မွေးကင်းစကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ရတာဟာ ပထမဆုံး ကလေးစယူမဲ့ အမေအသစ်တွေအတွက်ကတော့ စိန်ခေါ်မှုကြီးတစ်ခုလိုပါပဲ။ ကလေးတစ်ယောက်ရဲ့ ပထမဆုံးတစ်နှစ်တာဟာ မိခင်တွေအတွက် အပင်ပန်းဆုံးအချိန်လည်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ရဲ့ဖွံ့ဖြိုးလာမှုကို မြင်တွေ့ရတဲ့အချိန်မှာတော့ အမေတွေဟာ ပင်ပန်းမှုတွေအားလုံး ယူပစ်သလိုပျောက်ကင်းရပါတယ်။ ဒါကြောင့် ကလေးတစ်ယောက်ရဲ့ ပထမဆုံးတစ်နှစ်တာ ဖွံ့ဖြိုးမှုမှတ်တမ်း သို့မဟုတ် ကလေးတစ်ယောက်ရဲ့ မိုင်တိုင်များကို ဗဟုသုတရစေရန်နဲ့ ကျန်းမာရေးအသိအမြင် ကြွယ်ဝစေရန် ဖော်ပြပေးလိုက်ပါတယ်။
အပြုံး
မွေးကင်းစကလေးရဲ့ ပထမဆုံးနှစ်လဟာ မိခင်တွေအိပ်ရေးအပျက်ရဆုံး လဖြစ်ပြီး မိခင်တွေအတွက် ဆုလာဒ်အနေနဲ့ ကလေးလေး စတင်ပြုံးတတ်လာတာကို မြင်တွေ့ရပါလိမ့်မယ်။ ဒီလိုအချိန်မှာ သင်ပြုံးပြတဲ့အခါ ကလေးကသွားဖုံးလေးပေါ်အောင် ပြုံးပြတတ်ပြီး သင့်ရဲ့အသံနဲ့ မျက်နှာက သူတို့အတွက်စိတ်ချမ်းသာစရာအဖြစ် စတင်ခံစားတတ်နေပါပြီ။

ရယ်မောခြင်းများ
ကလေးတွေရဲ့ ပထမဆုံးလေးလတာကာလမှာ သူတို့ရဲ့ငိုသံကို သင်ကြိမ်ဖန်များစွာ ကြားရပါလိမ့်မယ်။ ဒါပေမယ့် လေးလပြည့်တဲ့အခါ သင်ကြားဖူးသမျှ အသံတွေထဲမှာ အသာယာဆုံးဖြစ်တဲ့ အခြားအသံတစ်ခုကို သူ့ဆီကသင်ကြားရပါလိမ့်မယ်။ ဒါဟာ သင့်ကလေးရဲ့ ရယ်သံပါပဲ။ သူတို့ရဲ့ တခစ်ခစ်ရယ်သံက သင့်ရဲ့ပင်ပန်းမှုတွေကို ပြေပျောက်စေသလို ခွန်အားတွေလည်း တိုးစေပါလိမ့်မယ်။

တစ်ညလုံးအပြည့်အ၀ အိပ်လာမယ်
သူတို့တွေရဲ့ အသက်၄ လကနေ ၆ လအတွင်းမှာတော့ အရင်လိုမိခင်တွေ အိပ်ရေးပျက်မှုတွေကို အနားပေးတဲ့အနေနဲ့ သူတို့တွေ ညဉ့်လုံးပေါက် အိပ်စက်လာကြပါတယ်။ ဒါဟာသူတို့ရဲ့ သဘာဝအရဖြစ်တာကြောင့် ကျန်းမာရေးပြဿနာ မဟုတ်တဲ့အတွက် သင်စိတ်အေးလက်အေး အနားယူနိုင်ပါတယ်။

