ကလေးတစ်ယောက်ရဲ့ အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ လက္ခဏာရပ်တွေကို ဘယ်လိုပြုပြင်ပေးသင့်လဲ

0
145
- Advertisement -

အသက် ၁၁ နှစ်ရှိပြီဖြစ်တဲ့ အောင်အောင်ဟာ သူ့သူငယ်ချင်း ဖြစ်သူရဲ့ ကစားစရာ မော်တော်ကားကို ဖျက်စီးလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာရှိတဲ့ ကားထက် ပိုပြီးဈေးကြီးနေလို့ပါ။ အမေဖြစ်သူက အောင်အောင်ကို ဆူတော့ သူမမှားကြောင်းကို အကြောင်းပြချက်ကောင်းကောင်း ပြပြီး ငြင်းဆန်ပါတယ်။” သူအဲ့ကားမပိုင်သင့်ဘူး၊ သားကိုလည်းလာမပြသင့်ဘူး” လို့သူကစောဒကတက်ပြီး သူငယ်ချင်းဖြစ်သူ ဈေးကြီးတဲ့ကားဝယ်တဲ့ အပေါ်ကို အပြစ်ပုံချလိုက်ပါတယ်”။

ဒီလိုအမူအကျင့်တွေရှိတဲ့ ကလေးတွေကို (NPD) narcissistic personality disorder အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တဲ့ အမူအကျင့်ရှိသူ အဖြစ်သတ်မှတ်ထားပြီး ဒီလိုအမူအကျင့်ကြောင့် ရေရှည်မှာ ကလေးအတွက် ပြဿနာတွေ ဖြစ်စေပါလိမ့်မယ်။
NPD ကလေးတွေမှာ ကိုယ့်ကိုယ်ကိုသာ အလေးထားမှုအစွန်းရောက်ခြင်း၊ ကိုယ့်ရဲ့လိုအပ်ချက်တွေနဲ့ ဆန္ဒကိုသာ သိခြင်း၊ ကိုယ်ပိုင်အရာတွေကိုသာ အရေးပါတယ်လို့ ထင်ခြင်း စတဲ့ အတ္တကြီးတဲ့ လက္ခဏာရပ်တွေကြောင့် တစ်ကိုယ်ကောင်းဆန်ခြင်း၊ မနာလိုစိတ်ကြီးခြင်း၊ မလေးစားခြင်း စတဲ့ အကျိုးဆက်တွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုကလေးတွေဟာ သူတို့သာသူများထက် သာလွန်ကောင်းမွန်ပြီး အခွင့်ထူးခံထိုက် ကြသူတွေလို့ ထင်တတ်ကြပြီး အခြားသူတွေရဲ့ ခံစားမှုတွေကို လုံးဝထည့်မတွက် တတ်ကြပါဘူး။ သာမာန်ကလေးနဲ့ NPD ကလေးနဲ့ ဘယ်လိုကွာခြားတယ်ဆိုတာ အရင်ဆုံးကြည့်ရအောင်လား။

၁။ သာမာန်ကလေး- အာရုံစိုက်ခံရမှုကို မက်မောကြပေမယ့် ဒါဟာ အသက်အရွယ်ကြောင့် ဖြစ်ပါတယ်။ သူ့တို့ကိုအာရုံစိုက်တဲ့အခါ ကျေးဇူးတင်ပြီး တန်ဖိုးထားတတ်ကြပါတယ်။
NPD ကလေး- အာရုံစိုက် ခံရမှုဟာ သူတို့ရဲ့ အခွင့်အရေးအဖြစ် မှတ်ယူကြတယ်။ ဒါပေမယ့် မိဘတွေရဲ့ကြင်နာမှုနဲ့ အာရုံစိုက်မှုကို တန်ဖိုးထားခြင်း မရှိသလို ဖော်မပြတတ်ကြဘူး။

- Advertisement -

၂။ သာမာန်ကလေး- သူတို့ကိုယ်သူတို့ စူပါးဟီးရိုးအဖြစ် စိတ်ကူးယဉ်ကြပြီး ဆော့ကစားကြတယ်။ ဒါပေမယ့် ဒါဟာအမှန် မဟုတ်ဖူးဆိုတာ သိတယ်။
NPD ကလေး- သူတို့တွေသာ အကြီးမြတ်ဆုံးတွေ အဖြစ်ယုံကြည်ကြပြီး အခြားသူတွေက သူတို့ထက်နိမ့်တယ်လို့ ထင်တယ်။

