ကလေးတစ်ယောက်ရဲ့ self-esteem ကို ပျက်စီးစေနိုင်သော ပျိုးထောင်နည်းအမှား (၄) ခု

0
11604
- Advertisement -

ကိုယ်ကိုယ်ကိုလေးစားခြင်းဆိုတာ လူတစ်ယောက်ရဲ့ ဘဝမှာ အရာအားလုံးအတွက် အရေးပါဆုံးဗဟိုတစ်ခုဖြစ်ပါတယ်။ မိမိကိုယ်ကိုယ်တန်ဖိုးထားခြင်း (သို့) လေးစားခြင်းဆိုတာ ကျွန်မတို့ရဲ့ အပြုအမူတွေနှင့် ဆုံးဖြတ်ချက်တွေအရ တည်ဆောက်လိုက်တဲ့ ကျွန်မတို့ရဲ့ ပုံရိပ်ဖြစ်ပါတယ်။ မိမိကိုယ်ကိုယ်တန်ဖိုးထားမှုခိုင်မာခြင်းက စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ပြီး အသစ်အသစ်သောအရာတွေကို မကြောက်မရွံ့စမ်းသပ်ကြိုးစားဖို့နှင့် မိမိကိုယ်ကိုယ်ယုံကြည်မှုလည်း မြင့်မားစေနိုင်ပါတယ်။

မိဘတွေအနေနဲ့ ကျွန်မတို့ရဲ့ ကလေးတွေကို အပြုသဘောဆောင်သော ကိုယ့်ကိုယ်ကိုယ်လေးစားမှုကို မြှင့်တင်ဖို့ အကောင်းဆုံးကြိုးစားကြရပါမယ်။ တစ်ခါတရံမှာတော့ မိဘတွေအနေနဲ့လည်း အမှားလုပ်မိတတ်ပါတယ်။ သို့ပေမယ့် သင်ပြုခဲ့မိသော အမှားတွေဟာ သူတို့ကို အပျက်သဘောမသက်ရောက်စေဖို့ သင့်ကိုယ်သင်သတိထားရပါမယ်။ အထူးသဖြင့် ဒီလိုပျိုးထောင်နည်းအမှားတွေကို သတိထားပါ။

၁။ အော်ဟစ်ခြင်းနှင့် ရိုက်ခြင်း

- Advertisement -

အော်ဟစ်ခြင်းနှင့် ရိုက်နှက်ခြင်းလောက် ကိုယ့်ကိုယ်ကိုလေးစားမှုကျဆင်းစေတဲ့အရာတွေမရှိတော့ပါဘူး။ သင်အော်ဟစ်လိုက်တဲ့အခါ (သို့) ရိုက်နှက်တဲ့အခါ သင်ဟာ ဒေါသထိန်းချုပ်နိုင်စွမ်းလျော့နည်းသူဖြစ်ကြောင်း ပြသရာရောက်ပါတယ်။ မိဘအများစုက ကလေးတွေကို အော်ဟစ်ပြီး သူတို့ရဲ့ အမှားအတွက် နောင်တရစေဖို့ တစ်ယောက်တည်းပစ်ထားတာမျိုးလုပ်တတ်ကြပါတယ်။ ဒီကိစ္စက ဂုဏ်ယူရမယ့်ကိစ္စမဟုတ်ပါဘူး။ တကယ်တော့ ကျွန်မတို့ရဲ့ ကလေးတွေကို အနိုင်ကျင့်ခြင်းနှင့် ရိုက်နှက်ခြင်းဟာ အနိုင်ကျင့်ခြင်းတစ်မျိုးဖြစ်ပါတယ်။

သူတို့ရဲ့ ရန်လိုတဲ့အပြုအမူတွေကို ရပ်တန့်အောင်လုပ်နိုင်သွားတဲ့အခါ သင့်ကိုယ်သင်အောင်မြင်တယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါက ရေတိုဖြေရှင်းနည်းဖြစ်ပြီး အပြုသဘောဆောင်သော ပြဿနာဖြေရှင်းနည်းတွေအတွက် အနှောင့်အယှက်ဖြစ်စေရုံသက်သက်နည်းလမ်းလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ပဋိပက္ခတွေကို တတ်နိုင်သမျှ အော်ဟစ်ရိုက်နှက်ခြင်းကို ရှောင်ကြဉ်ဖယ်ရှားပြီး ကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှု (သို့) လေးစားမှုကို တည်ဆောက်ပေးပါ။

