Home Lotaya ကလေးငယ်များ ကြီးထွားဖွံ့ဖြိုးမှုနဲ့ပတ်သတ်ပြီး မိဘတွေသိသင့်တဲ့ အချက်အလက်များ

ကလေးငယ်များ ကြီးထွားဖွံ့ဖြိုးမှုနဲ့ပတ်သတ်ပြီး မိဘတွေသိသင့်တဲ့ အချက်အလက်များ

0
ကလေးငယ်များ ကြီးထွားဖွံ့ဖြိုးမှုနဲ့ပတ်သတ်ပြီး မိဘတွေသိသင့်တဲ့ အချက်အလက်များ

အရပ်မြင့်လာခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ အသိဉာဏ်ရင့်ကျက်လာခြင်းနဲ့ အခြားသော ခန္ဓာကိုယ်ဖွဲ့စည်းမှုပုံစံတွေတိုးတက်လာခြင်းစတာတွေဟာ ကြီးထွားမှုလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတွေဘဲဖြစ်ပါတယ်။ ဆံပင်ပေါက်လာတယ်၊ သွားပေါက်လာတယ်၊ နောက်ဆုံး အပျိုဖော်၊ လူပျိုဖော်ဝင်လာတယ် အစရှိတာတွေပါ အကျုံးဝင်ပါတယ်။

မွေးဖွားချိန်ကနေစပြီး တစ်နှစ်ပြည့်သွားတဲ့ကလေးငယ်တွေရဲ့ ပြောင်းလဲမှုဟာ အံ့ဩစရာကောင်းလှပါတယ်။ ထိုကာလတွင် ကလေးများသည် ပျှမ်းမျှ ၁၀ လက်မလောက်အထိအရပ်ထွက်လာပြီး မွေးကာစ ကိုယ်အလေးချိန်ရဲ့ သုံးဆနီးပါးရှိလာကြပါတယ်။ ထိုအချိန်ကာလမှာဖြစ်ပျက်တဲ့ ဖြစ်စဉ်များအရ မိဘအသစ်များဟာ ပထမနှစ်မှာ ကလေးကြီးထွားမှုနှေးတယ်လို့ထင်တတ်ကြပါတယ်။ အသက်တစ်နှစ်ပြည့်ပြီးတဲ့နောက်မှာ ကြီးထွားမှုဟာ အတော်လေးနှေးကွေးသွားပါတယ်။ ဒါပေမယ့် အသက် ၂နှစ်ပြည့်ရင်တော့ အရပ်အမြင့်ဟာ မြီးကောင်ပေါက်အရွယ်အထိ တစ်နှစ်မှာ ၂လက်မခွဲ( ၆ စင်တီမီတာ ) နှုန်းနဲ့ ဆက်လက်ကြီးထွားလာပါတယ်။

ကလေးဘဝတလျှောက်လုံးမှာ ကလေးအားလုံးဟာ ကြီးထွားနှုန်းပုံစံတူညီစွာနဲ့ ကြီးထွားခြင်းမျိုးမဖြစ်နိုင်ပါဘူး။ အနည်းနဲ့ အများဆိုသလို ကြီးထွားနှုန်းဟာ ကွာခြားမှုရှိပါတယ်။ ဒါပေမယ့် ကလေးငယ်တွေဟာ နွေရာသီမှာ ကြီးထွားမှု အနည်းငယ်မြန်ဆန်တတ်ပါတယ်။ အဓိကကြီးထွားမှုနှုန်းကတော့ လူပျို/အပျိုဖော်ဝင်ချိန်တွင်ဖြစ်ပြီး ယောက်ျားလေးတွေကတော့ အသက် ၁၀နှစ်မှ ၁၅ကြားဖြစ်ပြီး မိန်ခလေးတွေကတော့ ၈ နှစ်မှ ၁၃ကြားဖြစ်ပါတယ်။ အပျိုဖော်ဝင်ချိန်ဟာ ၂နှစ်မှ ၅နှစ်ခန့်ကြာတတ်ပါတယ်။ ဒီကြီးထွားဖွံဖြိုးတိုးတက်မှုနှုန်းဟာ လိင်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနဲ့ဆက်နွယ်မှုရှိပါတယ်။ ဆီးခုံများမို့လာခြင်း၊ ဆီးခုံမွှေးများပေါက်လာခြင်း၊ လိင်အင်္ဂါများကြီးထွားလာခြင်းနဲ့ မိန်းခလေးများ ရာသီဖြစ်ခြင်း အစရှိတာတွေပါဝင်ပါတယ်။

မိန်းကလေးများသည် အသက် ၁၅နှစ်နဲ့ ယောက်ျားလေးတွေကတော့ ၁၆နှစ် သို့မဟုတ် ၁၇နှစ်အရွယ်မှာ အပျို/လူပျိုဖော်ဝင်မှုနှုန်းဟာ ပြီးဆုံးသွားပြီး ရုပ်ပိုင်းဆိုင်ရာရင့်ကျက်မှုများစတင်လာပါတယ်။ ကလေးကြီးထွားလာဖို့နဲ့ ပုံမှန်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မိဘတွေပြုလုပ်ပေးလို့ရတဲ့ အရာတွေရှိပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးဖို့အတွက် အဓိကကျတဲ့အရာကတော့ လုံလောက်တဲ့အနားယူခြင်း၊ ကောင်းမွန်တဲ့ အစာအဟာရများစားခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း စတာတွေက အထောက်အကူဖြစ်စေပါတယ်။ ယေဘုယျအားဖြင့် မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် အပျိုဖော်ဝင်ခါစအချိန်မှာ ကြီးထွားဖွံ့ဖြိုးမှုသိသာပါတယ်။