၃။ သာမာန်ကလေး- သူတို့ရဲ့ လိုအပ်ချက်တွေဟာ လက်တွေ့ကျပြီး ကျေနပ်စေနိုင်တယ်။
NPD ကလေး- အခြားသူတွေဆီမှ မျှော်လင့်ချက်တွေကို မတန်တဆမြင့်မြင့်မားမား မျှော်လင့်တတ်ကြတယ်။

၄။ သာမာန်ကလေး- မိတ်ဆွေဖွဲ့တတ်ပြီး မိသားစုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်။
NPD ကလေး- ဒီလိုအရာတွကို ပြုလုပ်နိုင်ဖို့ ခက်ခဲပြီး ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းတတ်တယ်။

ယခုလို ကလေးတွေ NPD ဖြစ်ရခြင်းဟာ မိဘအုပ်ထိန်းမှု ပေါ့ဆမှုကြောင့်နဲ့ ကလေးရဲ့ ဂရုစိုက်မှုကို ပြန်လည်မတုံ့ပြန်တာကြောင့် ဖြစ်တတ်ပါတယ်။ အမှီအခိုမကင်းစေတဲ့ အုပ်ထိန်မှုပုံစံကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဥပမာ အလွန်အကြူးကာကွယ်ပေးခြင်းနဲ့ အချစ်လွန်တာကြောင့် အလိုလိုက်ခြင်း။ အလွန်အကျူးမြှောက်ပင့်တတ်တဲ့ အုပ်ထိန်းမှု ပုံစံကြောင့်လည်း ဖြစ်စေတတ်ပါတယ်။ ဥပမာ အခြားကလေးတွေနဲ့ နှိုင်းယှဉ်ပြောပြီး ကိုယ့်ကလေးသာ အတော်ဆုံး၊ အချောဆုံး ဆိုတာတွေပါ။
မိဘတွေက အတ္တကြီးသူတွေ ဖြစ်တာကြောင့်လည်း ကလေးမှာယခုလို စရိုက်စွဲသွားစေပါတယ်။ ကလေးကို အလွန်အကျူး နှိပ်ချပြီးဝေဖန်ရင်လည်း ယခုလို စရိုက်စွဲသွားစေတတ်တယ်။ ဘာကြောင့်လည်းဆိုတော့ ယခုလိုနှိမ်ချမှုတွေကနေ သူကိုယ်သူကာကွယ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ မွေးစားခံရခြင်းသို့မဟုတ် မိဘတွေကွာရှင်းမှုနဲ့ ရင်ဆိုင်ရတဲ့ ကလေးတွေဟာ ကလေးတွေကို မလုံခြုံမှုနဲ့ အားနည်းချက်တွေကို ဖြစ်စေနိုင်ပါတယ်။ သူတို့တွေ မကြာခဏ မေတ္တာကို မရရှိကြတဲ့အတွက် ကိုယ့်ကိုယ်ကိုချစ်မှုနဲ့ ဘဝကြီးကို ဖြတ်သန်းနေတတ်တာကြောင့်လည်း ယခုလိုဖြစ်စေနိုင်ပါတယ်။ စိတ်အရမ်းကို ထိခိုက်လွယ်တတ်တဲ့ ကလေးတွေမှာလည်း NPD ဖြစ်နိုင်ခြေများပါတယ်။

အတ္တကြီးခြင်းဟာ စိတ်ပိုင်းပြဿနာတစ်ခု မဟုတ်သလို ရောဂါလည်း မဟုတ်ပါဘူး။ ဒါဟာလက်ရှိ လူသားဗီဇတစ်ခုသာဖြစ်ပြီး ကွဲပြားမှုတစ်ခုသာ ဖြစ်ပါတယ်။ ဒီလိုဖြစ်မှုကြောင့် တစ်သက်တာအရည်အသွေး၊ ဆက်ဆံရေးများ၊ ချမ်းသာသုခ၊ အပေါ်ကိုသာ ထိခိုက်နိုင်ပြီး အိမ်တွင်းမှာပဲ မိဘတွေအနေနဲ့ ကုသပေးနိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

