ကလေးငယ်တွေ ‘aerobic’ ကစားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

0
162
- Advertisement -

‘aerobic’ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကတော့ နှလုံးကြွက်သားတွေနဲ့ ကိုယ်ခန္ဓာကို ကျန်းမာကြံ့ခိုင်စေတဲ့ အားကစားနည်းတွေကို ဆိုလိုရင်းဖြစ်ပါတယ်။ နှလုံးခုန်နှုန်းနဲ့ အသက်ရှုခြင်းကို တိုးတက်ကောင်းမွန်စေရုံသာမက ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေကိုပါ သန်မာစေပါတယ်။ ကလေးငယ်တွေဟာ ကာယလေ့ကျင့်ခန်းတွေကို တက်ကြွစွာကစားပေးဖို့ လိုအပ်ပြီး ဒါဟာ သူတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုတွေကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ဒီဆောင်းပါးမှာတော့ အေရိုးဗစ်ကစားခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးပါ့မယ်။

၁။ နှလုံးနဲ့ အဆုတ် ကျန်းမာရေး

ကာယလှုပ်ရှားအားကစားများပြုလုပ်တဲ့အခါ ကြွက်သားလှုပ်ရှားမှုတွေအတွက် ခန္ဓာကိုယ်က အောက်ဆီဂျင်ကို ပိုပြီးလိုအပ်ပါတယ်။ အကျိုးရလဒ်အနေနဲ့ အသက်ရှုနှုန်းတိုးလာပြီး ၎င်းဟာ အဆုတ်ကနေဖြတ်သန်းသွားသောသွေးကို အောက်စီဂျင်ရရှိမှု ပိုပြီး မြန်ဆန်စေပါတယ်။ နှလုံးခုန်နှုန်းကလည်း တိုးမြှင့်လာတာမို့ အောက်စီဂျင်များပြားတဲ့သွေးတွေကို ခန္ဓာကိုယ်အတွက် အလုပ်လုပ်နေတဲ့ ကြွက်သားတွေဆီကို ပိုပြီးဖြန့်ဖြူးမှုများပြားလာစေပါတယ်။ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းအားဖြင့် နှလုံးကြွက်သားနဲ့ အဆုတ်တွေကို ပိုမိုအားကောင်းလာစေပြီး နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

- Advertisement -

၂။ ကိုယ်ရည်စစ်ခြင်း

ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပေးခြင်းသည် ခန္ဓာကိုယ်တွင်းမှာ စုနေတဲ့ အဆီတွေကို ချေဖျက်ပေးပြီး ကိုယ်အလေးချိန်မြင့်တက်ခြင်းနဲ့ အဝလွန်ခြင်းတို့မှ ကာကွယ်ပေးပါတယ်။ လမ်းလျှောက်ခြင်းကဲ့သို့သော အပျော့စားလေ့ကျင့်ခန်းများထက် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာက ကယ်လိုရီလောင်ကျွမ်းနှုန်းကိုပိုပြီး မြင့်တက်စေပါတယ်။

၃။ ကြွက်သားတွေနဲ့ အရိုးကို ပိုလို့သန်မာစေပါတယ်

လေ့လာမှုများအရ အားကစားလှုပ်ရှားမှု ၁ လကြာလုပ်ပြီးတဲ့အခါမှာ ကြွက်သားတွေရဲ့ ပရိုတိန်းထုတ်လုပ်မှုတိုးပွားလာတာကိုတွေ့ရှိရပါတယ်။ ဒါ့အပြင် အရိုးတွေရဲ့ သိပ်သည်းဆကိုတိုးပွားလာစေပြီး ကြံ့ခိုင်သန်မာတဲ့ အရိုးဖွဲ့စည်းပုံကို တည်ဆောက်နိုင်ဖို့အတွက် အကူအညီဖြစ်စေပါတယ်။