၂။ အတိတ်က အမှားတွေကို ထပ်ခါတလဲလဲပြန်ပြောခြင်း

ပြဿနာတစ်ခု၊ ပဋိပက္ခတစ်ခုကို ဖြေရှင်းပြီးပြီဆိုတာနဲ့ တစ်ခါတည်းအမြစ်ဖြတ်ပစ်ပါ။ ကလေးငယ်တွေကို သန့်ရှင်းနေတဲ့စာရွက်ဖြူလေးတစ်ခုလိုပဲ ဆက်ဆံပါ။ ကလေးရဲ့ အတိတ်က အမှားတွေကို ပြုစုသိမ်းထားတတ်တဲ့ မိဘတွေဟာ ကလေးတွေကို အချိန်ကြာမြင့်စွာမုန်းတီးတတ်အောင် သင်ပေးနေတာနဲ့အတူတူပါပဲ။

ဒါ့အပြင် ပြဿနာဖြေရှင်းပြီးတဲ့အခါ အတိတ်ဆိုတာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်လာတယ်ဆိုတာ သိအောင်လုပ်ပေးပါ။ ကလေးတစ်ယောက်ဟာ သူတို့ရဲ့ အပြုသဘောဆောင်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ၊ အမူအကျင့်တွေနဲ့ အားဖြည့်လေလေ သူတို့ဘဝအတွက် အဆင်ပြေလေလေဖြစ်ပါလိမ့်မယ်။

၃။ ကလေးရဲ့ စိတ်အခြေအနေတွေကို မလေ့လာခြင်း

ဆိုလိုတာက တစ်ချို့မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို သူတို့ရဲ့ အပြစ်တွေနဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းခြင်းမပြုဘဲ မမျှတတဲ့အပြစ်ဒဏ်မျိုးကို ပေးတတ်ကြပါတယ်။ ကလေးငယ်တွေရဲ့ လက်ရှိခံစားချက်အခြေအနေတွေကို မေးမြန်းခြင်းမပြုဘဲ ကလေးတွေသာ အပြစ်ရှိကြောင်း ခံစားရစေဖို့ ကြိုးစားကြပါတယ်။ ဒါဟာ မိဘတွေအနေနဲ့ ကိုယ်တိုင်ရဲ့ စိတ်ခံစားချက်တွေကိုသာ အလေးထားရာရောက်တာကြောင့် ကလေးငယ်ရဲ့ ကိုယ့်ကိုယ်ကိုယ်လေးစားမှုကို ထိခိုက်စေတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။

၄။ ကလေးငယ်တွေကို ထေ့ငေါ့ပြီး စကားပြောခြင်း

သင်ပြောချင်တဲ့စကားလုံးနှင့် သင့်လေသံက တစ်ခြားဆီဖြစ်နေပြီး စကားလုံးအဓိပ္ပာယ်က တစ်ခြားစီဖြစ်နေပြီလား? ဥပမာ – သူတို့ရွေးချယ်ထားတဲ့ မလှမပပစ္စည်းတစ်ခုကို ”ဟယ် ဘယ်လိုတွေရွေးချယ်ထားတာလဲ ဆိုးရွားလိုက်တာ”ဆိုတာမျိုး မဲ့ရွဲ့ပြောခြင်းက ကလေးတွေကို လှောင်ပြောင်ခံရသလိုခံစားရစေပြီး အင်မတန်နာကျင်စေပါတယ်။ ကလေးငယ်အား ရိုင်းစိုင်းသော စကားလုံးတွေနဲ့ နှိမ်ခြင်းဟာ ကလေးငယ်နှင့် မိဘအကြား ထိရောက်စွာ စကားပြောဆိုနိုင်ဖို့ အတားအဆီးများစွာဖြစ်စေပါတယ်။

Chit_May_May

Nyein_Thu

LEAVE A REPLY

Please enter your comment!
Please enter your name here