ဆင်းရဲချမ်းသာမရွေး မိဘတိုင်းကတော့ ကိုယ့်သားသမီးတွေကို ပညာရေးနဲ့ပတ်သက်လို့ အကောင်းဆုံးဖြစ်စေချင်ကြတာချည်းပါပဲ။ သားသမီးတွေ ထွန်းပေါက်အောင်မြင်စေဖို့တော့ အားလုံးဆန္ဒရှိကြပေမယ့်လည်း အလုပ်တစ်ဖက်နဲ့ မိဘများအတွက်တော့ သူတို့လေးတွေနဲ့အတူ စာအတူလုပ်ပေးဖို့၊ ပြန်သင်ပေးဖို့အတွက် အချိန်မရှိကြပါဘူး။ ဒါကြောင့် အလုပ်မအားလို့ သားသမီးတွေပညာရေးကို လျစ်လျူရှုမိတာမျိုး မဖြစ်စေဖို့အတွက် မိဘတစ်ယောက်အနေနဲ့ ဘယ်လိုမျိုး အကူအညီဖြစ်စေမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

၁။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို စောင့်ရှောက်ပေးပါ
သားသမီးရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ ခံစားချက်တွေကို မိဘတိုင်းက ဦးစားပေး အလေးထားသင့်ပါတယ်။ ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကြုံလာကြုံလာ သူတို့လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်နေမယ်ဆိုရင် အရာအားလုံးကို အလွယ်တကူ ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သားသမီးတွေနဲ့ စကားလေးတွေ ပွင့်ပွင့်လင်းလင်းပြောပြီးတော့ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်အောင် ပြုလုပ်ပေးပါ။ ထိုမှသာလျှင် ကျောင်းစာပိုင်းမှာလည်း ကောင်းကောင်းအာရုံစိုက်နိုင်မှာဖြစ်ပါတယ်။
၂။ သူတို့လေးတွေရဲ့ အားသာချက်ပေါ် အာရုံစိုက်ပါ
လူသားတိုင်းမှာ ကိုယ်စီ အားသာချက်၊ အားနည်းချက်ရှိကြပါတယ်။ ကိုယ့်သားသမီးလေးတွေမှာလည်း ကိုယ်နဲ့မတူနိုင်တဲ့ အားသာချက်၊ အားနည်းချက်ရှိနိုင်ပြီးတော့ အားနည်းချက်ထက် အားသာချက်ကို ပိုအာရုံထားပါ။ ကိုယ့်သားသမီးက ဘယ်နေရာတွေမှာဘယ်လိုတော်သလဲဆိုတာကို သေချာသိအောင်လုပ်ပြီး ပိုလို့တော်အောင်လို့ ကိုယ်က ဘေးကနေ ကူညီပေးလိုက်ပါ။
၃။ စာသင်ရတာကို ပျော်စရာကောင်းတယ်လို့ ခံစားစေပါ
ပညာရေးက သင့်ကလေးဘဝမှာ အရေးကြီးဆုံးတော့ မဖြစ်သင့်ပေမယ့်လည်း အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုတော့ သဘောပေါက်စေပါ။ တစ်ချို့ကလေးတွေကတော့ ပင်ကိုယ်ကတည်းက ကျောင်းစာမှာတော်၊ တတ်ကြပေမယ့်လည်း တစ်ချို့ကလေးတွေအတွက်တော့ အာရုံမစိုက်နိုင်ကြပါဘူး။ ဒါကြောင့် ကိုယ်က အိမ်မှာပြန်ပြီးစာသင်ပြတဲ့အခါမှာ ဂိမ်းကစားတာ၊ သင်္ချာဥာဏ်စွမ်းလေးတွေဆော့တာ၊ စတာမျိုးလေးတွေ လုပ်ပေးပြီး စာသင်ရတာပျော်အောင်လို့လုပ်ပေးပါ။