ထိုင်တတ်လာမယ်
ကလေးအများစုဟာ ပုံမှန်အားဖြင့် ၅ လကနေ ၆ လဝန်းကျင်မှာ ကမ္ဘာကြီးကို အမြင်အသစ်နဲ့ မြင်နိုင်စေဖို့ အကူအညီနဲ့ ထိုင်ခိုင်းလို့ ရနေပါပြီ၊ သူတို့ကိုထိုင်စေတဲ့အခါမှာ ခေါင်းအုံး သို့မဟုတ် ပရိဘောဂတစ်ခုခုကို အရှေ့အနောက် ခံထားပေးဖို့ မမေ့ပါနဲ့။ ၇ လကနေ ၉ လဆိုရင်တော့ သူတို့ဖာသာသူတို့ ထိုင်တတ်နေပါပြီ။

တွားသွားတတ်လာမယ်
တကယ်လို့ သင့်ကလေးအသက် ၈ လရောက်တဲ့အခါမှာ အိမ်အလုပ်တွေကို သင်လုပ်နေနိုင်ပါပြီ၊ ဒီအချိန်မှာ သူတို့တွားသွားပြီး ဆော့ကစားတတ်နေတာကြောင့် ကစားစရာလေးတွေကို ပေးထားလိုက်ရင် သူတို့တွေ ပျော်မြူးပြီး ကစားနေမှာဖြစ်သလို အိမ်အနှံ့တွားသွားပြီး လည်ပတ်ပါလိမ့်မယ်။ ၉ လရောက်တဲ့အခါ သူတို့ရဲ့ လက်နဲ့ခြေကိုအသုံးပြုပြီး လေးဖက်ထောက်သွားတတ်လာသလို ဝမ်းလျှားမှောက်ပြီး တွားသွားခြင်းကို ထပ်မလုပ်ကြတော့ပါဘူး။

လက်ယမ်းပြီး နှုတ်ဆက်တတ်လာမယ်
ကလေးငယ်တွေ လက်ယမ်းပြီး နှုတ်ဆက်တတ်တာဟာ ချစ်စရာအပြုအမူသက်သက် မဟုတ်ပါဘူး။ ဒါဟာ ဘာသာစကားတစ်ခုကို ထုတ်ဖော်ပြသတာလည်းဖြစ်ပါတယ်။ ဒီလိုအမူအယာတွေကို သူတို့တွေ ၉လရောက်တဲ့အခါမှာ ပြုလုပ်တတ်ကြပြီး လက်ယမ်းပြခြင်းဟာ Bye-Bye ဆိုတဲ့အဓိပ္ပာယ်ဆိုတာကို သူတို့တွေ သဘောပေါက် နားလည်လာကြပါတယ်။

လက်နဲ့စားလာမယ်
ကလေးတွေသူတို့ကိုယ်တိုင် စားတတ်လာတာနဲ့အမျှ အရင်လိုဇွန်းနဲ့ခွံကျွေးတာကို သူတို့တွေသိပ်မကြိုက်ကြတော့ပါဘူး၊ ဒီလိုအချိန်ဟာ ၉ လနဲ့ ၁၂လကြားမှာ ဖြစ်လာပြီး သူတို့ရဲ့လက်ချောင်းတွေကို အရာဝတ္တုတွေကို ဖမ်းယူဆုပ်ကိုင်ဖို့၊ ထိန်းချုပ်ဖို့ အကောင်းဆုံးဖွံ့ဖြိုးလာပါတယ်။ ဒါပေမယ့် ကံမကောင်းတာတစ်ခုက သူတို့တွေကို တစ်ယောက်တည်းပစ်ထားတဲ့အခါ သူတို့တွေ အင်းအင်းပါတတ်ပြီး ပြန်စားတတ်ကြတာကိုတော့ သတိထားစေချင်ပါတယ်။ သူတို့ကိုယ်တိုင်အရာရာကို စတင်စူးစမ်းလာတဲ့အချိန် ဖြစ်တာကြောင့် ပတ်ဝန်းကျင်မှာ အန္တရာယ်ကင်းဖို့၊ လုံခြုံဖို့မိဘတွေ စတင်စိတ်ပူပန်လာရပါလိမ့်မယ်။

