
မိဘတွေအနေနဲ့ ကိုယ့်ရဲ့ သားသမီးက တစ်ခြားကလေးတွေထက် အလုပ်လုပ်ဆောင်နိုင်စွမ်း နှေးကွေးနေတဲ့အခါ ပထမဆုံးစိတ်မကောင်းဖြစ်ကြသလို စိတ်မရှည်နိုင်ဖြစ်ရမှာလည်း အမှန်ပါပဲ။ မိဘတစ်ဦးအနေနဲ့ သင့်ကလေးဟာ ဘာပဲလုပ်လုပ် နှေးကွေးဖြစ်နေပါသလား? ပျင်းရိပြီး စိတ်လှုပ်ရှားမှုမရှိသော ကလေးတစ်ယောက်နဲ့ ဆက်ဆံနေရပါလား? ဒီလိုတွေ ဘာကြောင့်ဖြစ်နေရသလဲဆိုတဲ့ အကြောင်းရင်းတစ်ချို့ကို ရှာဖွေကြမယ်။

ဒီလို လုပ်ဆောင်နိုင်စွမ်းးနည်းပါးခြင်းအတွက် ဖြစ်နိုင်ခြေအချက်တစ်ချက်က မျိုးရိုးလိုက်ခြင်းဖြစ်ပါတယ်။ သင့်မိသားစုအသိုင်းအဝိုင်းမှာ ဒီလိုသင်ယူမှုနှေးကွေးတဲ့ လူတွေရှိနိုင်မလား တစ်ချက်လေ့လာကြည့်ပါ။ နောက်ဆက်တွဲရလဒ်အနေနဲ့ ဒီလို သင်ယူမှုနှေးကွေးပြီး လုပ်ဆောင်မှုမှာ ကောင်းကောင်းအားမထုတ်နိုင်တဲ့ မျိုးရိုးဗီဇအခြေခံ ပြဿနာတွေက အပြုအမူနှင့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ သုတေသီတွေက အကြံပြုထားပါတယ်။

မိဘတစ်ဦးအနေနဲ့ လုပ်ရမှာက သင်ယူမှုနှေးကွေးခြင်းကို နားလည်အသိအမှတ်ပြုဖို့ဖြစ်ပါတယ်။ ဒီအရာက ကလေးရဲ့ ပညာရေးနှင့် အိမ်တွင်းအခက်အခဲတွေကို နားလည်မှုကို ပိုတိုးပွားစေပါလိမ့်မယ်။
- ဒီအရာက သူတို့အပြစ်မဟုတ်ပါဘူး
ကလေးတွေဟာ သူတို့ရဲ့ လှုပ်ရှားမှု၊ လုပ်ဆောင်မှုပိုင်းမှာ နှေးကွေးနေတဲ့အခါ မိဘတွေနဲ့ ပညာတတ်သူတွေက ဒီနယ်ပယ်မှာ ပိုမိုကောင်းမွန်လာစေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ ဒါပေမယ့် မိဘတွေ၊ ပညာတတ်တွေနှင့် တစ်ခြားလူကြီးတွေရဲ့ ပထမဆုံးအလုပ်က ဒီအခက်အခဲတွေရဲ့ အခြေခံကို နားလည်ဖို့ ဖြစ်ပါတယ်။

- လုပ်ဆောင်မှုနှေးကွေးသော ကလေးတွေကို အောင်မြင်မှုအခြေအနေတစ်ခု သတ်မှတ်ရာမှာ ကူညီပါ – ကလေးကို အဆင်ပြေသင့်တော်တဲ့ နေရာထိုင်ခင်းမျိုးတွေ ပြုလုပ်ပေးပြီး အလုပ်ပြီးမြောက်အောင်မြင်နိုင်စေမယ့် မျှော်လင့်ချက်တွေကို ဖန်တီးပါ။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို အားဖြည့်ပေးခြင်းက အကောင်းဆုံးချဉ်းကပ်မှုဖြစ်ပါတယ်။ အကြိမ်ကြိမ်လုပ်ဖြစ်တဲ့အခါ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေက အောင်မြင်မှုတွေဆီကို ဦးတည်နေသလို ခံစားရလေလေ သူတို့ရဲ့ အနာဂတ်ဟာ အောင်မြင်ဖို့ အခွင့်အလမ်းပိုများလေဖြစ်ပါတယ်။
- ဖြစ်နိုင်ခြေရှိသော အမြန်နှုန်းကို ပြောပြပါ။ ဆိုလိုတာက နှေးကွေးသော အရှိန်အဟုန်နဲ့ လုပ်ဆောင်ခြင်းရဲ့ အပျက်သဘောဆောင်သော သက်ရောက်မှုကို လျှော့ချဖို့အတွက် သူတို့ကို လှုံ့ဆော်နိုင်ဖို့ သင်ကြားပေးပါ။ မရေရာ မသေချာမှုဟာ စိတ်ဖိစီးမှုဖြစ်စေသော အကြောင်းရင်းတစ်ခုဖြစ်တယ်ဆိုတာကို စိတ်ပညာရှင်တွေက ဟိုအရင်ကတည်းက သိထားကြပါတယ်။
- နှေးကွေးသော လုပ်ဆောင်မှုက သူတို့အတွက် ပြဿနာမဖြစ်စေဘဲ သူတို့ရဲ့ ဘဝမှာ သူတို့နဲ့ကိုက်ညီတဲ့ အလုပ်တာဝန်တွေကို ရှာဖွေဖို့ ကလေးတွေကို ကူညီပေးပါ။ နှေးကွေးသော အရှိန်အဟုန်က ပြဿနာမရှိသော လှုပ်ရှားမှုတွေ၊ အကျိုးစီးပွားတွေနှင့် လူမှုရေးဆိုင်ရာ အခွင့်အလမ်းများစွာရှိပါတယ်။
Lifestyle_Myanmar
Nyein_Thu
ref- learningworksforkids