၁။ ပြတ်ပြတ်သားသားလုပ်ပါ အကြမ်းမဖက်ပါနဲ့
ကလေးတွေကို NPD ပျောက်ကင်းစေဖို့ အကြမ်းဖက်ပြီး ဆုံးမတဲ့အခါ ကလေးကသင့်ကို လုံးဝမုန်းတီးပါလိမ့်မယ်။ အတ္တကြီးသူတွေဟာ အခြားသူတွေထက် သူတို့ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သတ်တဲ့အရာတွေကို ထိခိုက်မိတဲ့အခါတိုင်း အရမ်းကို နာကျင်တတ်တယ် ဆိုတာကို သတိရပါ။ ကိုယ့်ကိုယ်ကို လေးစားမှုကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဒါကြောင့် စည်းကမ်းနဲ့အတူ သင့်ကလေးကို လက်တွေ့ကျကျ ကြိုးစားကြည့်ပါ။

၂။ ရပိုင်ခွင့်အမြင်ကို ထိန်းချုပ်ရန်
သင့်ရဲ့ကလေးကို သူဟာ မိသားစုအတွင်းက အခြားသူတွေနဲ့ အရမ်းကို အတူတူပဲဖြစ်ပြီး အထူးအခွင့်အရေးတွေ ရမှာမဟုတ်ကြောင်းကို နားလည်အောင် ပြုလုပ်ပါ။ တကယ်လို့သင့်ကလေးက အခြားမောင်နှမတွေ၊ သူငယ်ချင်းတွေကို အပေါ်ကို သြဇာပေးတာတွေ လုပ်ခဲ့ရင် သူတို့ကို အနိုင်ကျင့်ဗိုလ်ကျလို့ မရကြောင်းနဲ့ အခြားသူတွေရဲ့ ခယမှုကို မမျှော်လင့်သင့်ကြောင်း နားလည်အောင်ပြောပါ။ တချိန်တည်းမှာပဲ ကလေးကိုမကဲ့ရဲ့ပါနဲ့။

၃။ အလယ်အလတ်ပြောဆိုမှုများ
အခြားသူတွေ ပြောတာကို နားထောင်ခြင်းဟာ စကားပြောဖို့အတွက် အရေးကြီးတဲ့အရာဖြစ်ကြောင်း သင့်ကလေးနားလည်အောင် ပြုလုပ်ပါ။ သူတို့တွေရဲ့ ပြောဆိုမှုတွေဟာ ၅၀ ရာခိုင်နှုန်းနားထောင်တာဖြစ်ပြီး ၅၀ ရာခိုင်နှုန်း ပြန်လည်ပြောဆိုတာ ဖြစ်ပါစေ။ အိမ်မှာပဲ သူတို့ကိုလေ့ကျင့်ပေးနိုင်ပါတယ်။

၄။ Relationship အတွင်း ဟန်ချက်ညီပါစေ
အဖေဖြစ်သူက မိသားစုအတွက် ငွေရှာပြီး အမေကအိမ်မှုကိစ္စတွေနဲ့ ကိုယ်စီတာဝန်ခံမှု ရှိသလို သားသမီးဖြစ်သူတွေဟာလည်း ကျောင်းစာနဲ့ မိဘကိုကူညီဖို့အတွက် တာဝန်ခံမှု ရှိသင့်ကြောင်း သင့်ကလေးကို နားလည်ပါစေ။ ဒီလိုမိသားစုဆန်မှုနဲ့ ဟန်ချက်ညီမှုကို နားလည်တဲ့အခါ မိသားစုကိုဂရုစိုက်တတ်လာသလို အတ္တကြီးမှုတွေလည်း လျော့နည်းလာစေပါတယ်။

၅။ ခြွင်းချက်မရှိ ချစ်ခြင်းမေတ္တာ
သင့်ကလေးရဲ့ အောင်မြင်မှုတွေကို မေတ္တာနဲ့ ယှဉ်တွဲမဖော်ပြပါနဲ့။ သူတို့တစ်ခုခုကို အောင်မြင်တဲ့အခါ လက်ဆောင်နဲ့အတူ ဖူးဖူးမှုတ်ထားပြီး ကျရှုံးတဲ့အခါ မေးခွန်းတွေနဲ့ တရစပ်ထိုးနှက်တာတွေ ကဲ့ရဲ့တာတွေ မပြုလုပ်ပါနဲ့။ ဒီအစား ကြားနေမှုကို ထိန်းသိမ်းထားသင့်ပြီး အမြဲတမ်းပဲ သူတို့ကို တစ်ပုံစံတည်းပဲ ချစ်ပါ။

LM_Naung_Naung

Lifestyle_Myanmar

Source-Momjunction

Zawgyi Font

LEAVE A REPLY

Please enter your comment!
Please enter your name here