ကလေးတစ်ယောက်နှင့်အတူ သင်ဘယ်တော့မှ မလုပ်သင့်တဲ့ အရာ(၈)ခု

0
176
- Advertisement -

မိခင်တစ်ယောက်ဖြစ်တဲ့အချိန်ဟာ အလုပ်အရှုပ်ဆုံးနဲ့ ကလေးကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာနဲ့ ပတ်သတ်ပြီး စိတ်လှုပ်ရှားစရာအကောင်းဆုံး အချိန်ပါ။ အသစ်စက်စက် မေမေ၊ ဖေဖေတို့မှာ သားသားမီးမီးတို့ကို ပြုစုစောင့်ရှောက်ဖို့ အခက်အခဲတွေ အများကြီး ရှိနိုင်ပါတယ်။ သူတို့လေးတွေကို မှန်မှန်ကန်ကန် ပြုစုစောင့်ရှောက်ဖို့က အရေးကြီးပါတယ်။ တစ်ခါတလေမှာ ကလေးတွေကို မသိလိုက်ဘဲ ပြုမူမိလိုက်တဲ့ အရာလေးတွေ ရှိတတ်ပါတယ်။ ဒါ့ကြောင့် မိခင်အသစ်တွေအတွေက် ကလေးတွေကို ဘယ်အရာတွေမလုပ်သင့်ဘူးလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။
သင်ကိုယ်ဝန်ဆောင်တဲ့အခါ အတွေ့အကြုံရှိတဲ့ မိခင်နှင့် အဖွားဆီက အကြံဉာဏ်တွေ အများကြီး ရပါလိမ့်မယ်။ ဒါပေမယ့် သူတို့အားလုံးက မှန်တယ်လို့ မဆိုလိုပါဘူး။


၁။ ကလေးကို အချိန်အကြာကြီး မငိုစေပါနဲ့

မိခင်တစ်ယောက်အတွက် အရမ်းအလုပ်ရှုပ်တဲ့ အခိုက်အတန့်လေးတွေ ရှိပါတယ်။ ဒါပေမယ့် သင့်ရဲ့ကလေးဟာ အချိန်တိုင်း သင့်ရဲ့ဂရုစိုက်မှု လိုအပ်တယ်ဆိုတာ သတိရပါ။ ငိုခြင်းဟာ သူတို့ရဲ့ လိုအပ်ချက်တွေကို ဖော်ပြစရာရှိတဲ့ နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။
သင့်ကလေးကို အချိန်ကြာမြင့်စွာ ငိုခွင့်ပြုထားရင် အန္တရာယ်ရှိနိုင်ပါတယ်။ သူဟာ ဒုက္ခရောက်ခြင်းကို ခံစားရပါလိမ့်မယ်။ ဒါက သူ့ရဲ့စိတ်ခံစားမှုနှင့် အသိပညာဆိုင်ရာ ဖွံဖြိုးမှု ကိုထိခိုက်ပျက်စီးစေနိုင်ပြီး မလုံခြုံမှုကိုဖြစ်စေတဲ့ စိတ်ဖိစီးမှု levels ကို တိုးစေနိုင်ပါတယ်။ သူ့ကို အမြဲတမ်း ဂရုစိုက်ပေးတာတို့၊ ချော့မြူပေးတာတို့ လုပ်ပေးရင် သင့်မှာ သူတို့ရဲ့ယုံကြည်မှု ခိုင်မာစေပါလိမ့်မယ်။


၂။အိပ်တဲ့အခါ မှောက်ခုံမဖြစ်စေပါနဲ့။

ကလေးတွေကို မှောက်ခုံမှောက်ပေးခြင်းက သူတို့ရဲ့လေ(gas)ကို ထုတ်ပေးဖို့ကူညီတယ်လို့ အရင်တုန်းက လူတွေက ဆိုကြပါတယ်။ ဒါက တကယ်တော့ အသက်ရှုကျပ်ခြင်းဖြင့် ရုတ်တရက်သေဆုံးမှုအခွင့်အလမ်းကို တိုးစေတယ်လို့ လက်ရှိအသိပညာမှာ ဆန့်ကျင်စွာ ပြောထားပါတယ်။ သင့်ရဲ့ကလေးကို ပက်လက်ချပေးထားတာက မလိုလားအပ်တဲ့ အန္တရာယ်များကို ရှောင်ရှားဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။


