ကလေးငယ်ဘဝမနာလိုခြင်း နှင့် ကျွန်မတို့လူသားတွေရဲ့ ဦးနှောက်များ

0
43
- Advertisement -

ကလေးတွေကို မနာလိုမှုဖြစ်စေတဲ့ အခြေအနေမြောက်များစွာရှိပါတယ်။ ဒီကနေ့မှာတော့ မနာလိုခံစားရတဲ့အခါ ကလေးရဲ့ဦးနှောက်တွေဖြစ်ပေါ်တတ်သော အပြောင်းအလဲတွေအကြောင်း မျှဝေမှာဖြစ်ပါတယ်။ Merrian – Webster အဘိဓာန်အရ မနာလိုခြင်းဆိုတာ ”ပြိုင်ဘက်တစ်ဦး (သို့) အားသာချက်ရှိသည်ဟု ယုံကြည်သူတစ်ဦးကို ရန်လိုခြင်း၊ ယှဉ်ပြိင်မှုတွေ (သို့) သစ္စာမဲ့မှုကို သည်းမခံနိုင်ခြင်း” ဟု သတ်မှတ်ထားပါ။ ကလေးတွေမှာတော့ အခြေအနေတွေက မိဘတွေ (သို့) သူတို့နှင့် နီးစပ်သူတစ်ဦးဦးတို့ရဲ့ ဆက်ဆံရေးကို ခြိမ်းခြောက်ခံရတယ်လို့ ခံစားရတဲ့အခါ ပြင်းထထန်တဲ့မနာလိုမှုခံစားချက်တွေ ပေါ်ပေါက်လာနိုင်ပါတယ်။

မောင်နှစ်မအကြားမှာ တင်းမာမှုတွေနှင့် ပြိုင်ဆိုင်မှုတော်တော်များများရှိမယ်ဆိုရင် ၎င်းက မိသားစုတစ်ခုလုံးရဲ့ စိတ်ဓာတ်နှင့် သာယာဝပြောမှုတွေအပေါ် သက်ရောက်နိုင်ပါတယ်။ ဒါ့ကြောင့် အိမ်ထဲမှာ တည်ငြိမ်အောင်လုပ်ဖို့နှင့် မနာလိုတဲ့ကလေးကို ပိုပြီးလုံခြုံမှုရှိအောင် လုပ်ဖို့ နည်းလမ်းတစ်ချို့ကလည်း မျှဝေပေးပါ့မယ်။

ကလေးတွေမှာ မနာလိုမှုဖြစ်နေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ

- Advertisement -

ဘာသာစကားအသုံးပြုမှုပြောင်းလဲခြင်း – ကလေးအကြီးဟာ အငယ်လေးကို တုပပြီး သူတို့ရဲ့ အပြုအမူအတိုင်းပြုလုပ်တတ်ကြပါတယ်။ တစ်ခါတလေမှာ စကားထစ်တာတွေအထိဖြစ်နိုင်ပါတယ်။

စိတ်အနှောင့်အယှက်ဖြစ်စေသော အိပ်စက်ခြင်း – ကလေးတွေဟာ မိဘတွေရဲ့ အိပ်ရာမှာ အချိန်ဖြုန်းနေဖို့ စိတ်ရှုပ်စရာကောင်းလောက်အောင် တောင်းဆိုပါလိမ့်မယ်။ နေရာတော်တော်များများမှာလည်း မိဘတွေနှင့်တူ လိုက်ပါဖို့ တောင်းဆိုပါလိမ့်မယ်။ တစ်ခြားမိသားစုဝင်တွေနဲ့ ကွဲထွက်နေခြင်း။

အစာမစားခြင်း – သူတို့နှစ်သက်သော အစားအသောက်တွေကိုတောင် မစားတော့တာမျိုးတွေဖြစ်ပါလိမ့်မယ်။

အမူအကျင့်ဆိုင်ရာပြဿနာများ – သူတို့က အမြဲတမ်းအာရုံစူးစိုက်မှုကို ရစေဖို့ မကောင်းတဲ့အပြုအမူတွေကို အမြဲတမ်းလုပ်နေပါလိမ့်မယ်။ စိတ်အခြေအနေတွေ အပြောင်းအလဲမြန်ခြင်း။