၄။ ကျရှုံးမှုနဲ့ပတ်သက်လို့ သင်ကြားပေးပါ
ကျရှုံးမှုက အရာအားလုံးရဲ့ အဆုံးသတ်မဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်အောင်၊ အရှုံးကနေ သင်ယူတတ်ဖို့အတွက် အခွင့်အရေးတွေယူတတ်အောင် ပြောပြပါ၊ သင်ပေးပါ။ ကျရှုံးမှုကိုမကြောက်တတ်တော့ဘူးဆိုရင် ကျောင်းမှာ သူတို့သဘောကျတဲ့အရာလေးတွေအတွက် သွားရတာပျင်းမှာမဟုတ်တော့သလို အကောင်းဆုံးကြိုးစားဖို့အတွက် ကျောင်းကိုနေ့တိုင်းသွားမှာလည်းဖြစ်ပါတယ်။
၅။ အတန်းပိုင်ဆရာ၊ ဆရာမနဲ့ စကားပြောပါ
သားသမီးက ဘယ်လိုလူလဲ၊ ဘယ်လိုအကျင့်ရှိလဲ စသဖြင့် အကြောင်းစုံကို မိဘတွေလောက် စုံစုံလင်လင် သိသူမရှိပါဘူး။ အကယ်လို့ ကိုယ့်သားသမီးက အထိမခံဖြစ်နေတယ်လို့ ခံစားမိတယ်ဆိုရင် အတန်းပိုင်ဆရာ သို့မဟုတ် ဆရာမနဲ့သွားတွေ့ပါ။ အရာရာကို အထိမခံဖြစ်နေတဲ့ ကလေးငယ်တွေဟာ အနောက်ကနေ သူတို့ကိုယုံကြည်ပြီး ထောက်ပံ့ပေးနိုင်မယ့် ပတ်ဝန်းကျင်တစ်ခုလိုအပ်တာကြောင့် မိဘအနေနဲ့ ဆရာ၊ ဆရာမတွေကို အကြောင်းကြားဖို့လိုအပ်ပါတယ်။
ကိုယ့်ရဲ့ကလေးက ကျောင်းစာမှာ ထူးချွန်ပြီး စာလိုက်နိုင်တယ်ဆိုရင်တော့ ဒါဟာ မိဘတစ်ယောက်ရဲ့ သင်ကြားမှု၊ ပျိုးထောင်မှု အဆင်ပြေကောင်းမွန်ကြောင်းကို ပြသနေတာဖြစ်ပါတယ်။
Lifestyle_Myanmar
Thinzar
Source-nannyoption
ကေလးငယ္မ်ား ေက်ာင္းစာမွာ အခက္အခဲမရွိေစဖို႔အတြက္ မိဘတစ္ေယာက္အေနနဲ႔ ဘယ္လိုကူညီမလဲ
ဆင္းရဲခ်မ္းသာမေ႐ြး မိဘတိုင္းကေတာ့ ကိုယ့္သားသမီးေတြကို ပညာေရးနဲ႔ပတ္သက္လို႔ အေကာင္းဆုံးျဖစ္ေစခ်င္ၾကတာခ်ည္းပါပဲ။ သားသမီးေတြ ထြန္းေပါက္ေအာင္ျမင္ေစဖို႔ေတာ့ အားလုံးဆႏၵရွိၾကေပမယ့္လည္း အလုပ္တစ္ဖက္နဲ႔ မိဘမ်ားအတြက္ေတာ့ သူတို႔ေလးေတြနဲ႔အတူ စာအတူလုပ္ေပးဖို႔၊ ျပန္သင္ေပးဖို႔အတြက္ အခ်ိန္မရွိၾကပါဘူး။ ဒါေၾကာင့္ အလုပ္မအားလို႔ သားသမီးေတြပညာေရးကို လ်စ္လ်ဴရႈမိတာမ်ိဳး မျဖစ္ေစဖို႔အတြက္ မိဘတစ္ေယာက္အေနနဲ႔ ဘယ္လိုမ်ိဳး အကူအညီျဖစ္ေစမလဲဆိုတာကို ေျပာျပေပးခ်င္ပါတယ္။
၁။ စိတ္ပိုင္းဆိုင္ရာက်န္းမာေရးကို ေစာင့္ေရွာက္ေပးပါ
သားသမီးရဲ႕ စိတ္ပိုင္းဆိုင္ရာအေျခအေနနဲ႔ ခံစားခ်က္ေတြကို မိဘတိုင္းက ဦးစားေပး အေလးထားသင့္ပါတယ္။ ဘယ္လိုအခက္အခဲေတြ၊ စိန္ေခၚမႈေတြ ႀကဳံလာႀကဳံလာ သူတို႔ေလးေတြရဲ႕ စိတ္ပိုင္းဆိုင္ရာႀကံ့ခိုင္ေနမယ္ဆိုရင္ အရာအားလုံးကို အလြယ္တကူ ေက်ာ္လႊားႏိုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ သားသမီးေတြနဲ႔ စကားေလးေတြ ပြင့္ပြင့္လင္းလင္းေျပာၿပီးေတာ့ စိတ္ပိုင္းဆိုင္ရာႀကံ့ခိုင္ေအာင္ ျပဳလုပ္ေပးပါ။ ထိုမွသာလွ်င္ ေက်ာင္းစာပိုင္းမွာလည္း ေကာင္းေကာင္းအာ႐ုံစိုက္ႏိုင္မွာျဖစ္ပါတယ္။
