ယနေ့ခေတ် အားကစားလောကမှာ ပြိုင်ဆိုင်မှုတွေပိုပြီး ပြင်းထန်လာတဲ့အမျှ လူငယ်တွေဟာ ထူးချွန်သည်ထက် ထူးချွန်မှုရှိစေဖို့ ပိုမိုကြိုးစားလာကြရပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ ကိုယ့်ရဲ့ သားသမီးတွေကို အားကစားကြယ်ပွင့်ဖြစ်လာစေအောင်
အကူအညီပေးနိုင်စေဖို့အတွက် အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
အားကစားလှုပ်ရှားမှုမှာ ပျော်ရွှင်စေပါ

ကလေးငယ်များအတွက် အားကစားလှုပ်ရှားမှုများသည် ခန္ဓာကိုယ်ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက်အခြေခံကျပါတယ်။
ဒါပေမယ့် အားကစားပြုလုပ်ရာမှာ ပျော်ရွှင်စရာမကောင်းဘဲ စိတ်ရှုပ်ထွေးမှုတွေနဲ့ စိတ်ဖိစီးမှုတွေသာ ရရှိလာမယ်ဆိုရင်
တော့ ကလေးငယ်တွေဟာ အားကစားနည်းတွေကို စိတ်ကုန်သွားပါလိမ့်မယ်။ ထူးချွန်တဲ့ အားကစားသမားတယောက်ဖြစ်
စေဖို့အတွက် ထိန်းကျောင်းမောင်းနှင်မှုတွေလိုအပ်ပေမယ့် အတင်းကာရောဖိအားပေးမှုတွေ ပြုလုပ်တာမျိုးကိုတော့ ရှောင်ရှား
သင့်ပါတယ်။
စိတ်မသက်မသာမဖြစ်စေအောင် ကူညီပါ

ကလေးငယ်တွေရဲ့ ပင်ကိုယ်စွမ်းရည်နဲ့ စိတ်ဝင်စားမှုကို ထောက်ပံ့ပေးတာက ကောင်းမွန်တယ်ဆိုပေမယ့် မိဘတွေရဲ့ အလိုကျအောင်မြင်မှုတွေကိုရရှိအောင်လုပ်ခိုင်းတာမျိုးကတော့ ကလေးငယ်တွေကို ဖိအားတွေအတွင်းမှာ ကျရောက်စေပြီး စိတ်မသက်မသာဖြစ်စေနိုင်ပါတယ်။
သူတို့ရဲ့ အားကစားဆိုင်ရာ ရွေးချယ်မှုကို သေချာစေပါ

သူတို့ရဲ့ ဝါသနာပါရာ အားကစားနည်းတမျိုးကိုဘဲ သေချာရွေးချယ်လေ့ကျင့်စေတာက အောင်မြင်မှုတွေရရှိဖို့အတွက် အကောင်းဆုံးနည်းလမ်းတခုဘဲဖြစ်ပါတယ်။ တခါတလေမှာ ပညာရေးနဲ့ အားကစားလှုပ်ရှားမှုကြားမှာ ရွေးချယ်ရခက်ခဲတဲ့ အနေအထားတွေဖြစ်လာတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ လမ်းတလမ်းကိုဘဲ သေချာရွေးချယ်ပြီး လျှောက်လှမ်းစေတာမျိုးက ပိုပြီးအကျိုးရှိစေနိုင်ပါတယ်။ အောင်မြင်တဲ့အားကစားသမားတွေကို လေ့လာမှုများအရ သူတို့ဟာ ငယ်စဉ်ကတည်းက အားကစားတခုထဲကိုဘဲ ဇောက်ချလုပ်ကိုင်လာခဲ့တဲ့အတွက် အောင်မြင်မှုတွေကို ဆွတ်ခူးရရှိလာတယ်လို့သိရပါတယ်။
လေ့ကျင့်ချိန်ကို တိကျစေပါ

ပုံမှန်လေ့ကျင့်ချိန်နဲ့ လေ့ကျင့်မှုနည်းစနစ်တွေကို စနစ်တကျလုပ်စေတာက ကလေးငယ်တွေကို ဖိအားသက်ရောက်မှုမျိုးမှ
ကင်းဝေးစေနိုင်သလို အလွန်အမင်းပင်ပန်းနွမ်းနယ်မှုများမှလည်း ကင်းဝေးစေပါတယ်။ ဒါ့အပြင် မလိုအပ်ဘဲ ပြင်းထန်တဲ့
လေ့ကျင့်ခန်းတွေပြုလုပ်စေတာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ အပြင်းအထန်လေ့ကျင့်မှုများကြောင့် ဒဏ်ရာအနာတရတွေရရှိသွားပြီး အားကစားသမားဘဝကို အဆုံးသတ်သွားစေနိုင်လောက်တဲ့ အဖြစ်မျိုးတွေကနေလည်း ရှောင်လွှဲပြီးသား ဖြစ်စေပါတယ်။
ကောင်းမွန်ပြည့်စုံတဲ့ လေ့ကျင့်သင်ကြားရေးနည်းစနစ်တွေကို ရှာဖွေပေးပါ

ကောင်းမွန်ပြည့်စုံတဲ့ နည်းစနစ်တွေ၊ အထောက်အကူပြုပစ္စည်းတွေနဲ့ လေ့ကျင့်စေတာက ကလေးငယ်တွေရဲ့ ပင်ကိုယ်စွမ်းရည်
ကို ပိုပြီးကောင်းမွန်စေပါတယ်။ ဒါ့အပြင် အားနည်းချက်တွေကို ပြင်းထန်တဲ့စကားလုံးတွေနဲ့ ထောက်ပြဝေဖန်ပြောဆိုတာမျိုးကိုလည်းရှောင်ကြဉ်ပေးဖို့လိုပါတယ်။ အဲဒီလို ပြောဆိုတာမျိုးက ထူးချွန်ထက်မြက်လာစေဖို့အတွက် နည်းလမ်းကောင်းမဖြစ်စေသလို သူတို့ကိုယ်သူတို့လည်း ယုံကြည်မှုပျောက်ဆုံးသွားစေပြီး ပင်ကိုယ်စွမ်းရည်တွေလည်း လျော့ကျသွားစေနိုင်တဲ့အတွက် အထူးဂရုပြုဖို့လိုအပ်ပါတယ်။
#Chit_May_May
#Dmo_aung
#Ref- kenneymyers
Chit May May မှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ကူးယူဖော်ပြခြင်းမပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။