ကလေးတစ်ယောက်ရဲ့ ဝုန်းဒိုင်းကြဲ ဒေါသကြီးမှုကို ရပ်တန့်စေတဲ့ စကားအသုံးအနှုန်းတစ်ခု

0
731
- Advertisement -

ကလေးဆိုတာမျိုးက အခုရယ်မောပြီး ကစားနေပေမယ့် ခဏနေရင် ဘေးနားကသူတွေကို ခေါင်းကိုက်အောင် လုပ်တတ်ကြသူတွေပါ။ ကလေးတွေဟာ အသက် ၁နှစ်နှင့် ၃နှစ်အကြားမှာ ပိုပြီးဝိုင်းဒိုင်းကြဲပေါက်ကွဲတတ်ကြပါတယ်။ အလိုမကျတာပဲဖြစ်ဖြစ် လိုချင်တာမရတာပဲဖြစ်ဖြစ် တစ်ခုခုကြောင့် ကလေးတွေမှာ ဒေါသတကြီး ဖြစ်တတ်ကြတဲ့အချိန်တွေ ရှိပါတယ်။ ဒီလိုကလေးရဲ့ ဝုန်းဒိုင်းကြဲပေါက်ကွဲမှုကို ရပ်တန့်စေဖို့ ထိရောက်တဲ့ နည်းလမ်းတစ်ခုကို ဖော်ပြပေးချင်ပါတယ်။

အကြောင်းရင်းက ကိစ္စမရှိပါဘူး။ သူတို့ရဲ့ အကြိုက်ဆုံးကစားစရာတွေ ကျိုးပဲ့တာပဲဖြစ်ဖြစ်၊ အမေက သကြားလုံးအများကြီးစားတာကို တားမြစ်တာပဲဖြစ်ဖြစ် အဲဒီအချိန်မှာ ဝုန်းဒိုင်းကြဲသောင်းကျန်းပါလိမ့်မယ်။ သူတို့ကို ဆူပူကြိမ်းမောင်းမယ့်အစား အေးဆေးတည်ငြိမ်စွာနေပြီး အကျိုးရှိတဲ့နည်းနဲ့ သူတို့ကို မှန်ကန်တဲ့မေးခွန်းတစ်ခုမေးပါ။

တခြားကလေးတစ်ယောက်က အရုပ်တစ်ရုပ်ကို မေမေတို့ကလေးနဲ့ အတူတူ မဆော့ချင်တာကြောင့် မေမေတို့ကလေးက စိတ်ဆိုးသွားတယ်ဆိုပါစို့။ မေမေတို့ကလေး ထိန်းချုပ်လို့ မရအောင် အော်ဟစ်နေတဲ့အထိ မစောင့်ပါနဲ့။ မေမေတို့ကလေးကို “ဒါက ပြဿနာအကြီးကြီးလား? အလယ်အလတ် ပြဿနာတစ်ခုလား?၊ ပြဿနာသေးသေးလေးလား?”ဆိုတာ ချက်ချင်းမေးပါ။ သူတို့က ပြန်လည်ဖြေကြားတဲ့အခါ ပြဿနာက ဘယ်အရွယ်အစားပဲရှိပါစေ အတူတူ စဉ်းစား ဖြေရှင်းဖို့ အကြံပြုပါ။ သူတို့ တခြားကစားစရာကို လက်ခံချင်သလား? ဒါမှမဟုတ် အတူတူ ကစားဖို့ သူငယ်ချင်းကို ဖိတ်ခေါ်ချင်သလား? ဆိုတာမျိုးပါ။
ကလေးစိတ်ပညာရှင်များက ကလေးတွေ ငြိမ်သွားအောင် ဘာ့ကြောင့် ဒီသာမန်မေးခွန်းတွေကို မေးရမလဲဆိုတဲ့ အခြေခံအကြောင်းရင်း သုံးခုကို ရှင်းပြထားပါတယ်။

၁။ သူတို့ရဲ့ခံစားချက်တွေကို မိဘက လက်ခံပြီး respect ထားတာကို ကလေးက မြင်ပါတယ်။

၂။ မေးခွန်းက သူတို့ရဲ့ အခြေအနေကို အကဲဖြတ်ပြီး စဉ်းစားမှုကို ရပ်တန့်စေပါတယ်။

၃။ ဒီမေးခွန်းတွေကို မေးခြင်းအားဖြင့် မိဘတွေအနေနဲ့ ကလေးအား သူတို့ပြဿနာကို သူတို့ဘာသာ ဖြေရှင်းဖို့ ကမ်းလင့်စေပါတယ်။

ဒါ့ကြောင့် ဒီမေးခွန်းကို မေးပြီး ကလေးငယ်ကို မိနစ်အနည်းငယ်လောက် အေးဆေးတည်ငြိမ်စွာ စကားပြောခြင်းအားဖြင့် မေမေတို့လည်း ခေါင်းကိုက်ခံ၊ အချိန်ကုန်ခံပြီး မပြောရတော့သလို ကလေးတွေမှာလည်း confidence ရရှိလာပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-brightside