၂။ သူတို႔ေလးေတြရဲ႕ အားသာခ်က္ေပၚ အာ႐ုံစိုက္ပါ
လူသားတိုင္းမွာ ကိုယ္စီ အားသာခ်က္၊ အားနည္းခ်က္ရွိၾကပါတယ္။ ကိုယ့္သားသမီးေလးေတြမွာလည္း ကိုယ္နဲ႔မတူႏိုင္တဲ့ အားသာခ်က္၊ အားနည္းခ်က္ရွိႏိုင္ၿပီးေတာ့ အားနည္းခ်က္ထက္ အားသာခ်က္ကို ပိုအာ႐ုံထားပါ။ ကိုယ့္သားသမီးက ဘယ္ေနရာေတြမွာဘယ္လိုေတာ္သလဲဆိုတာကို ေသခ်ာသိေအာင္လုပ္ၿပီး ပိုလို႔ေတာ္ေအာင္လို႔ ကိုယ္က ေဘးကေန ကူညီေပးလိုက္ပါ။
၃။ စာသင္ရတာကို ေပ်ာ္စရာေကာင္းတယ္လို႔ ခံစားေစပါ
ပညာေရးက သင့္ကေလးဘဝမွာ အေရးႀကီးဆုံးေတာ့ မျဖစ္သင့္ေပမယ့္လည္း အေရးႀကီးတယ္ဆိုတဲ့အေၾကာင္းကိုေတာ့ သေဘာေပါက္ေစပါ။ တစ္ခ်ိဳ႕ကေလးေတြကေတာ့ ပင္ကိုယ္ကတည္းက ေက်ာင္းစာမွာေတာ္၊ တတ္ၾကေပမယ့္လည္း တစ္ခ်ိဳ႕ကေလးေတြအတြက္ေတာ့ အာ႐ုံမစိုက္ႏိုင္ၾကပါဘူး။ ဒါေၾကာင့္ ကိုယ္က အိမ္မွာျပန္ၿပီးစာသင္ျပတဲ့အခါမွာ ဂိမ္းကစားတာ၊ သခ်ၤာဥာဏ္စြမ္းေလးေတြေဆာ့တာ၊ စတာမ်ိဳးေလးေတြ လုပ္ေပးၿပီး စာသင္ရတာေပ်ာ္ေအာင္လို႔လုပ္ေပးပါ။
၄။ က်ရႈံးမႈနဲ႔ပတ္သက္လို႔ သင္ၾကားေပးပါ
က်ရႈံးမႈက အရာအားလုံးရဲ႕ အဆုံးသတ္မဟုတ္ဘူးဆိုတာကို နားလည္သေဘာေပါက္ေအာင္၊ အရႈံးကေန သင္ယူတတ္ဖို႔အတြက္ အခြင့္အေရးေတြယူတတ္ေအာင္ ေျပာျပပါ၊ သင္ေပးပါ။ က်ရႈံးမႈကိုမေၾကာက္တတ္ေတာ့ဘူးဆိုရင္ ေက်ာင္းမွာ သူတို႔သေဘာက်တဲ့အရာေလးေတြအတြက္ သြားရတာပ်င္းမွာမဟုတ္ေတာ့သလို အေကာင္းဆုံးႀကိဳးစားဖို႔အတြက္ ေက်ာင္းကိုေန႔တိုင္းသြားမွာလည္းျဖစ္ပါတယ္။
၅။ အတန္းပိုင္ဆရာ၊ ဆရာမနဲ႔ စကားေျပာပါ
သားသမီးက ဘယ္လိုလူလဲ၊ ဘယ္လိုအက်င့္ရွိလဲ စသျဖင့္ အေၾကာင္းစုံကို မိဘေတြေလာက္ စုံစုံလင္လင္ သိသူမရွိပါဘူး။ အကယ္လို႔ ကိုယ့္သားသမီးက အထိမခံျဖစ္ေနတယ္လို႔ ခံစားမိတယ္ဆိုရင္ အတန္းပိုင္ဆရာ သို႔မဟုတ္ ဆရာမနဲ႔သြားေတြ႕ပါ။ အရာရာကို အထိမခံျဖစ္ေနတဲ့ ကေလးငယ္ေတြဟာ အေနာက္ကေန သူတို႔ကိုယုံၾကည္ၿပီး ေထာက္ပံ့ေပးႏိုင္မယ့္ ပတ္ဝန္းက်င္တစ္ခုလိုအပ္တာေၾကာင့္ မိဘအေနနဲ႔ ဆရာ၊ ဆရာမေတြကို အေၾကာင္းၾကားဖို႔လိုအပ္ပါတယ္။
ကိုယ့္ရဲ႕ကေလးက ေက်ာင္းစာမွာ ထူးခြၽန္ၿပီး စာလိုက္ႏိုင္တယ္ဆိုရင္ေတာ့ ဒါဟာ မိဘတစ္ေယာက္ရဲ႕ သင္ၾကားမႈ၊ ပ်ိဳးေထာင္မႈ အဆင္ေျပေကာင္းမြန္ေၾကာင္းကို ျပသေနတာျဖစ္ပါတယ္။
Lifestyle_Myanmar
Thinzar
Source-nannyoption