၃။ ဂရုမစိုက်ဘဲ သူတို့ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့

ကလေးငယ်တွေကို မရွေ့နိုင်ဘူးလို့ ယုံကြည်ပြီး တစ်ယောက်တည်း ထားခဲ့တာဟာ ဆိုးဝါးတဲ့ အမှားတစ်ခုပါ။ ကလေးတင်လို့ရတဲ့ changing table ဒါမှမဟုတ် တခြားမျက်နှာပြင်ပေါ်မှာ တစ်ယောက်တည်း ထားခဲ့ရင် ပြုတ်ကျတာတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေက သူတို့အတွက် လိမ့်ကျဖို့ လွယ်ကူပြီး နာကျင်စေနိုင်ပါတယ်။


၄။ သူတို့ကို အရမ်းလှုပ်ခါတာ၊ ဝှေ့ယမ်းတာ မပြုလုပ်ပါနဲ့

မိဘတွေဟာ ကလေးကို မြှောက်ချီကစားဖို့ ၊အငိုရပ်အောင် ပြုလုပ်ဖို့ မကြာခဏ လှုပ်ယမ်းပါတယ်။တစ်ခါတရံမှာတော့ အလုပ်ဖြစ်ပါတယ်။ သို့သော်လည်း ကလေးက နုနယ်သေးတာကြောင့် အရမ်းလှုပ်ခါတဲ့အခါ အန္တရာယ်ဖြစ်စေပြီး သေတဲ့အထိတောင် ဖြစ်တတ်ပါတယ်။
သေးငယ်တဲ့ ကလေးတွေကို လှုပ်ရမ်းတာ၊ တိုးဝှေ့တာက Shaken Baby Syndrome လို့ခေါ်တဲ့ (ကြမ်းတမ်းစွာ အဆက်မပြတ်လှုပ်ခါမှုကြောင့် ဦးနှောက်ပျက်စီးရတဲ့ အခြေအနေ) ကိုဖြစ်စေပါတယ်။
ဒါက -အတွင်းကြေခြင်းနှင့် ဦးနှောက်တွင်း သွေးယိုခြင်း
– မျက်စိကွယ်ခြင်း
– အကြားအာရုံဆုံးရှုံးခြင်းနှင့် စကားပြောချို့ယွင်းခြင်း
– လည်ပင်းကို ထိခိုက်စေခြင်း
– ရာသက်ပန်ဦးနှောက်ပျက်စီးမှု
– သေဆုံးခြင်း တို့ကိုတောင် ဖြစ်စေနိုင်ပါတယ်။


၅။ ရုပ်ပိုင်းဆိုင်ရာ ဒါဏ်ပေးမှုများ

သင့်ရဲ့သိတတ်နေပြီ၊ အရွယ်ရောက်နေပြီဖြစ်တဲ့ ကလေးဟာ အကြောတင်းတဲ့ကလေးဖြစ်တယ်လို့ထင်ရင် လက်ကို သို့မဟုတ် တင်ပါးကို၊ သူရဲ့ပါးကို မရိုက်သင့်ပါဘူး။ သင်ပြုလုပ်သင့်တဲ့အရာက မျက်လုံးနဲ့ပဲကြည့်ပြီး အသံမာမာနဲ့ ပြောပါ။ သူတို့ကို ရုပ်ပိုင်းဆိုင်ရာ ရိုက်ပြီး အပြစ်ပေးရင် ရလဒ်က မိမိကိုယ်ကို တန်ဖိုးထားစိတ်နိမ့်မှုနှင့်အတူ ရန်လိုတတ်တဲ့ကလေး ဖြစ်နိုင်ပါတယ်။ မိဘတွေရဲ့ရှေ့မှာ စိတ်မသက်မသာ ခံစားရတာကြောင့် သူ့ကိုယ်သူ ယုံကြည်မှု ကျဆင်းသွားပါလိမ့်မယ်။ အသိဉာဏ်တိုးတတ်မှုချို့တဲ့ပြီး တခြားဖြစ်နိုင်တဲ့ ရလဒ်ကတော့ အသစ်တွေကို သင်ယူဖို့ စိတ်အားထက်သန်မှု နည်းပါးတာတွေ ဖြစ်နိုင်ပါတယ်။


