ကလေးငယ်ရှိတဲ့ မိခင်တွေသတိထားသင့်တဲ့ ကလေးလည်ချောင်းနင်ခြင်းအန္တရာယ်

0
14

အလွန်သေးငယ်တဲ့ ကစားစရာတွေ၊ ငွေအကြွေစေ့တွေနဲ့ သံလိုက်တွေက အရမ်းငယ်သေးတဲ့ ကလေးတွေအတွက် မျိုချမိနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါ့ကြောင့် သေးငယ်တဲ့ ကစားစရာပစ္စည်းတွေ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ ကစားစရာပစ္စည်းတွေကို မပေးဆော့ဖို့ သတိပြုရပါမယ်။ အသီးတွေနဲ့ ဟင်သီးဟင်းရွက်တွေလည်း ထို့နည်း၎င်းပါပဲ။ Blogger တစ်ယောက်လည်းဖြစ် မိခင်တစ်ယောက်လည်းဖြစ်တဲ့ Angela Henderson က သူမသားလေးရဲ့လည်ချောင်းထဲမှာ စပျစ်သီး တစ်နေတဲ့ ဓါတ်မှန်တစ်ခုကို မျှဝေခဲ့ပါတယ်။

သြစတြေးလျ ဆေးပညာဆောင်းပါးရေးသူ၊ ကလေး ၂ယောက်ရဲ့မိခင် Angela Henderson ဟာ ၅နှစ်အရွယ်သားလေးရဲ့ ဓါတ်မှန်တစ်ခုကို မျှဝေခြင်းဖြင့် လည်ချောင်းနင်တဲ့ အန္တရာယ်ကို မိဘများအား သတိပေးခဲ့ပါတယ်။
စပျစ်သီးတစ်လုံးက ၅နှစ်အရွယ်ကလေးရဲ့ အသက်ရှုလမ်းကြောင်းထိပ်မှာ ပိတ်နေခဲ့တာပါ။ ထိုစပျစ်သီးကို ဖယ်ရှားဖို့ ထုံဆေးပေးပြီး ခွဲစိတ်ခဲ့ရပါတယ်။ သူ့ရဲ့အသက်ရှုလမ်းကြောင်း ပွင့်သွားတာကြောင့် အရမ်းကံကောင်းခဲ့ပါတယ်။ ဒီလိုမှမဟတ်ရင် ဆိုးရွားစွာ အဆုံးသတ်နိုင်တယ်လို့ ဆိုပါတယ်။


စပျစ်သီးကို ဘာ့ကြောင့် တစ်ခြမ်းခြမ်းဖို့ အရေးကြီးတာလဲ?

စပျစ်သီးက ကလေးတွေကို နင်စေတဲ့ အဖြစ်အများဆုံးအစားအစာတစ်ခု ဖြစ်ပါတယ်။ စပျစ်သီးရဲ့ ပုံသဏ္ဍာန်နဲ့ အရွယ်အစားက ကလေးရဲ့လည်ချောင်းမှာ တစ်မိနိုင်ပြီး အသက်ရှုလမ်းကြောင်းကို အတားအဆီး ဖြစ်ပေါ်စေနိုင်ပါတယ်။ စပျစ်သီးရဲ့ မျက်နှာပြင်က ချောမွေ့ပြီး flexible ဖြစ်တာကြောင့် နင်ခဲ့ရင် ထုတ်ယူဖို့ ခက်ခဲပါတယ်။ အခန့်မသင့်ရင် ခွဲစိတ်ဖယ်ရှားပြီး ထုတ်ဖို့ လိုအပ်ပါတယ်။
နယူးယောက်ပြည်နယ် Department of Health ရဲ့အဆိုအရ လည်ချောင်းနင်ခြင်းဟာ အသက် ၅နှစ်အောက် ကလေးတွေမှာ အသက်ဆုံးရှုံးခြင်းကို ဖြစ်ပေါ်စေတဲ့ စတုတ္ထပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် မိဘတွေ၊ အခြားမိသားစုဝင်များနှင့် မူကြိုကျောင်းမှ ဆရာမတွေအနေနဲ့ သိထားသင့်ပါတယ်။
ဆရာဝန်များနှင့် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများက အန္တရာယ်ဖြစ်စေမယ့် အလားအလာရှိတဲ့ အချို့သော အစားအစာများကို တံဆိပ်ကပ်ဖို့ အစားအစာ ထုတ်လုပ်သူများနှင့် လက်လီရောင်းချသူများကို တိုက်တွန်းကြပါတယ်။ ငယ်ရွယ်တဲ့ကလေးတွေကို တချို့အစားအစာ ပေးထားခြင်းမှ ရှောင်ကြဉ်ဖို့နဲ့ အစားအစာကို အစိတ်သေးသေးလေးတွေ လှီးပြီးမှကျွေးဖို့ အမေရိကန်နိုင်ငံ ပြည့်သူ့အကျိုးစီးပွား( CSPI) မှာ သိပ္ပံစင်တာ ဥပဒေရေးရာညွှန်ကြားရေးမှူး Bruce Silverglade ကပြောပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို ကလေးတစ်ကိုက်စာ လှီးဖြတ်ဖို့ သတိရပါ

