Home Parenting Child Care ကလေးငိုနေချိန်၊ စိတ်ပူပန်နေချိန်မှာ သက်သာရာရစေဖို့ မေမေတို့ လုပ်ပေးနိုင်တဲ့ နှိပ်နယ်မှု (၅)ခု

ကလေးငိုနေချိန်၊ စိတ်ပူပန်နေချိန်မှာ သက်သာရာရစေဖို့ မေမေတို့ လုပ်ပေးနိုင်တဲ့ နှိပ်နယ်မှု (၅)ခု

0
ကလေးငိုနေချိန်၊ စိတ်ပူပန်နေချိန်မှာ သက်သာရာရစေဖို့ မေမေတို့ လုပ်ပေးနိုင်တဲ့ နှိပ်နယ်မှု (၅)ခု

အစောပိုင်းကာလမှာ မိဘတစ်ဦးအနေနဲ့ မေမေတို့ တွေ့ကြုံရမယ့် အဓိက စိန်ခေါ်မှုတစ်ခုက ကလေးအား ပြုစုစောင့်ရှောက်ဖို့ သင်ယူခြင်းပင် ဖြစ်ပါတယ်။ မွေးကင်းစကလေးအများစုဟာ ပထမလနှစ်လအတွင်းမှာ ရံဖန်ရံခါ အိပ်ပျော်ဖို့ ခက်ခဲတတ်ပြီး မိဘတွေအတွက် အထူးစိတ်ဖိစီးမှု ဖြစ်စေတဲ့ကာလဖြစ်ပါတယ်။ ဒါပေမယ့် ဖိအားပွိုင့်အချို့ကို နှိပ်နယ်ပေးခြင်းက ကလေးတွေ စိတ်မသက်မသာဖြစ်ပြီး စိတ်တိုနေတဲ့အချိန်မှာ စိတ်တည်ငြိမ်အောင် ကူညီပေးနိုင်ပါတယ်။ လူကြီးတွေလိုပဲ နှိပ်နယ်ပေးခြင်းက ကလေးငယ်တွေ စိတ်မငြိမ်မသက်ဖြစ်နေချိန်မှာ စိတ်ကို အေးချမ်းစေပါတယ်။ ဒါတွေကတော့ ကလေးငိုနေချိန်၊ စိတ်ပူပန်နေချိန်မှာ သက်သာရာရစေဖို့ မေမေတို့လုပ်ပေးနိုင်တဲ့ နှိပ်နယ်မှု (၅)ခုပါ။

၁။ Hand Massage

ကလေး ရင်ဆိုင်ရနိုင်တဲ့ မတူညီသော ပြဿနာတွေကို တိုက်ဖျက်ဖို့အတွက် ညင်သာစွာ နှိပ်ပေးနိုင်ပါတယ်။

  • ကလေးရဲ့ စိတ်ဖိစီးမှုတွေ ပြေပျောက်လိုပါက သူတို့ရဲ့ လက်ညိုးထိပ်ကို နှိပ်ပေးပါ
  • အဖျားကြောင့် မအီမသာ ခံစားနေရပါက လက်ခလယ်ထိပ်ကို ညင်သာစွာ နှိပ်ပေးပါ။
  • ချောင်းဆိုးခြင်းကို သက်သာစေဖို့နဲ့ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို အထောက်အကူဖြစ်စေဖို့အတွက် ကလေးရဲ့လက်သူကြွယ်ထိပ်ကို နှိပ်ပေးနိုင်ပါတယ်။
  • သူတို့ရဲ့ မအီမသာဖြစ်မှုက သွားပေါက်တာနဲ့ ဆက်နွှယ်နေတယ်ဆိုရင် သူတို့ရဲ့လက်ချောင်းထိပ်လေးတွေကို နှိပ်ပေးရပါလိမ့်မယ်။
  • သင့်ကလေး အော့အန်ခြင်း (သို့) ပြင်းထန်သော ကြို့ထိုးခြင်းဖြစ်တဲ့အခါ လက်မကို ဖြည်းဖြည်းချင်း အပေါ်အောက် လှုပ်ရှားမှုဖြင့် ညင်သာစွာ နှိပ်နယ်ပေးရပါမယ်။
  • ဗိုက်နာခြင်း၊ ချောင်းဆိုးခြင်း ပြဿနာများ ခံစားရပါက လက်ဖဝါးကို စက်ဝိုင်းပုံ နှေးကွေးစွာ နှိပ်နယ်ပေးပါ။

၂။ Foot Massage

သင့်ကလေးအတွက် မသက်မသာဖြစ်စေနိုင်သော ဝေဒနာတွေနဲ့ သက်ဆိုင်တဲ့ နှိပ်နယ်နည်း (သို့) နှိပ်ပေးနိုင်တဲ့ ခြေနဲ့ ခြေချောင်းတွေရဲ့ ကွဲပြားသော ဧရိယာတွေပါရှိပါတယ်။