၆။ လေချဉ်တတ်တာ၊ ကြို့ထိုးတာတွေ မဖြစ်ပါစေနဲ့

သင့်ကလေးကို နို့တိုက်ပြီးတဲ့အခါမှာ လေချဉ်တက်တာတွေ၊ ကြို့ထိုးတာတွေ မဖြစ်အောင် ဂရုစိုက်ပေးသင့်ပါတယ်။ ကလေးကို နို့တိုက်ပြီးနောက်မှာ လေထုတ်ပေးရပါမယ်။ ဒီလိုမလုပ်ရင် ကလေးမှာ မအီမသာ ခံစားရစေပြီး ဗိုက်နာတာတွေ ဖြစ်တတ်ပါတယ်။ ကလေးကို လက်တစ်ဖက်က ထိန်းထားပြီး ကျန်လက်တစ်ဖက်နဲ့ ကလေးရဲ့ ကျောကို ညင်ညင်သာသားလေး ပုတ်လိုက်တာနဲ့ လေတွေထွက်လာနိုင်ပါတယ်။ ပွတ်ပေးတာမျိုးလည်း လုပ်လို့ ရပါတယ်။


၇။ မတူတဲ့ အစားအစာများကို ကျွေးခြင်း

ကလေးကို မိခင်နို့ ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားထားတဲ့ ဖော်မြူလာနို့မှုန့်ထက် တခြားအစားအစာကို ကျွေးတာက အလွန်ဖြစ်တတ်တဲ့ အမှားတစ်ခုဖြစ်ပါတယ်။ ကလေးရဲ့အစာခြေစနစ်က သူ့ရဲ့ပထမလတွေမှာ ဖွံ့ဖြိုးဆဲ ဖြစ်ပါတယ်။ အစားအစာ ဓါတ်မတည့်ခြင်း တို့ဖြစ်နိုင်တာကြောင့် တခြားအစားအစာတွေ မကျွေးသင့်ပါဘူး။


၈။ ဘက်တီးရီးယားများ၊ ဗိုင်းရပ်စ်ပိုးများနှင့် မထိတွေ့စေပါနဲ့

မဆေးကြောထားတဲ့ လက်နဲ့ သူတို့ကို ထိတာ၊ ကိုင်တွယ်တာ ဘယ်တော့မှမပြုလုပ်သင့်ပါဘူး။ တစ်နေ့ကို အကြိမ်ပေါင်းများစွာ သင့်လက်ကိုဆေးသင့်ပါတယ်။ ဒီနည်းလမ်းက ဗိုင်းရပ်စ်များ ဘက်တီးရီးယားရောဂါများ ပြန့်ပွားမှုကို ထိရောက်စါာ ရှောင်ရှားနိုင်ပါတယ်။
အရေးကြီးဆုံးတစ်ခုက အဆုတ်ရောင်၊ ချောင်းဆိုးရင်ကျပ် သို့မဟုတ် တခြားပြင်းထန်တဲ့ အသက်ရှုလမ်းကြောင်းပြဿနာများ ကူးစက်နိုင်တာကြောင့် သင့်ကလေးကို တုပ်ကွေး၊ အအေးမိလက္ခဏာရှိသူတွေနဲ့ ဝေးဝေးမှာ ထားဖို့ပါပဲ။
သင့်ရဲ့ကလေးကို ဘယ်လိုဂရုစိုက်ရမလဲဆိုတဲ့ အကြောင်း စိတ်ပူတယ်ဆိုရင် အတွေ့ကြုံရှိတဲ့သူတွေဆီက အကူညီနှင့် လိုအပ်တဲ့ အကြံဉာဏ်တွေ တောင်းဖို့ မတွန့်ဆုတ်ပါနဲ့။

