သင့်ကလေး “သွား”စပေါက် လာပြီဆို ဂရုစိုက်ပေးဖို့လိုပါတယ်။ သွားဖုံးနဲ့ အံသွား တွေကောင်းမွန်နေစေဖို့ အခုလိုအချိန်ကတည်းက ဂရုတစိုက် စောင့်ရှောက်ပေးရပါမယ်။ဒါမှ ကြီးပြင်းလာချိန်မှာ သွားနဲ့ခံတွင်းပြဿနာတွေကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။

သွားများပေါက်မလာချိန်ကတည်းက အစာကျွေးပြီးတိုင်း ခံတွင်းနဲ့ သွားဖုံးကို သန့်ရှင်းပေးဖို့လိုပါတယ်။နို့စိုစိုစွတ်ထားတဲ့ အဝတ်စ ဒါမှမဟုတ် ကလေးငယ်များအတွက် ခံတွင်းသန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများကို ဝယ်ယူအသုံးပြုနိုင်ပါတယ်။

ပထမဆုံး “သွား” စပေါက်လာပြီဆိုရင် ဂရုစိုက်ပေးဖို့လိုပါတယ်။ မိဘအများစု စိတ်ထဲမှာ ကလေးတွေဟာ သွားပြန်ပေါက်လာမှာဘဲဆိုပြီး အမှုမဲ့ နေတတ်ကြပါတယ်။ပထမဦးဆုံးပေါက်လာတဲ့ “သွား” ကနောက်ထပ်ပေါက်လာမယ့်”သွား” တွေအတွက် အကွာအဝေးချိန်ညှိပေးတဲ့အပြင် စကားပြောဖို့၊ အစာစားဖို့ အစရှိတာတွေအတွက် ကူညီပေးပါတယ်။တကယ်လို့ ဂရုမစိုက်ဘဲထားမိပါက “သွား” ပိုးစားခြင်း၊ သွားဖုံးများ ရေစီးကမ်းပြိုလိုက်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

ကလေးငယ်များကို နို့ဗူး သို့မဟုတ် ဖျော်ရည်တစ်မျိုးမျိုးနဲ့ အိပ်စက်စေခြင်းက သွားများကို ပိုးစားပြီး အခေါင်းပေါက်တွေ ဖြစ်လာနိုင်ပါတယ်။ နို့ဗူး တိုက်တာတွေများလာခဲ့ရင်လည်း ကလေးငယ်များ မိခင်နို့ကို မစို့တော့ဘဲနေတတ်ကြတာမို့ ဆင်ခြင်ဖို့ အကြံပေးလိုက်ချင်ပါတယ် ။
#Chit_May_May
#Dmo_aung
Ref – parents