မတ်တပ်စမ်းလာမယ်
အသက် ၁၂ ဆိုရင် ကလေးအများစုဟာ အကူအညီမပါပဲ စတင်မတ်တပ်စမ်းတတ်နေပါပြီ။ ဒါပေမယ့်အကြာကြီးတော့ မရသေးပါဘူး။ ဒီလိုအရွယ်မှာ အရာဝတ္တုတွေဆီသွားဖို့အတွက် ခြေလှမ်းတွေ ကြိုးစားလှမ်းကြသလို လွတ်လပ်စွာလမ်းလျှောက်တတ်ဖို့ နာရီပေါင်းများစွာ သူတို့ကိုယ်တိုင်လေ့ကျင့်နေတာကို သင်မြင်တွေ့ရပါလိမ့်မယ်။

စကားတွေ ပြောလာမယ်
ပုံမှန်အားဖြင့် သူတို့တွေတစ်နှစ်ရောက်တဲ့အခါမှာ ဖေဖေ၊ မေမေ ဆိုတဲ့သူတို့ရဲ့ခေါ်သံကို သင်ကြားရပါလိမ့်မယ်။ ဒါ့အပြင် အခြားသူတွေပြောတာကို အနည်းအကျဉ်း နားလည်လာကြပြီး တုပပြောဆိုဖို့ ကြိုးစားလာကြပါတယ်။ သင့်ကလေးစိတ်ထဲမှာ ရှိတာကိုကြားခွင့်ရတဲ့ အချိန်ဆိုတော့ ပျော်စရာကောင်းတဲ့ အချိန်တစ်ခုပါပဲ။

LM_Naung_Naung
Chit_MayMay
Zawgyi Font
ကေလးတစ္ေယာက္ရဲ႕ မိုင္တိုင္မ်ား(သို႕) တစ္ႏွစ္တာဖြံ႕ၿဖိဳးမႈမွတ္တမ္း

ေမြးကင္းစကေလးတစ္ေယာက္ကို ျပဳစုေစာင့္ေရွာက္ရတာဟာ ပထမဆံုး ကေလးစယူမဲ့ အေမအသစ္ေတြအတြက္ကေတာ့ စိန္ေခၚမႈႀကီးတစ္ခုလိုပါပဲ။ ကေလးတစ္ေယာက္ရဲ႕ ပထမဆံုးတစ္ႏွစ္တာဟာ မိခင္ေတြအတြက္ အပင္ပန္းဆံုးအခ်ိန္လည္း ျဖစ္ပါလိမ့္မယ္။ ဒါေပမဲ့ သူတို႔ရဲ႕ဖြံ႕ၿဖိဳးလာမႈကို ျမင္ေတြ႔ရတဲ့အခ်ိန္မွာေတာ့ အေမေတြဟာ ပင္ပန္းမႈေတြအားလံုး ယူပစ္သလိုေပ်ာက္ကင္းရပါတယ္။ ဒါေၾကာင့္ ကေလးတစ္ေယာက္ရဲ႕ ပထမဆံုးတစ္ႏွစ္တာ ဖြံ႕ၿဖိဳးမႈမွတ္တမ္း သို႔မဟုတ္ ကေလးတစ္ေယာက္ရဲ႕ မိုင္တိုင္မ်ားကို ဗဟုသုတရေစရန္နဲ႔ က်န္းမာေရးအသိအျမင္ ၾကြယ္၀ေစရန္ ေဖာ္ျပေပးလိုက္ပါတယ္။
အၿပံဳး
ေမြးကင္းစကေလးရဲ႕ ပထမဆံုးႏွစ္လဟာ မိခင္ေတြအိပ္ေရးအပ်က္ရဆံုး လျဖစ္ၿပီး မိခင္ေတြအတြက္ ဆုလာဒ္အေနနဲ႔ ကေလးေလး စတင္ျပံဳးတတ္လာတာကို ျမင္ေတြ႕ရပါလိမ့္မယ္။ ဒီလိုအခ်ိန္မွာ သင္ျပံဳးျပတဲ့အခါ ကေလးကသြားဖံုးေလးေပၚေအာင္ ျပံဳးျပတတ္ၿပီး သင့္ရဲ႕အသံနဲ႔ မ်က္ႏွာက သူတို႔အတြက္စိတ္ခ်မ္းသာစရာအျဖစ္ စတင္ခံစားတတ္ေနပါၿပီ။