Lifestyle_Myanmar

LM_Nandar

Source-steptohealth

Zawgyi Font

ကေလးတစ္ေယာက္ႏွင့္အတူ သင္ဘယ္ေတာ့မွ မလုပ္သင့္တဲ့ အရာ(၈)ခု

မိခင္တစ္ေယာက္ျဖစ္တဲ့အခ်ိန္ဟာ အလုပ္အရႈပ္ဆုံးနဲ႔ ကေလးကို ဘယ္လိုဂ႐ုစိုက္ရမလဲဆိုတာနဲ႔ ပတ္သတ္ၿပီး စိတ္လႈပ္ရွားစရာအေကာင္းဆုံး အခ်ိန္ပါ။ အသစ္စက္စက္ ေမေမ၊ ေဖေဖတို႔မွာ သားသားမီးမီးတို႔ကို ျပဳစုေစာင့္ေရွာက္ဖို႔ အခက္အခဲေတြ အမ်ားႀကီး ရွိႏိုင္ပါတယ္။ သူတို႔ေလးေတြကို မွန္မွန္ကန္ကန္ ျပဳစုေစာင့္ေရွာက္ဖို႔က အေရးႀကီးပါတယ္။ တစ္ခါတေလမွာ ကေလးေတြကို မသိလိုက္ဘဲ ျပဳမူမိလိုက္တဲ့ အရာေလးေတြ ရွိတတ္ပါတယ္။ ဒါ့ေၾကာင့္ မိခင္အသစ္ေတြအေတြက္ ကေလးေတြကို ဘယ္အရာေတြမလုပ္သင့္ဘူးလဲဆိုတာ ေလ့လာထားဖို႔ လိုအပ္ပါတယ္။
သင္ကိုယ္ဝန္ေဆာင္တဲ့အခါ အေတြ႕အႀကဳံရွိတဲ့ မိခင္ႏွင့္ အဖြားဆီက အႀကံဉာဏ္ေတြ အမ်ားႀကီး ရပါလိမ့္မယ္။ ဒါေပမယ့္ သူတို႔အားလုံးက မွန္တယ္လို႔ မဆိုလိုပါဘူး။


၁။ ကေလးကို အခ်ိန္အၾကာႀကီး မငိုေစပါနဲ႔

မိခင္တစ္ေယာက္အတြက္ အရမ္းအလုပ္ရႈပ္တဲ့ အခိုက္အတန႔္ေလးေတြ ရွိပါတယ္။ ဒါေပမယ့္ သင့္ရဲ႕ကေလးဟာ အခ်ိန္တိုင္း သင့္ရဲ႕ဂ႐ုစိုက္မႈ လိုအပ္တယ္ဆိုတာ သတိရပါ။ ငိုျခင္းဟာ သူတို႔ရဲ႕ လိုအပ္ခ်က္ေတြကို ေဖာ္ျပစရာရွိတဲ့ နည္းလမ္းတစ္ခုသာ ျဖစ္ပါတယ္။
သင့္ကေလးကို အခ်ိန္ၾကာျမင့္စြာ ငိုခြင့္ျပဳထားရင္ အႏၲရာယ္ရွိႏိုင္ပါတယ္။ သူဟာ ဒုကၡေရာက္ျခင္းကို ခံစားရပါလိမ့္မယ္။ ဒါက သူ႔ရဲ႕စိတ္ခံစားမႈႏွင့္ အသိပညာဆိုင္ရာ ဖြံၿဖိဳးမႈ ကိုထိခိုက္ပ်က္စီးေစႏိုင္ၿပီး မလုံၿခဳံမႈကိုျဖစ္ေစတဲ့ စိတ္ဖိစီးမႈ levels ကို တိုးေစႏိုင္ပါတယ္။ သူ႔ကို အၿမဲတမ္း ဂ႐ုစိုက္ေပးတာတို႔၊ ေခ်ာ့ျမဴေပးတာတို႔ လုပ္ေပးရင္ သင့္မွာ သူတို႔ရဲ႕ယုံၾကည္မႈ ခိုင္မာေစပါလိမ့္မယ္။


၂။အိပ္တဲ့အခါ ေမွာက္ခုံမျဖစ္ေစပါနဲ႔။

ကေလးေတြကို ေမွာက္ခုံေမွာက္ေပးျခင္းက သူတို႔ရဲ႕ေလ(gas)ကို ထုတ္ေပးဖို႔ကူညီတယ္လို႔ အရင္တုန္းက လူေတြက ဆိုၾကပါတယ္။ ဒါက တကယ္ေတာ့ အသက္ရႈက်ပ္ျခင္းျဖင့္ ႐ုတ္တရက္ေသဆုံးမႈအခြင့္အလမ္းကို တိုးေစတယ္လို႔ လက္ရွိအသိပညာမွာ ဆန႔္က်င္စြာ ေျပာထားပါတယ္။ သင့္ရဲ႕ကေလးကို ပက္လက္ခ်ေပးထားတာက မလိုလားအပ္တဲ့ အႏၲရာယ္မ်ားကို ေရွာင္ရွားဖို႔ အေကာင္းဆုံးနည္းလမ္းျဖစ္ပါတယ္။