ကေလးတစ္ေယာက္ရဲ႕ ဝုန္းဒိုင္းႀကဲ ေဒါသႀကီးမႈကို ရပ္တန္႔ေစတဲ့ စကားအသုံးအႏႈန္းတစ္ခု
ကေလးဆိုတာမ်ိဳးက အခုရယ္ေမာၿပီး ကစားေနေပမယ့္ ခဏေနရင္ ေဘးနားကသူေတြကို ေခါင္းကိုက္ေအာင္ လုပ္တတ္ၾကသူေတြပါ။ ကေလးေတြဟာ အသက္ ၁ႏွစ္ႏွင့္ ၃ႏွစ္အၾကားမွာ ပိုၿပီးဝိုင္းဒိုင္းႀကဲေပါက္ကြဲတတ္ၾကပါတယ္။ အလိုမက်တာပဲျဖစ္ျဖစ္ လိုခ်င္တာမရတာပဲျဖစ္ျဖစ္ တစ္ခုခုေၾကာင့္ ကေလးေတြမွာ ေဒါသတႀကီး ျဖစ္တတ္ၾကတဲ့အခ်ိန္ေတြ ရွိပါတယ္။ ဒီလိုကေလးရဲ႕ ဝုန္းဒိုင္းႀကဲေပါက္ကြဲမႈကို ရပ္တန္႔ေစဖို႔ ထိေရာက္တဲ့ နည္းလမ္းတစ္ခုကို ေဖာ္ျပေပးခ်င္ပါတယ္။

အေၾကာင္းရင္းက ကိစၥမရွိပါဘူး။ သူတို႔ရဲ႕ အႀကိဳက္ဆုံးကစားစရာေတြ က်ိဳးပဲ့တာပဲျဖစ္ျဖစ္၊ အေမက သၾကားလုံးအမ်ားႀကီးစားတာကို တားျမစ္တာပဲျဖစ္ျဖစ္ အဲဒီအခ်ိန္မွာ ဝုန္းဒိုင္းႀကဲေသာင္းက်န္းပါလိမ့္မယ္။ သူတို႔ကို ဆူပူႀကိမ္းေမာင္းမယ့္အစား ေအးေဆးတည္ၿငိမ္စြာေနၿပီး အက်ိဳးရွိတဲ့နည္းနဲ႔ သူတို႔ကို မွန္ကန္တဲ့ေမးခြန္းတစ္ခုေမးပါ။

တျခားကေလးတစ္ေယာက္က အ႐ုပ္တစ္႐ုပ္ကို ေမေမတို႔ကေလးနဲ႔ အတူတူ မေဆာ့ခ်င္တာေၾကာင့္ ေမေမတို႔ကေလးက စိတ္ဆိုးသြားတယ္ဆိုပါစို႔။ ေမေမတို႔ကေလး ထိန္းခ်ဳပ္လို႔ မရေအာင္ ေအာ္ဟစ္ေနတဲ့အထိ မေစာင့္ပါနဲ႔။ ေမေမတို႔ကေလးကို “ဒါက ျပႆနာအႀကီးႀကီးလား? အလယ္အလတ္ ျပႆနာတစ္ခုလား?၊ ျပႆနာေသးေသးေလးလား?”ဆိုတာ ခ်က္ခ်င္းေမးပါ။ သူတို႔က ျပန္လည္ေျဖၾကားတဲ့အခါ ျပႆနာက ဘယ္အ႐ြယ္အစားပဲရွိပါေစ အတူတူ စဥ္းစား ေျဖရွင္းဖို႔ အႀကံျပဳပါ။ သူတို႔ တျခားကစားစရာကို လက္ခံခ်င္သလား? ဒါမွမဟုတ္ အတူတူ ကစားဖို႔ သူငယ္ခ်င္းကို ဖိတ္ေခၚခ်င္သလား? ဆိုတာမ်ိဳးပါ။
ကေလးစိတ္ပညာရွင္မ်ားက ကေလးေတြ ၿငိမ္သြားေအာင္ ဘာ့ေၾကာင့္ ဒီသာမန္ေမးခြန္းေတြကို ေမးရမလဲဆိုတဲ့ အေျခခံအေၾကာင္းရင္း သုံးခုကို ရွင္းျပထားပါတယ္။
၁။ သူတို႔ရဲ႕ခံစားခ်က္ေတြကို မိဘက လက္ခံၿပီး respect ထားတာကို ကေလးက ျမင္ပါတယ္။
၂။ ေမးခြန္းက သူတို႔ရဲ႕ အေျခအေနကို အကဲျဖတ္ၿပီး စဥ္းစားမႈကို ရပ္တန္႔ေစပါတယ္။
၃။ ဒီေမးခြန္းေတြကို ေမးျခင္းအားျဖင့္ မိဘေတြအေနနဲ႔ ကေလးအား သူတို႔ျပႆနာကို သူတို႔ဘာသာ ေျဖရွင္းဖို႔ ကမ္းလင့္ေစပါတယ္။
ဒါ့ေၾကာင့္ ဒီေမးခြန္းကို ေမးၿပီး ကေလးငယ္ကို မိနစ္အနည္းငယ္ေလာက္ ေအးေဆးတည္ၿငိမ္စြာ စကားေျပာျခင္းအားျဖင့္ ေမေမတို႔လည္း ေခါင္းကိုက္ခံ၊ အခ်ိန္ကုန္ခံၿပီး မေျပာရေတာ့သလို ကေလးေတြမွာလည္း confidence ရရွိလာပါလိမ့္မယ္။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here