ကလေးတွေဟာ ဘာကြောင့် ဒီလိုမနာလိုမှုတွေကို ခံစားကြရတာလဲ

မိသားစုထဲ လူသစ်ဝင်ရောက်လာခြင်းက ကလေးတွေကို မနာလိုမှုတွေဖြစ်စေပါတယ်။ အကြောင်းကတော့ မိဘတွေဆီကနေ အာရုံစိုက်မှုကို မခံရတော့မှာ စိုးရိမ်တာကြောင့်ဖြစ်ပါတယ်။ မိဘတွေရဲ့ ရွေးချယ်မှုတွေကလည်း မောင်နှမအကြား မနာလိုမှုတွေဖြစ်စေပြီး ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေမှာလည်း ထိခိုက်မှုတွေဖြစ်စေပါတယ်။

မိဘတွေက မောင်နှမတွေကို နှိုင်းယှဉ်ပြီး ကလေးတစ်ဦးကို တစ်ခြားကလေးထက် ပိုချီးမွမ်းတာတွေလုပ်တတ်ကြပါတယ်။ မိဘတွေရဲ့ လျစ်လျူရှုခြင်းကို ခံရတဲ့ကလေးတွေက အပျက်သဘောအမြင်တွေရှိလာစေတယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကို ပျက်စီးစေနိုင်ပါတယ်။

ကလေးငယ်ဘဝမနာလိုမှု ဦးနှောက်အပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ

မနာလိုမှုဆိုတာ ရှုပ်ထွေးတဲ့ လူမှုရေးခံစားချက်တစ်ခုဖြစ်ပြီး ဒေါသ၊ ကြောက်ရွံ့ခြင်းနှင့် ဝမ်းနည်းခြင်းစတဲ့ အဓိကစိတ်ခံစားမှုတွေကို ပေါင်းစပ်လာပါတယ်။ ဒါ့ကြောင့် မနာလိုတဲ့ စိတ်ခံစားရခြင်းက အလွန်မြင့်မားပြီး အန္တရာယ်ရှိသော စိတ်ခံစားမှုတွေဖြစ်ပါတယ်။ limbic system ကို activate လုပ်တဲ့အခါ Cingulum လို့ ဦးနှောက်အာရုံကြောလမ်းကြောတစ်လျှောက်ကို အချက်ပြစနစ်တွေပေးပို့ပါတယ်။

limbic system ဆိုတ ဦးနှောက်မှာတည်ရှိနေတဲ့ Thalamus, hypothalamus, hippocampus နှင့် amygdala တို့ ကဲ့သို့ အရေးကြီးသော နေရာအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လူသားတွေရဲ့ ဖြစ်တည်မှုဟာ ၎င်းက စိတ်ခံစားမှုတွေရဲ့ ဗဟိုဖြစ်ပါတယ်။

ဆင့်ကဲဖြစ်စဉ်သဘောအရ သင်ကြောက်ရွံ့မှု၊ နာကျင်မှု၊ မနာလိုမှုနှင့် ပြင်းထန်သော ဝမ်းမြောက်ခြင်းတို့ကို ခံစားရတဲ့အခါ ဦးနှောက်ရဲ့ ဒီအပိုင်းတွေက ခလုတ်တိုက်ခံရပါတယ်။ Amygdala ဆိုတာက အခြေခံစိတ်ခံစားမှုတွေရဲ့ ဖြစ်ပွားမှုဗဟိုအဖြစ် လုပ်ဆောင်ရတဲ့ အခန်းကဏ္ဍဖြစ်ပါတယ်။ ကလေးတွေက အခြေအနေကို ခြိမ်းခြောက်မှုလို့ မြင်လာတဲ့အခါ သူတို့ကိုယ်သူတို့ ၎င်းနေရာကနေ ဝေးကွာဖို့ amygdala ကို activates လုပ်တဲ့ နှိုးဆော်သံတစ်မျိုးအဖြစ် သတ်မှတ်ပါတယ်။

ဒါ့ကြောင့် မောင်နှမတွေ မနာလိုဖြစ်ကြတဲ့အခါ မနာလိုတဲ့ခံစားချက်တွေဖြစ်ပေါ်နေချိန်မှာ အဝေးကိုထွက်မသွားဘဲ တစ်ယောက်ကို တစ်ယောက်အချိန်ပေးဖို့ဖြစ်ပါတယ်။ သင့်အနေနဲ့ ကလေးငယ်တွေဟာ သင့်အတွက် တန်းတူအရေးကြီးကြောင်း သူတို့မြင်အောင် ပြသတတ်ဖို့ လိုအပ်ပါတယ်။

Chit_May_May

Nyein_Thu

ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here