၃။ ဂ႐ုမစိုက္ဘဲ သူတို႔ကို တစ္ေယာက္တည္း မထားခဲ့ပါနဲ႔

ကေလးငယ္ေတြကို မေ႐ြ႕ႏိုင္ဘူးလို႔ ယုံၾကည္ၿပီး တစ္ေယာက္တည္း ထားခဲ့တာဟာ ဆိုးဝါးတဲ့ အမွားတစ္ခုပါ။ ကေလးတင္လို႔ရတဲ့ changing table ဒါမွမဟုတ္ တျခားမ်က္ႏွာျပင္ေပၚမွာ တစ္ေယာက္တည္း ထားခဲ့ရင္ ျပဳတ္က်တာေတြ ျဖစ္ႏိုင္ပါတယ္။ ဒါေတြက သူတို႔အတြက္ လိမ့္က်ဖို႔ လြယ္ကူၿပီး နာက်င္ေစႏိုင္ပါတယ္။


၄။ သူတို႔ကို အရမ္းလႈပ္ခါတာ၊ ေဝွ႔ယမ္းတာ မျပဳလုပ္ပါနဲ႔

မိဘေတြဟာ ကေလးကို ေျမႇာက္ခ်ီကစားဖို႔ ၊အငိုရပ္ေအာင္ ျပဳလုပ္ဖို႔ မၾကာခဏ လႈပ္ယမ္းပါတယ္။တစ္ခါတရံမွာေတာ့ အလုပ္ျဖစ္ပါတယ္။ သို႔ေသာ္လည္း ကေလးက ႏုနယ္ေသးတာေၾကာင့္ အရမ္းလႈပ္ခါတဲ့အခါ အႏၲရာယ္ျဖစ္ေစၿပီး ေသတဲ့အထိေတာင္ ျဖစ္တတ္ပါတယ္။
ေသးငယ္တဲ့ ကေလးေတြကို လႈပ္ရမ္းတာ၊ တိုးေဝွ႔တာက Shaken Baby Syndrome လို႔ေခၚတဲ့ (ၾကမ္းတမ္းစြာ အဆက္မျပတ္လႈပ္ခါမႈေၾကာင့္ ဦးေႏွာက္ပ်က္စီးရတဲ့ အေျခအေန) ကိုျဖစ္ေစပါတယ္။
ဒါက -အတြင္းေၾကျခင္းႏွင့္ ဦးေႏွာက္တြင္း ေသြးယိုျခင္း
– မ်က္စိကြယ္ျခင္း
– အၾကားအာ႐ုံဆုံးရႈံးျခင္းႏွင့္ စကားေျပာခ်ိဳ႕ယြင္းျခင္း
– လည္ပင္းကို ထိခိုက္ေစျခင္း
– ရာသက္ပန္ဦးေႏွာက္ပ်က္စီးမႈ
– ေသဆုံးျခင္း တို႔ကိုေတာင္ ျဖစ္ေစႏိုင္ပါတယ္။


၅။ ႐ုပ္ပိုင္းဆိုင္ရာ ဒါဏ္ေပးမႈမ်ား

သင့္ရဲ႕သိတတ္ေနၿပီ၊ အ႐ြယ္ေရာက္ေနၿပီျဖစ္တဲ့ ကေလးဟာ အေၾကာတင္းတဲ့ကေလးျဖစ္တယ္လို႔ထင္ရင္ လက္ကို သို႔မဟုတ္ တင္ပါးကို၊ သူရဲ႕ပါးကို မ႐ိုက္သင့္ပါဘူး။ သင္ျပဳလုပ္သင့္တဲ့အရာက မ်က္လုံးနဲ႔ပဲၾကည့္ၿပီး အသံမာမာနဲ႔ ေျပာပါ။ သူတို႔ကို ႐ုပ္ပိုင္းဆိုင္ရာ ႐ိုက္ၿပီး အျပစ္ေပးရင္ ရလဒ္က မိမိကိုယ္ကို တန္ဖိုးထားစိတ္နိမ့္မႈႏွင့္အတူ ရန္လိုတတ္တဲ့ကေလး ျဖစ္ႏိုင္ပါတယ္။ မိဘေတြရဲ႕ေရွ႕မွာ စိတ္မသက္မသာ ခံစားရတာေၾကာင့္ သူ႔ကိုယ္သူ ယုံၾကည္မႈ က်ဆင္းသြားပါလိမ့္မယ္။ အသိဉာဏ္တိုးတတ္မႈခ်ိဳ႕တဲ့ၿပီး တျခားျဖစ္ႏိုင္တဲ့ ရလဒ္ကေတာ့ အသစ္ေတြကို သင္ယူဖို႔ စိတ္အားထက္သန္မႈ နည္းပါးတာေတြ ျဖစ္ႏိုင္ပါတယ္။