ကလေးတွေ လည်ချောင်းနင်ခြင်းကို ဖြစ်ပေါ်စေတာ စပျစ်သီးတစ်ခုတည်းတော့မဟုတ်ပါဘူး။ စပျစ်သီးတစ်လုံးအရွယ်အစားရှိတဲ့ ချယ်ရီခရမ်းသီး၊ ဘလူးဘယ်ရီသီးများနှင့် တခြားလုံးဝန်းပြီး မာတဲ့အသီးတွေ ၊ဟင်းသီးဟင်းရွက်တွေကလည်း အန္တရာယ်ရှိစေပါတယ်။ ဒီအစားအစာတွေအားလုံးကို အရှည်လိုက်ပိုင်းဖြတ်ဖို့ မမေ့ပါနဲ့။ ဒီလိုမှမဟုတ်ရင် ကလေးရဲ့လည်ချောင်းမှာ တစ်နေနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေကို အစားအစာကျွေးတဲ့အခါ လည်ချောင်းမှာမနင်အောင် ဂရုတစိုက်ကျွေးဖို့ လိုပါတယ်။

Lifestyle_Myanmar

LM_Nandar

Zawgyi Font

ကေလးငယ္ရွိတဲ့ မိခင္ေတြသတိထားသင့္တဲ့ ကေလးလည္ေခ်ာင္းနင္ျခင္းအႏၱရာယ္

အလြန္ေသးငယ္တဲ့ ကစားစရာေတြ၊ ေငြအေၾကြေစ့ေတြနဲ႔ သံလိုက္ေတြက အရမ္းငယ္ေသးတဲ့ ကေလးေတြအတြက္ မ်ိဳခ်မိႏိုင္တဲ့ အႏၱရာယ္ရွိပါတယ္။ ဒါ့ေၾကာင့္ ေသးငယ္တဲ့ ကစားစရာပစၥည္းေတြ၊ အႏၱရာယ္ျဖစ္ေစႏိုင္တဲ့ ကစားစရာပစၥည္းေတြကိုိ မေပးေဆာ့ဖို႔ သတိျပဳရပါမယ္။ အသီးေတြနဲ႔ ဟင္သီးဟင္းရြက္ေတြလည္း ထို႔နည္း၎ပါပဲ။ Blogger တစ္ေယာက္လညး္ျဖစ္ မိခင္တစ္ေယာက္လည္းျဖစ္တဲ့ Angela Henderson က သူမသားေလးရဲ႕လည္ေခ်ာင္းထဲမွာ စပ်စ္သီး တစ္ေနတဲ့ ဓါတ္မွန္တစ္ခုကို မွ်ေဝခဲ့ပါတယ္။

ၾသစေၾတးလ် ေဆးပညာေဆာင္းပါးေရးသူ၊ ကေလး ၂ေယာက္ရဲ႕မိခင္ Angela Henderson ဟာ ၅ႏွစ္အရြယ္သားေလးရဲ႕ ဓါတ္မွန္တစ္ခုကို မွ်ေဝျခင္းျဖင့္ လည္ေခ်ာင္းနင္တဲ့ အႏၱရာယ္ကို မိဘမ်ားအား သတိေပးခဲ့ပါတယ္။
စပ်စ္သီးတစ္လံုးက ၅ႏွစ္အရြယ္ကေလးရဲ႕ အသက္ရႈလမ္းေၾကာင္းထိပ္မွာ ပိတ္ေနခဲ့တာပါ။ ထိုစပ်စ္သီးကို ဖယ္ရွားဖို႔ ထံုေဆးေပးၿပီး ခြဲစိတ္ခဲ့ရပါတယ္။ သူ႔ရဲ႕အသက္ရႈလမ္းေၾကာင္း ပြင့္သြားတာေၾကာင့္ အရမ္းကံေကာင္းခဲ့ပါတယ္။ ဒီလိုမွမဟတ္ရင္ ဆိုးရြားစြာ အဆံုးသတ္ႏိုင္တယ္လို႔ ဆိုပါတယ္။


စပ်စ္သီးကို ဘာ့ေၾကာင့္ တစ္ျခမ္းျခမ္းဖို႔ အေရးႀကီးတာလဲ?

