Home Parenting Child Nutrition ကလေးငယ်များအတွက် ဆွဲဆောင်မှုရှိသော အိမ်တွင်းဟင်းချက်ဂိမ်းများ

ကလေးငယ်များအတွက် ဆွဲဆောင်မှုရှိသော အိမ်တွင်းဟင်းချက်ဂိမ်းများ

0
ကလေးငယ်များအတွက် ဆွဲဆောင်မှုရှိသော အိမ်တွင်းဟင်းချက်ဂိမ်းများ

တစ်ချို့ကလေးတွေက သူတို့ရဲ့ထမင်းစားချိန်တွေကို နှစ်သက်ကြပေမယ့် တစ်ချို့ကတော့ သူတို့ရဲ့ အစားအသောက်အပေါ် သိပ်အာရုံမစိုက်ကြတာမျိုးတွေရှိကြပါတယ်။ အစာစားချိန်မှာ ကစားခြင်း၊ တွန်းထုတ်ခြင်း၊ စကားပြောခြင်း (သို့) တီဗီကြည့်ခြင်းတွေ ပြုလုပ်တတ်သော ကလေးတွေလည်းရှိပါတယ်။

ဒီလိုအခြေအနေတွေကို ရှောင်ရှားနိုင်ဖို့ ဟင်းချက်ခြင်းဂိမ်းတွေကို ကစားသင့်ကြောင်း အကြံပြုချင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာ ကလေးတွေရဲ့ အရသာခံနိုင်စွမ်းကို ကူညီဖို့နှင့် အစာစားချင်စိတ်တွေကို တွန်းအားပေးနိုင်ဖို့ ကလေးငယ်နဲ့အတူ ဟင်းချက်နည်းတွေကို မျှဝေပေးမှာဖြစ်ပါတယ်။

၁။ မျက်စိအုပ်ပြီး အရသာကို စမ်းသပ်ခြင်း

ဒီဂိမ်းလေးကတော့ ကလေးတွေအနေနဲ့ သူတို့ရဲ့ စားသောက်သောအစားအစာအပေါ်မှာ ပိုပြီးစူးစမ်းနိုင်ဖို့နှင့် အရသာကို ပိုသိ/နားလည်နိုင်ဖို့ ရည်ရွယ်ပါတယ်။
ကစားနည်း

  • စားပွဲတစ်လုံးပေါ်မှာ တတ်နိုင်သမျှ ဟင်းပွဲများများတင်ထားပါ။
  • ကလေးငယ်ရဲ့ မျက်လုံးကို မျက်ကာဖြင့် အုပ်ပါ။
  • ပါဝင်ကစားမည့်သူနှစ်ဦးက ပန်းကန်တစ်ခုစီကနေ ဇွန်းငယ်လေးနဲ့ အနည်းငယ်စီကျွေးပါ။
  • ကလေးငယ်က အစားအသောက်အမည်ကို ခန့်မှန်းရမှာဖြစ်ပါတယ်။
    သဲလွန်စလေးတွေပေးပြီး ကူညီနိုင်ပါတယ်။ ကလေးက ဟင်းသုံးမယ်ကို စမ်းသပ်ရပါမယ်။ အားလုံးပါဝင်ကစားနိုင်မယ့် ကစားနည်းလည်းဖြစ်ပါတယ်။

၂။ အက္ခရာများကို စားသုံးခြင်း

သင့်မှာ အက္ခရာကို သင်ယူနေသော မူကြိုကလေးတစ်ဦးရှိမယ်ဆိုရင် ဒီဂိမ်းလေးကို ကစားနိုင်ပါတယ်။
ကစားနည်း

  • အက္ခရာစာလုံးလေးတွေ အနီးနားမှာ ချထားပါမယ်
  • ကလေးတွေကို အဲဒီအက္ခရာနဲ့ အစပြုတဲ့ အစားအသောက်တွေကို နာမည်ပေးပြီးတော့ စားခိုင်းပါ
  • ဥပမာ အကယ်၍ အက္ခရာ (A) နဲ့ စတယ်ဆိုရင် Apple, Avocado, almond,…စသဖြင့်ပေါ့။

၃။ အရသာများကို စမ်းသပ်ခြင်းဂိမ်း

ဒီရိုးရှင်းသော ဂိမ်းက ကလေးတွေကိုချက်ပြုတ်ရာမှာ အသုံးပြုသော ပါဝင်ပစ္စည်းတွေရဲ့ အရသာကို နားလည်ဖို့ ကူညီပေးနိုင်ပါတယ်။

ကစားနည်း

  • ပလပ်စတစ် ပန်းကန်အသေးလေး ၇လုံးခန့် တန်းစီထားပါ(ပါဝင်ပစ္စည်းအပေါ် မူတည်ပြီး)
  • ပန်းကန်တစ်လုံးစီမှာ မတူညီသော ပါဝင်ပစ္စည်းတွေကို ထည့်ပါ။
  • ပန်းကန်လုံးတစ်ခုချင်းစီမှာ မတူညီသော ပါဝင်ပစ္စည်းတွေကို ထည့်ပါ။ ပြီးရင် မြည်းစမ်းနိုင်ပါပြီ။
  • ဆား၊ ငရုတ်ကောင်း၊ ပျားရည်၊ သကြား၊ နနွင်း၊ သံပုရာစသဖြင့် (အနည်းငယ်သာ ဖြစ်ပါစေ) အမျိုးမျိုးသော ပါဝင်ပစ္စည်းတွေကို အသုံးပြုနိုင်ပါတယ်။

၄။ ကြက်ဥပြုတ်ခြင်း

ဒီရိုးရှင်းသောနည်းလမ်းဖြင့် ကလေးကို ကြက်ဥပြုတ်နည်းသင်ပေးပါ။
ကစားနည်း

  • ကြက်ဥတွေကို ပန်းကန်လုံးအမျိုးမျိုးမှာ ထည့်ပြီးမီးဖိုပေါ်တင်ပါ။
  • ပြီးရင် ပန်းကန်လုံးအပူချိန်နှင့် အချိန်ကို စောင့်ဆိုင်းတွက်ချက်စေပါ။
  • ပြီးရင် ကြက်ဥကို အအေးခံပြီး အခွံနွှာလှီးပါ။

၅။ တိုင်းတာပြီး ခန့်မှန်းခြင်း

ချက်ပြုတ်ခြင်းလုပ်ငန်းစဉ်မှာ ဒီအပိုင်းကလည်း စိတ်ဝင်စားစရာကောင်းတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

ကစားနည်း

  • ချက်ပြုတ်မယ့် ဟင်းတစ်မျိုးမျိုး (သို့) ဖုတ်မယ့် မုန့်တစ်မျိုးမျိုးကို ရွေးချယ်ပါ။
  • ပါဝင်ပစ္စည်းတွေကို မှန်းဆပြီး ပန်းကန်လုံးလေးတွေမှာ ထည့်လိုက်ပါ။
  • ပါဝင်ပစ္စည်းတစ်ခုစီရဲ့ ပမာဏကို ကလေးတွေကို ခန့်မှန်းစေပါ။
    ဥပမာ – ကိတ်မုန့်ဖုတ်တယ်ဆိုရင် ကလေးကို ဂျုံမှုန့် ဒါမှမဟုတ် ကြက်ဥခွက်ဘယ်နှစ်ခွက်လောက် တိုင်းတာပြီး ထည့်မလဲဆိုတာကို ခန့်မှန်းပေးပါ။

Lifestyle_Myanmar

Nyein_Thu

ref-momjunction

LEAVE A REPLY

Please enter your comment!
Please enter your name here