၆။ ေလခ်ဥ္တတ္တာ၊ ႀကိဳ႕ထိုးတာေတြ မျဖစ္ပါေစနဲ႔

သင့္ကေလးကို ႏို႔တိုက္ၿပီးတဲ့အခါမွာ ေလခ်ဥ္တက္တာေတြ၊ ႀကိဳ႕ထိုးတာေတြ မျဖစ္ေအာင္ ဂ႐ုစိုက္ေပးသင့္ပါတယ္။ ကေလးကို ႏို႔တိုက္ၿပီးေနာက္မွာ ေလထုတ္ေပးရပါမယ္။ ဒီလိုမလုပ္ရင္ ကေလးမွာ မအီမသာ ခံစားရေစၿပီး ဗိုက္နာတာေတြ ျဖစ္တတ္ပါတယ္။ ကေလးကို လက္တစ္ဖက္က ထိန္းထားၿပီး က်န္လက္တစ္ဖက္နဲ႔ ကေလးရဲ႕ ေက်ာကို ညင္ညင္သာသားေလး ပုတ္လိုက္တာနဲ႔ ေလေတြထြက္လာႏိုင္ပါတယ္။ ပြတ္ေပးတာမ်ိဳးလည္း လုပ္လို႔ ရပါတယ္။


၇။ မတူတဲ့ အစားအစာမ်ားကို ေကြၽးျခင္း

ကေလးကို မိခင္ႏို႔ ဒါမွမဟုတ္ ဆရာဝန္ၫႊန္ၾကားထားတဲ့ ေဖာ္ျမဴလာႏို႔မႈန႔္ထက္ တျခားအစားအစာကို ေကြၽးတာက အလြန္ျဖစ္တတ္တဲ့ အမွားတစ္ခုျဖစ္ပါတယ္။ ကေလးရဲ႕အစာေျခစနစ္က သူ႔ရဲ႕ပထမလေတြမွာ ဖြံ႕ၿဖိဳးဆဲ ျဖစ္ပါတယ္။ အစားအစာ ဓါတ္မတည့္ျခင္း တို႔ျဖစ္ႏိုင္တာေၾကာင့္ တျခားအစားအစာေတြ မေကြၽးသင့္ပါဘူး။


၈။ ဘက္တီးရီးယားမ်ား၊ ဗိုင္းရပ္စ္ပိုးမ်ားႏွင့္ မထိေတြ႕ေစပါနဲ႔

မေဆးေၾကာထားတဲ့ လက္နဲ႔ သူတို႔ကို ထိတာ၊ ကိုင္တြယ္တာ ဘယ္ေတာ့မွမျပဳလုပ္သင့္ပါဘူး။ တစ္ေန႔ကို အႀကိမ္ေပါင္းမ်ားစြာ သင့္လက္ကိုေဆးသင့္ပါတယ္။ ဒီနည္းလမ္းက ဗိုင္းရပ္စ္မ်ား ဘက္တီးရီးယားေရာဂါမ်ား ျပန႔္ပြားမႈကို ထိေရာက္စါာ ေရွာင္ရွားႏိုင္ပါတယ္။
အေရးႀကီးဆုံးတစ္ခုက အဆုတ္ေရာင္၊ ေခ်ာင္းဆိုးရင္က်ပ္ သို႔မဟုတ္ တျခားျပင္းထန္တဲ့ အသက္ရႈလမ္းေၾကာင္းျပႆနာမ်ား ကူးစက္ႏိုင္တာေၾကာင့္ သင့္ကေလးကို တုပ္ေကြး၊ အေအးမိလကၡဏာရွိသူေတြနဲ႔ ေဝးေဝးမွာ ထားဖို႔ပါပဲ။
သင့္ရဲ႕ကေလးကို ဘယ္လိုဂ႐ုစိုက္ရမလဲဆိုတဲ့ အေၾကာင္း စိတ္ပူတယ္ဆိုရင္ အေတြ႕ႀကဳံရွိတဲ့သူေတြဆီက အကူညီႏွင့္ လိုအပ္တဲ့ အႀကံဉာဏ္ေတြ ေတာင္းဖို႔ မတြန႔္ဆုတ္ပါနဲ႔။

Lifestyle_Myanmar

LM_Nandar

Source-steptohealth

LEAVE A REPLY

Please enter your comment!
Please enter your name here