မောင်နှမအချင်းချင်း ဒါမှမဟုတ် အခြားကလေးငယ်နဲ့ ကြီးထွားဖွံ့ဖြိုးမှုကို နှိုင်းယှဉ်တာမျိုးမလုပ်သင့်ပါဘူး။ ကလေးငယ်တွေကို သူ့တို့ရဲ့ အရွယ်အစားတွေနဲ့ ကြီးထွားဖွံ့ဖြိုးမှုအနေအထားကို လက်ခံဖို့ အားပေးပါ။ အချို့ကလေးငယ်တွေဟာ ငယ်ရွယ်စဉ်အချိန်မှာ ကြီးထွားဖွံ့ဖြိုးမှုနှေးကွေးပေမယ့် နောက်ပိုင်းအသက်အရွယ်လောက်မှာမှ အခြားသောရွယ်တူကလေးငယ်များရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အမှီလိုက်လာတတ်ကြပါတယ်။

ကလေးငယ်များတွင် သူတို့ရဲ့ ကြီးထွားမှုနဲ့ ပတ်သတ်ပြီး မေးခွန်းများစွာရှိပါတယ်။ သူတို့ရဲ့ သွားတွေဘာလို့ကျိုးကုန်တာလဲကစလို့ ပြန်လည်ဖြေကြားဖို့ ခေါင်းခဲစေတဲ့ ရှက်ရွံ့စရာမေးခွန်းများအထိ သူတို့မေးခွန်းထုတ်တတ်ကြပါတယ်။ အဲဒီလိုအချိန်မျိုးမှာ သိချင်သမျှကို ရိုးရိုးသားသားဖြေဆိုပေးပါ။ ကလေးငယ်များရင်ဆိုင်နေရတဲ့ အပြောင်းအလဲကိုနားလည်စေဖို့ ကြီးထွားဖွံ့ဖြိုးမှုအကြောင်းတွေကို နားလည်သဘောပေါက်အောင်ရှင်းပြပေးပါ။ ဒီလိုရှင်းပြပြောဆိုတာက အပြောင်းအလဲတွေကို အပြုသဘောအနေနဲ့ လက်ခံနိုင်ဖို့အတွက် အကူအညီဖြစ်စေပါလိမ့်မယ်။ ဒီလိုအကြောင်းအရာတွေကို ဆွေးနွေးဖို့အတွက် မိဘတွေကိုယ်တိုင်စိတ်မသက်မသာဖြစ်နေပါက ကလေးငယ်များက သူတို့ရဲ့အပြောင်းအလဲများနဲ့ပတ်သတ်ပြီး ရှက်စရာကိစ္စလို့ထင်တတ်သွားတတ်ကြပါတယ်။

ကြီးထွားဖွံ့ဖြိုးမှုသေးကွေးတဲ့ ကလေးငယ်များကို ရွယ်တူကလေးငယ်များက လှောင်ပြောင်ကြလေ့ရှိပါတယ်။ ဒီ့အတွက်လည်း မိမိတို့ရဲ့ကလေးငယ်တွေကို စိတ်အားမငယ်ဖို့နဲ့ သူရဲ့ကိုယ်စွမ်းကိုယ်စတွေကို ရှာဖွေနိုင်ဖို့အတွက် အထောက်အပံ့ပေးခြင်းအားဖြင့် ကူညီနိုင်ပါတယ်။ ကလေးငယ်တွေရဲ့ ခံစားချက်တွေကို နားလည်နိုင်ဖို့နဲ့ ရင်းနှီးပွင့်လင်းတဲ့ ဆက်ဆံရေးရှိနိုင်ဖို့ကို မိဘတွေအနေနဲ့ ကြိုးစားသင့်ပါတယ်။ ဒါမှသာ မိမိတို့ရဲ့ ကလေးငယ်တွေရဲ့ အခက်အခဲပြသနာတွေကို မိဘတွေအနေနဲ့ ကူညီပေးနိုင်မှာဘဲဖြစ်ပါတယ်။ ကလေးငယ်တွေရဲ့ စိတ်နေစိတ်ထားကို မြှင့်တင်ဖို့အတွက် နောက်ထပ်နည်းလမ်းတစ်ခုကတော့ စာပေနဲ့ ဂီတတို့ကို လေ့လာလိုက်စားစေတာဘဲဖြစ်ပါတယ်။ ဒီလိုအရည်အချင်းမျိုးပိုင်ဆိုင်တဲ့ သားသမီးတို့ကလည်း မိဘတွေအတွက် ဂုဏ်ယူစရာဖြစ်စေပါတယ်။ ဒါကြောင့်မို့ မိဘတွေအနေနဲ့ သားသမီးတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်တွေကိုသိရှိနားလည်နိုင်ပြီး ကူညီပေးနိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

#Chit_may_may

#Dmo_aung

#Ref-kidshealth

LEAVE A REPLY

Please enter your comment!
Please enter your name here