါ့ဆသင့်ပါဘူး။
#LM_Naung_Naung
Ref-positivethingsonly

Zawgyi Font

ကေလးငယ္ေတြ အသက္သုံးႏွစ္အ႐ြယ္ေရာက္တဲ့အထိ ဘာေၾကာင့္အေမနဲ႔အတူတူအိပ္သင့္တာလဲ
မိဘျဖစ္လူေတြေရာမိဘျဖစ္လာမယ့္သူေတြေရာ မိမိတို႔ရဲ႕ရင္ေသြးေတြနဲ႔ ပတ္သတ္ၿပီးေဆာင္ရန္၊ ေရွာင္ရန္ေတြကို ေသေသခ်ာခ်ာသိရွိဖို႔ အေရးႀကီးပါတယ္။ ဒီလိုသိရွိဖို႔အတြက္ ကေလးအထူးကုပညာရွင္ေတြက ကေလးေတြအသက္သုံးႏွစ္ျပည့္တဲ့အခ်ိန္ထိ အေမနဲ႔အတူတူအိပ္သင့္ေၾကာင္းကို အႀကံျပဳေဆြးေႏြးခဲ့ၾကပါတယ္။ ေမြးကင္းစကေလးေတြ တစ္ေယာက္တည္းအိပ္ေစျခင္းဟာ သူတို႔အ႐ြယ္ေရာက္လာတဲ့အခါ မေကာင္းတဲ့အမူအက်င့္ဆိုးေတြ စြဲကပ္ေစတတ္ၿပီး ဦးေႏွာက္ဖြံၿဖိဳးမႈကို ပ်က္စီးေစတတ္ေၾကာင္း neuroscience မွအထူးကုပညာရွင္တစ္ေယာက္က ေဆြးေႏြးခဲ့ပါတယ္။

ေမြးကင္းစကေလးနဲ႔မိခင္ျဖစ္သူ အသားခ်င္းထိၿပီးအိပ္စက္ျခင္းဟာ ကေလးငယ္အတြက္ ေကာင္းက်ိဳးေတြရရွိေစေၾကာင္းကို Dr. Nils Bergman ကအႀကံျပဳခဲ့ပါတယ္။ ကေလးငယ္ေတြဟာ သူတို႔ေမြးၿပီးသုံးႏွစ္အထိ အရမ္းကိုေၾကာက္တတ္ၾကတာေၾကာင့္ သူတို႔မ်က္လုံးပြင့္တာနဲ႔ငိုျခင္း၊ ခဏခဏႏိုးျခင္းတို႔ကို ျဖစ္ေစပါတယ္။ ဒါဟာသူတို႔ေတြ ေကာင္းမြန္စြာအိပ္စက္မရေသးတာကို ဆိုလိုတာပါ။ ဒါေၾကာင့္လည္းသူတို႔ေၾကာက္စိတ္ေလ်ာ့ပါးေအာင္ မိခင္တဲ့အတူတူအိပ္သင့္ၿပီး သူတို႔ႏိုးလာတာနဲ႔ ႏို႔တိုက္ေပးႏိုင္ပါတယ္။

ဒါ့အျပင္ ေမြးကင္းစကေလးေသဆုံးမႈျမင့္တက္ျခင္းဟာလည္း ကေလးနဲ႔ခြဲအိပ္ျခင္းအေပၚမွာ တနည္းတဖုံသက္ေရာက္ေနေၾကာင္း ေလ့လာေတြ႕ရွိတာေၾကာင့္ အဆိုပါကိစၥအေၾကာင္းကိုလည္း ထည့္သြင္းေဆြးေႏြးခဲ့ပါတယ္။ ဒါေပမယ့္ ကေလးေတြအတြက္ အန ၱရာယ္ရွိတဲ့အ႐ုပ္ေတြ၊ ေခါင္းအုံးအႀကီးေတြ၊ အရက္၊ ေဆးလိပ္နဲ႔ အဆိပ္ရွိတဲ့အေငြ႕ေတြေၾကာင့္ ေမြးကင္းစကေလးအေရအတြက္ဟာ မ်ားျပားတာေၾကာင့္ ကေလးနဲ႔အိပ္တဲ့အခါမွာ ေရွာင္ရွားရမယ့္အရာေတြကို အေသအခ်ာသိရွိထားဖို႔ အေရးႀကီးပါတယ္။

မိခင္နဲ႔ကေလးအတူတကြအိပ္ျခင္းဟာ အေရးႀကီးသကဲ့သို႔ အတူတူအိပ္တဲ့အခါမွာလည္း အရမ္းကိုသတိထားသင့္ပါတယ္။ လူႀကီးေတြလို ကေလးေတြဟာခံႏိုင္ရည္အင္အား နည္းပါးတာကို အခ်ိန္တိုင္းသတိရသင့္ၿပီး ေခါင္းအုံးေတြေစာင္ေတြကို ေ႐ြးခ်ယ္သုံးျခင္း ၊ ခင္ပြန္းျဖစ္သူအရက္နဲ႔ေဆးလိပ္ သုံးတတ္ပါက ကေလးနဲ႔ကုတင္တစ္ခုထဲမွာ ခြဲအိပ္ျခင္း၊ စတဲ့အေရးႀကီးတဲ့အရာေတြကိုလည္း မေပါ့ဆသင့္ပါဘူး။

LM_Naung_Naung

Ref-positivethingsonly

LEAVE A REPLY

Please enter your comment!
Please enter your name here