ရယ္ေမာျခင္းမ်ား
ကေလးေတြရဲ႕ ပထမဆံုးေလးလတာကာလမွာ သူတို႔ရဲ႕ငိုသံကို သင္ႀကိမ္ဖန္မ်ားစြာ ၾကားရပါလိမ့္မယ္။ ဒါေပမယ့္ ေလးလျပည့္တဲ့အခါ သင္ၾကားဖူးသမွ် အသံေတြထဲမွာ အသာယာဆံုးျဖစ္တဲ့ အျခားအသံတစ္ခုကို သူ႕ဆီကသင္ၾကားရပါလိမ့္မယ္။ ဒါဟာ သင့္ကေလးရဲ႕ ရယ္သံပါပဲ။ သူတို႔ရဲ႕ တခစ္ခစ္ရယ္သံက သင့္ရဲ႕ပင္ပန္းမႈေတြကို ေျပေပ်ာက္ေစသလို ခြန္အားေတြလည္း တိုးေစပါလိမ့္မယ္။

တစ္ညလံုးအျပည့္အ၀ အိပ္လာမယ္
သူတို႔ေတြရဲ႕ အသက္၄ လကေန ၆ လအတြင္းမွာေတာ့ အရင္လိုမိခင္ေတြ အိပ္ေရးပ်က္မႈေတြကို အနားေပးတဲ့အေနနဲ႔ သူတို႔ေတြ ညဥ့္လံုးေပါက္ အိပ္စက္လာၾကပါတယ္။ ဒါဟာသူတို႔ရဲ႕ သဘာ၀အရျဖစ္တာေၾကာင့္ က်န္းမာေရးျပႆနာ မဟုတ္တဲ့အတြက္ သင္စိတ္ေအးလက္ေအး အနားယူႏိုင္ပါတယ္။

ထိုင္တတ္လာမယ္
ကေလးအမ်ားစုဟာ ပံုမွန္အားျဖင့္ ၅ လကေန ၆ လ၀န္းက်င္မွာ ကမာၻႀကီးကို အျမင္အသစ္နဲ႔ ျမင္ႏိုင္ေစဖို႔ အကူအညီနဲ႕ ထိုင္ခိုင္းလို႔ ရေနပါၿပီ၊ သူတို႔ကိုထိုင္ေစတဲ့အခါမွာ ေခါင္းအံုး သို႔မဟုတ္ ပရိေဘာဂတစ္ခုခုကို အေရွ႕အေနာက္ ခံထားေပးဖို႔ မေမ့ပါနဲ႔။ ၇ လကေန ၉ လဆိုရင္ေတာ့ သူတို႔ဖာသာသူတို႔ ထိုင္တတ္ေနပါၿပီ။

တြားသြားတတ္လာမယ္
တကယ္လို႔ သင့္ကေလးအသက္ ၈ လေရာက္တဲ့အခါမွာ အိမ္အလုပ္ေတြကို သင္လုပ္ေနႏိုင္ပါၿပီ၊ ဒီအခ်ိန္မွာ သူတို႔တြားသြားၿပီး ေဆာ့ကစားတတ္ေနတာေၾကာင့္ ကစားစရာေလးေတြကို ေပးထားလိုက္ရင္ သူတို႔ေတြ ေပ်ာ္ျမဴးၿပီး ကစားေနမွာျဖစ္သလို အိမ္အႏွံ႕တြားသြားၿပီး လည္ပတ္ပါလိမ့္မယ္။ ၉ လေရာက္တဲ့အခါ သူတို႔ရဲ႕ လက္နဲ႔ေျခကိုအသံုးျပဳၿပီး ေလးဖက္ေထာက္သြားတတ္လာသလို ၀မ္းလွ်ားေမွာက္ၿပီး တြားသြားျခင္းကို ထပ္မလုပ္ၾကေတာ့ပါဘူး။