စပ်စ္သီးက ကေလးေတြကို နင္ေစတဲ့ အျဖစ္အမ်ားဆံုးအစားအစာတစ္ခု ျဖစ္ပါတယ္။ စပ်စ္သီးရဲ႕ ပံုသ႑ာန္နဲ႔ အရြယ္အစားက ကေလးရဲ႕လည္ေခ်ာင္းမွာ တစ္မိႏိုင္ၿပီး အသက္ရႈလမ္းေၾကာင္းကို အတားအဆီး ျဖစ္ေပၚေစႏိုင္ပါတယ္။ စပ်စ္သီးရဲ႕ မ်က္ႏွာျပင္က ေခ်ာေမြ႔ၿပီး flexible ျဖစ္တာေၾကာင့္ နင္ခဲ့ရင္ ထုတ္ယူဖို႔ ခက္ခဲပါတယ္။ အခန္႔မသင့္ရင္ ခြဲစိတ္ဖယ္ရွားၿပီး ထုတ္ဖို႔ လိုအပ္ပါတယ္။
နယူးေယာက္ျပည္နယ္ Department of Health ရဲ႕အဆိုအရ လည္ေခ်ာင္းနင္ျခင္းဟာ အသက္ ၅ႏွစ္ေအာက္ ကေလးေတြမွာ အသက္ဆံုးရံႈးျခင္းကို ျဖစ္ေပၚေစတဲ့ စတုတၳျပႆနာတစ္ခု ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ မိဘေတြ၊ အျခားမိသားစုဝင္မ်ားႏွင့္ မူႀကိဳေက်ာင္းမွ ဆရာမေတြအေနနဲ႔ သိထားသင့္ပါတယ္။
ဆရာဝန္မ်ားႏွင့္ အက်ိဳးအျမတ္မယူေသာ အဖြဲ႕အစည္းမ်ားက အႏၱရာယ္ျဖစ္ေစမယ့္ အလားအလာရွိတဲ့ အခ်ိဳ႕ေသာ အစားအစာမ်ားကို တံဆိပ္ကပ္ဖုိ႔ အစားအစာ ထုတ္လုပ္သူမ်ားႏွင့္ လက္လီေရာင္းခ်သူမ်ားကို တုိက္တြန္းၾကပါတယ္။ ငယ္ရြယ္တဲ့ကေလးေတြကို တခ်ိဳ႕အစားအစာ ေပးထားျခင္းမွ ေရွာင္ၾကဥ္ဖို႔နဲ႔ အစားအစာကို အစိတ္ေသးေသးေလးေတြ လွီးၿပီးမွေကၽြးဖို႔ အေမရိကန္ႏိုင္ငံ ျပည့္သူ႔အက်ိဳးစီးပြား( CSPI) မွာ သိပၸံစင္တာ ဥပေဒေရးရာညႊန္ၾကားေရးမွဴး Bruce Silverglade ကေျပာပါတယ္။

ဟင္းသီးဟင္းရြက္နဲ႔ သစ္သီးေတြကို ကေလးတစ္ကိုက္စာ လွီးျဖတ္ဖို႔ သတိရပါ

ကေလးေတြ လည္ေခ်ာင္းနင္ျခင္းကို ျဖစ္ေပၚေစတာ စပ်စ္သီးတစ္ခုတည္းေတာ့မဟုတ္ပါဘူး။ စပ်စ္သီးတစ္လံုးအရြယ္အစားရွိတဲ့ ခ်ယ္ရီခရမ္းသီး၊ ဘလူးဘယ္ရီသီးမ်ားႏွင့္ တျခားလံုးဝန္းၿပီး မာတဲ့အသီးေတြ ၊ဟင္းသီးဟင္းရြက္ေတြကလည္း အႏၱရာယ္ရွိေစပါတယ္။ ဒီအစားအစာေတြအားလံုးကို အရွည္လိုက္ပိုင္းျဖတ္ဖို႔ မေမ့ပါနဲ႔။ ဒီလိုမွမဟုတ္ရင္ ကေလးရဲ႕လည္ေခ်ာင္းမွာ တစ္ေနႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ကေလးေတြကို အစားအစာေကၽြးတဲ့အခါ လည္ေခ်ာင္းမွာမနင္ေအာင္ ဂရုတစိုက္ေကၽြးဖို႔ လိုပါတယ္။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here