၄။ ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်

အားကစားလှုပ်ရှားမှုများပြုလုပ်ခြင်းသည် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ချွေး၊ မျက်ရည်နဲ့ ဆီးများမှတဆင့် ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် အသည်းကို သန့်ရှင်းစေခြင်း၊ အင်အားတိုးပွားစေခြင်းတို့အပြင် အရေပြားကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။

၅။ ကိုယ်ခံစွမ်းအားတိုးပွားခြင်း

ကာယလှုပ်ရှားအားကစားများသည် ကိုယ်ခံစွမ်းအားကို တိုးပွားစေပါတယ်။ လေ့လာမှုများအရ ကာယလှုပ်ရှားမှုပြုလုပ်နေစဉ်တွင် ဘေးဥပါဒ်ဖြစ်စေတဲ့ ဘတ်တီးရီးယားပိုးတွေကို အသက်ရှုလမ်းကြောင်းမှတဆင့် ထုတ်လွှတ်ပစ်စေတယ်လို့ ဆိုပါတယ်။ ကာယလေ့ကျင့်ခန်းများသည် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားတွင် အဓိကအခန်းကဏ္ဍမှာပါဝင်တဲ့ သွေးဖြူဥနဲ့ ရောဂါတိုက်ဖျက်ပေးတဲ့ antibodies တွေကိုပါ တိုးပွားစေပါတယ်။

၆။ စိတ်ကျရောဂါကို တိုက်ဖျက်ပေးပါတယ်

လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ စိတ်ဖိစီးမှု၊ စိတ်ပိုင်းဆိုင်ရာနဲ့ ဇီဝကမ္မဆိုင်ရာတုန့်ပြန်ချက်တွေကို လျော့ချပေးပြီး အပျက်သဘောဆောင်တဲ့ ခံစားချက်အခြေအနေတွေကို လျော့နည်းစေကာ အပြုသဘောဆောင်တဲ့ အခြေအနေတွေကို တိုးပွားစေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဖွဲ့အစည်းနဲ့ ပြုလုပ်ရသောအားကစားများသည် လူမှုပေါင်းသင်းဆက်ဆံရေးအခြေအနေတွေကိုပါ တိုးတက်ကောင်းမွန်စေပြီး ရှက်ကြောက်ခြင်း၊ မဝံ့မရဲဖြစ်ခြင်း အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုပါ ပျက်ပြယ်စေပါတယ်။

၇။ အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်စေခြင်း

ပျင်းရိတဲ့ ခန္ဓာကိုယ်သည် မကောင်းမွန်တဲ့ စိတ်ခံစားချက်တွေကို ဖြစ်ပေါ်စေပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းအားဖြင့် ကလေးငယ်တွေရဲ့ အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေပြီး ၎င်းသည် ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါဖြစ်ပွားမှုများကိုလည်း လျော့ကျစေပါတယ်။ ကလေးငယ်များအတွက် ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ခန်းပြုလုပ်တတ်တဲ့ အလေ့အကျင့်ကို ပြုစုပျိုးထောင်ပေးဖို့ အရေးကြီးပါတယ်။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အားကစားနည်းများ၊ အစုအဖွဲ့နဲ့ ကစားရတဲ့ အားကစားနည်းများ၊ ကခုန်ခြင်း စတာတွေဟာ ကလေးငယ်တွေကို မပျင်းမရိစေဘဲ ပုံမှန်ပြုလုပ်ဖို့အတွက် တွန်းအားဖြစ်စေပါတယ်။ ကလေးငယ်တွေကို နေ့စဉ်လေ့ကျင့်ခန်းပြုလုပ်ရာတွင် မိနစ်အနည်းငယ်နဲ့ စတင်ပြီး သတ်မှတ်ထားတဲ့ အချိန်ထိရောက်လေ့ကျင့်သင်ကြားပေးတာက ကျန်းမာရေးအတွက်အကောင်းမွန်ဆုံး နည်းလမ်းတခုဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

#Chit_May_May

#Dmo_aung

#Ref-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here