  • ထိပ်ကပ်နာနှင့်ပတ်သက်တဲ့ ပြဿနာများရှိပါက သူတို့ရဲ့ခြေချောင်းထိပ်တွေကို ညင်သာစွာ နှိပ်ပေးနိုင်ပါတယ်။
  • ခြေချောင်းတွေအောက် ညာဘက်ကို နှိပ်နယ်ပေးခြင်းက သင့်ကလေးရဲ့ ရင်ဘတ်အတွက် ကောင်းမွန်ပါတယ်။
  • သူတို့ရဲ့ဝမ်းဗိုက်အပေါ်ပိုင်းကို ပျော်ရွှင်စေချင်ရင် ကလေးရဲ့ခြေဖဝါးအလယ်ကို နှိပ်နယ်ပေးပါ။
  • ကလေးရဲ့ ခြေဖဝါးတွေကို နှိပ်နယ်ပေးခြင်းက သူတို့ရဲ့ တင်ပါးဆုံနေရာကို အကျိုးပြုပါတယ်။
  • သူတို့ရဲ့ ခြေဖနောင့်အဆုံးကို mother earth ဧရိယာလို့ ခေါ်ပါတယ်။ ၎င်းကို နှိုးဆွပေးခြင်းဖြင့် ကလေးအား ဘေးကင်းမှုနဲ့ သက်တောင့်သက်သာရှိမှုတို့ကို ခံစားရစေပါလိမ့်မယ်။

၃။ Face Massage

ကလေးရဲ့ မျက်နှာကို ညင်သာစွာ နှိပ်နယ်ဖို့ မေမေတို့ရဲ့ လက်ချောင်းတွေကို အသုံးပြုနိုင်ပါတယ်။ မေမေတို့ရဲ့လက်မနှစ်ချောင်းနဲ့ သူတို့ရဲ့ နဖူးအလယ်ကနေ ဘေးဘက်ကို လျှောဆင်းပါ၊ နှာရိုးဘေးနှစ်ဖက်ကနေ ပါးပြင် တောက်လျှောက် ဖွဖွလေးပွတ်ဆွဲပေးပါ။ ပြီးတော့ နှုတ်ခမ်းတစ်ဝိုက်ကို နှိပ်နယ်ပေးပါ။

ကလေးရဲ့ ခေါင်းကို လျှော်ပေးနေရင် (သို့) ဆီလိမ်းပေးနေရင် ဦးရေပြားကို ကောင်းမွန်စွာ နှိပ်နယ်ပေးနိုင်ပါတယ်။ ဒီလှုပ်ရှားမှုတွေက သူတို့ကို သက်သာစေပြီး ချက်ခြင်း အိပ်ပျော်စေပါလိမ့်မယ်။

၄။ Chest Massage

ဒါက ကလေးတွေအတွက် ရေပန်းအစားဆုံး နှိပ်နယ်ခြင်း ဖြစ်ပါတယ်။ ကလေးကို ကျောပေါ်တင်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို နှိပ်နယ်ပေးပါ။ ကလေးရဲ့ ပခုံးတွေကို ညင်သာစွာ နှိပ်နယ်ပေးပါ၊ ပြီးနောက် သူတို့ရဲ့ ရင်ဘတ်ဆီသို့ ညင်သာစွာ ပွတ်သပ်ပေးခြင်းဖြင့် အောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားပေးပြီး လုပ်ဆောင်နိုင်ပါတယ်။ သူတို့ကြိုက်တာ၊ မကြိုက်တာကိုကြည့်ပြီး ဖိအားဘယ်လောက်သုံးရမယ်ဆိုတာ တွက်ကြည့်ပါ။ ပန်းတိုင်က သူတို့ကို စိတ်တည်ငြိမ်အောင်ထားဖို့ပါ။ သူတို့ကို ထပ်ပြီး စိတ်တိုစေဖို့ မဟုတ်ပါဘူး။ သင့်ကလေးအား နှိပ်နယ်နေချိန်မှာ သူတို့နဲ့ စကားပြောပြီး ထိတွေ့ဆက်ဆံဖို့ကြိုးစားပါ။ ဒါက မေမေနဲ့ကလေးအတွက် ကောင်းမွန်သော ဆက်ဆံရေးအတွေ့အကြုံတစ်ခု ဖြစ်လာနိုင်ပါတယ်။

၅။ Belly Massage

ကလေးကို ဗိုက်နှိပ်နယ်မှု မပြုလုပ်ပေးခင်မှာ သေချာစစ်ဆေးပါ။ သူတို့ရဲ့ ဗိုက်လေးက ပျော့အိနေရင် ဆက်သွားလို့ရပါတယ်။ ဒါပေမယ့် ကလေးက ဗိုက်အောင့်တာ (ဒါမှမဟုတ်) တခြား ဗိုက်ပြဿနာတွေရှိနေရင် မကိုင်တာ အကောင်းဆုံးပါပဲ။ စက်ဝိုင်းပုံ၊ နာရီလက်တံပုံ ပွတ်သပ်ပေးခြင်းဖြင့် နှိပ်ပေးနိုင်ပါတယ်။ ချက်ဧရိယာကိုရှောင်ပါ။ ကလေးရဲ့ နို့သီးခေါင်းနဲ့ ဗိုက်ကြားရှိ နေရာကို ဖိအားမပါဖို့ လိုအပ်ပါတယ်။ သင့်ရဲ့ထိတွေ့မှုက ပေါ့ပါးပြီး ညင်သာရပါမယ်။ ကလေးဟာ အချိန်တိုအတွင်းမှာ စိတ်အေးလက်အေး ခံစားရမှာ ဖြစ်ပါတယ်။

Chit_MayMay

Nandar

Source-momjunction.

LEAVE A REPLY

Please enter your comment!
Please enter your name here