ကလေးငယ်လေးတွေ ဝမ်းနည်းပြီး အထီးကျန်နေချိန်မှာ ဘယ်လိုအထောက်အကူပေးမလဲ

0
1063
- Advertisement -

သင့်ရဲ့ မူကြိုကလေးလေးက စိတ်လှုပ်ရှားမှုကြီးကြီးမားမားနဲ့ ရင်ဆိုင်နေရချိန်မှာ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို စကားပြောခြင်း၊ နေ့စဉ်အလုပ်တွေ ပုံမှန်လုပ်ရဖို့နှင့် ပုံမှန်ကစားနေစေဖို့ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ဘယ်လိုလျှော့ချပေးမလဲ?

၁။ ခံစားချက်တွေအကြောင်း ဆွေးနွေးပါ

မေးခွန်းတွေကို ပွင့်ပွင့်လင်းလင်းမေးပါ။ ”ဘာကြောင့် ဒီလိုခံစားနေရတယ်လို့ ထင်သလဲ” လို့ မေးပါ။ တစ်ဖက်မှာလည်း ကလေးရဲ့ ခံစားချက်တွေကို ပိတ်ပင်ဖို့ မကြိုးစားပါနဲ့။ အဲ့ဒီ့အစား တစ်ခါတရံမှာ ကြောက်လန့်တာက အဆင်ပြေကြောင်း ပြောပြပါ။ သူတို့ရဲ့ အထင်အမြင်တွေကို ပြောပြစေရင်း ခံစားချက်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေရယူပါစေ။ သင်ဟာ သူတို့နဲ့အတူရှိနေပြီး သင့်အနေနဲ့ သူတို့ရဲ့ ခံစားချက်တွေကို နားလည်ကြောင်း ပြောပြပါ။

- Advertisement -

၂။ နေ့စဉ်လုပ်နေကျအလုပ်တွေကို ပုံမှန်လုပ်ပါစေ

အိပ်ရာဝင်ချိန်နှင့် ညစာစားချိန်တွေကို သတ်မှတ်ပေးပြီး နေ့စဉ်စာဖတ်ခြင်း၊ လွတ်လပ်စွာ ကစားခြင်း၊ ကာယလှုပ်ရှားနှင့် သင်တို့နဲ့အတူ ကစားချိန်တွေ သတ်မှတ်ထားပါ။ သင့်မိသားစုအချိန်ဇယားမှာ မိသားစုရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားချိန်တွေ ထည့်သွင်းခြင်းဖြင့် မိသားစုပျော်ရွှင်မှုကို မြှင့်တင်ပါ။

၃။ ပွေ့ဖက်ပါ

ထိတွေ့ခြင်းက ပြင်းထန်တဲ့စိတ်ခံစားချက်တွေကို ဖြေလျော့ဖို့ စကားလုံးတွေထက် အများကြီးပိုပါတယ်။ ကလေးတိုင်းက ပွေ့ဖက်ခံရခြင်းကို သဘောကျကြပါတယ်။ ညအိပ်ရာဝင်ချိန်မှာ ကလေးရဲ့ နောက်ကျောကို ပွတ်ပေးပါ။ ကလေးတွေကို နာတာရှည်အထီးကျန်မှုမျိုးမဖြစ်ပါစေနဲ့။ အထီးကျန်မှုကနေ စိတ်ဒဏ်ရာတွေအဖြစ် ပြောင်းလဲသွားတာမျိုးမဖြစ်ပါစေနဲ့။

၄။ သူတို့ရဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်ပါ

ကျန်းမာသော လူနေမှုပုံစံကို ရွေးချယ်ခြင်းက သင့်ကလေးတွေရဲ့ စိတ်ခံစားမှုအတွက်ပါ အကျုံးဝင်ပါတယ်။ ကျန်းမာရေးနှင့် ညီညွှတ်သော အစားအစာနှင့် လေ့ကျင့်ခန်းတွေဟာ ဝမ်းနည်းခြင်းလက္ခဏာတွေကို လျော့နည်းစေပါတယ်။ သူတို့အထီးကျန်ဝမ်းနည်းနေတဲ့အခါ စက်ဘီးစီးဖို့ (သို့) အကသင်တန်းတစ်ခုခုနှင့် အားကစားအသင်းတစ်ခုခုကို ပါဝင်နိုင်စေဖို့ ကူညီပေးပါ။ တိုတောင်းသော လမ်းလျှောက်မှုကတောင် သူ့အတွက် အကျိုးဖြစ်စေပါလိမ့်မယ်။

Lifestyle_Myanmar

Nyein_Thu

Ref-parent

LEAVE A REPLY

Please enter your comment!
Please enter your name here