လက္ယမ္းၿပီး ႏႈတ္ဆက္တတ္လာမယ္
ကေလးငယ္ေတြ လက္ယမ္းၿပီး ႏႈတ္ဆက္တတ္တာဟာ ခ်စ္စရာအျပဳအမူသက္သက္ မဟုတ္ပါဘူး။ ဒါဟာ ဘာသာစကားတစ္ခုကို ထုတ္ေဖာ္ျပသတာလည္းျဖစ္ပါတယ္။ ဒီလိုအမူအယာေတြကို သူတို႔ေတြ ၉လေရာက္တဲ့အခါမွာ ျပဳလုပ္တတ္ၾကၿပီး လက္ယမ္းျပျခင္းဟာ Bye-Bye ဆိုတဲ့အဓိပၸာယ္ဆိုတာကို သူတို႔ေတြ သေဘာေပါက္ နားလည္လာၾကပါတယ္။

လက္နဲ႔စားလာမယ္
ကေလးေတြသူတို႔ကိုယ္တိုင္ စားတတ္လာတာနဲ႔အမွ် အရင္လိုဇြန္းနဲ႔ခြံေကၽြးတာကို သူတို႔ေတြသိပ္မႀကိဳက္ၾကေတာ့ပါဘူး၊ ဒီလိုအခ်ိန္ဟာ ၉ လနဲ႔ ၁၂လၾကားမွာ ျဖစ္လာၿပီး သူတို႔ရဲ႕လက္ေခ်ာင္းေတြကို အရာ၀တၱဳေတြကို ဖမ္းယူဆုပ္ကိုင္ဖို႔၊ ထိန္းခ်ဳပ္ဖို႔ အေကာင္းဆံုးဖြံ႕ၿဖိဳးလာပါတယ္။ ဒါေပမယ့္ ကံမေကာင္းတာတစ္ခုက သူတို႔ေတြကို တစ္ေယာက္တည္းပစ္ထားတဲ့အခါ သူတို႔ေတြ အင္းအင္းပါတတ္ၿပီး ျပန္စားတတ္ၾကတာကိုေတာ့ သတိထားေစခ်င္ပါတယ္။ သူတို႔ကိုယ္တိုင္အရာရာကို စတင္စူးစမ္းလာတဲ့အခ်ိန္ ျဖစ္တာေၾကာင့္ ပတ္၀န္းက်င္မွာ အႏၱရာယ္ကင္းဖို႔၊ လံုျခံဳဖို႔မိဘေတြ စတင္စိတ္ပူပန္လာရပါလိမ့္မယ္။

မတ္တပ္စမ္းလာမယ္
အသက္ ၁၂ ဆိုရင္ ကေလးအမ်ားစုဟာ အကူအညီမပါပဲ စတင္မတ္တပ္စမ္းတတ္ေနပါၿပီ။ ဒါေပမယ့္အၾကာႀကီးေတာ့ မရေသးပါဘူး။ ဒီလိုအရြယ္မွာ အရာ၀တၱဳေတြဆီသြားဖို႔အတြက္ ေျခလွမ္းေတြ ႀကိဳးစားလွမ္းၾကသလို လြတ္လပ္စြာလမ္းေလွ်ာက္တတ္ဖို႔ နာရီေပါင္းမ်ားစြာ သူတို႔ကိုယ္တိုင္ေလ့က်င့္ေနတာကို သင္ျမင္ေတြ႕ရပါလိမ့္မယ္။

စကားေတြ ေျပာလာမယ္
ပံုမွန္အားျဖင့္ သူတို႔ေတြတစ္ႏွစ္ေရာက္တဲ့အခါမွာ ေဖေဖ၊ ေမေမ ဆိုတဲ့သူတို႔ရဲ႕ေခၚသံကို သင္ၾကားရပါလိမ့္မယ္။ ဒါ့အျပင္ အျခားသူေတြေျပာတာကို အနည္းအက်ဥ္း နားလည္လာၾကၿပီး တုပေျပာဆိုဖို႔ ႀကိဳးစားလာၾကပါတယ္။ သင့္ကေလးစိတ္ထဲမွာ ရွိတာကိုၾကားခြင့္ရတဲ့ အခ်ိန္ဆိုေတာ့ ေပ်ာ္စရာေကာင္းတဲ့ အခ်ိန္တစ္ခုပါပဲ။

LM_Naung_Naung
Chit_MayMay