ကလေးတစ်ဦးကို ဘာကြောင့်ကိုယ်ထိလက်ရောက်အပြစ်မပေးသင့်တာလဲ

0
544
- Advertisement -

ကိုယ်ထိလက်ရောက်အပြစ်ပေးခြင်းက မနာခံတဲ့ကလေးတွွေအတွက် ပြုစုပျိုးထောင်ခြင်းမှာ အသုံးများတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ မိဘတော်တော်များများက သူတို့ရဲ့ ကလေးတွေကို သွက်လက်တက်ကြွသောကလေးတစ်ယောက်ဖြစ်စေချင်ကြပါတယ်။ မိဘတွေဟာ ကလေးတွေကို သူတို့စိတ်တိုင်းမကျတဲ့အခါ အနည်းဆုံးလက်ပါတတ်ကြပြီး နောက်ဆုံးအနီးနား ခါးပတ်တွေပါ ပါဝင်ကြပါတယ်။ ဒီလိုဆုံးမတဲ့ နည်းလမ်းက သင့်တော်ပါသလား။ ဘယ်လိုဆိုးကျိုးတွေရှိနိုင်ဦးမလဲ။ စိတ်ပညာရှင်တွေအဆိုအရ ဒီလိုနည်းလမ်းတွေဟာ ကလေးရဲ့ ကျန်းမာရေးဆိုင်ရာအန္တရာယ်တွေရှိနေနိုင်ပါတယ်တဲ့။

ကလေးတစ်ယောက်ကို မရိုက်သင့်တဲ့ အရေးကြီးဆုံးအကြောင်းပြချက် (၅) ချက်

လေ့လာမှုတွေအရ ရုပ်ပိုင်းဆိုင်ရာ အပြစ်ပေးခြင်းက ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအဆင့်တိုင်းမှာ အန္တရာယ်ရှိပါတယ်။

၁။ အမှန်တရားက မှားယွင်းသွားနိုင်ပါတယ်

တစ်ယောက်ယောက်ကို နာကျင်အောင်လုပ်တာက မှားယွင်းတယ်။ ကလေးတွေဟာ အကာအကွယ်မရှိဘူး။ ပုံမှန်ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်ပေးခြင်းက ကလေးတစ်ယောက်ရဲ့ ထိခိုက်လွယ်တဲ့ စိတ်ကို ပျက်စီးစေနိုင်ပါတယ်။

၂။ အနာဂတ်ကို ကျူးကျော်ပြုစုပျိုးထောင်ခြင်း

ကလေးဘဝမှာ ကိုယ်ထိလက်ရောက်အပြစ်ပေးခံခဲ့ရတဲ့ ကလေးတွေက အနာဂတ်မှာ သူတို့ရဲ့ ကလေးတွေနှင့် အိမ်ထောင်ဖက်တွေကို မုန်းတီးသူတွေနှင့် ပြစ်မှုကျုးလွန်သူတွေဖြစ်လာနိုင်ပါတယ်။ သင်က သင့်ရဲ့ ကလေးကို ပါးရိုက်တဲ့အခါ ဒီနည်းလမ်းကပဲ ပဋိပက္ခတွေကို ဖြေရှင်းဖို့နည်းလမ်းတစ်ခုအဖြစ် သူတို့မှတ်ယူသွားပါလိမ့်မယ်။

၃။ စည်းကမ်းတွေက ချစ်ခြင်းမေတ္တာနဲ့ ညီမျှတယ်

ခန္ဓာကိုယ်က အပြစ်ပေးခံရတဲ့အခါ ကလေးတွေက သူ့မိဘတွေရဲ့ ချစ်ခြင်းမေတ္တာကို သံသယဝင်လာတယ်။ ပိုဆိုးတာက ကလေးတွေဟာ အာရုံစိုက်မှုတွေလိုချင်နေတယ်ဆိုရင် သူတို့ရဲ့ အမေ၊ အဖေအပြစ်ပေးမှုအသစ်တွေ ထပ်ဖြစ်လာစေဖို့ပဲ ကြိုးစားနေပါလိမ့်မယ်။ သင့်ရဲ့ အနာဂတ်ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာမလဲဆိုတာ စဥ်းစားပါ။

၄။ ကိုယ်ထိလက်ရောက်အပြစ်ပေးခြင်းက ရောဂါဖြစ်စေတယ်

အပြစ်ပေးခံရတဲ့ ကလေးငယ်ရဲ့ ခန္ဓာကိုယ်ဟာ ကိုယ်ခံစွမ်းအားစနစ်ယိုယွင်းခြင်းနှင့် ရောဂါအမျိုးမျိုးကို ပေါ်ပေါက်လာစေနိုင်ပါတယ်။

၅။ သင့်ရဲ့ ညံ့ဖျင်းမှုကို ပြသခြင်း

ကလေးတစ်ဦးကို ကာယပိုင်းဆိုင်ရာ အပြစ်ပေးခြင်းအားဖြင့် သင်က သင့်ရဲ့ ကိုယ်ပိုင်စွမ်းရည်မဲ့မှုကို ပြသခြင်းဖြစ်ပါတယ်။ ဒီလိုအပြုအမူတွေက ပုဂ္ဂိုလ်ရေး မရင့်ကျက်ခြင်းရဲ့ လက္ခဏာလည်းဖြစ်ပါတယ်။

၆။ ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်က အလုပ်မဖြစ်ဘူး

ရိုက်တာကို ကြောက်ရွှံ့ခြင်းက ကလေးတစ်ဦးကို တိရစ္ဆာန်တစ်ကောင်အဖြစ်ကို ပြောင်းလဲစေနိုင်ပါတယ်။ စည်းကမ်းတွေကြောင့် ကလေးရဲ့ ကိုယ်ပိုင်မှန်ကန်တဲ့အပြုအမူတွေ ပျောက်ကွယ်သွားနိုင်ပါတယ်။

ဒါဆိုရင် ဘယ်လိုဆုံးမမလဲ

ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်မပေးဘဲ ကလေးတစ်ယောက်ကို ဘယ်လိုပျိုးထောင်မလဲ။ စမ်းသပ်ပြီးသားတစ်ခြားရွေးချယ်စရာနည်းလမ်းတွေကို ကြည့်ကြရအောင်။

ပျော်ရွှင်မှုလျော့စေခြင်း – ပြစ်မှုနှင့် အပြစ်ပေးမှုက အချိုးကျဖြစ်သင့်ကြောင်း စိတ်ထဲမှာ စွဲမှတ်ထားပါ။

လျစ်လျူရှုခြင်း – ဘယ်လိုကလေးအတွက်မဆို မိဘရဲ့ ဂရုစိုက်မှုကို ငြင်းပယ်ဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် ဒီနည်းလမ်းကို ဂရုတစိုက်သုံးပါ။

ကိုယ်ပိုင်ဥပမာ – သင့်ကလေးက သင့်နဲ့တူကြောင်း သတိရပါ။ သင်ခံစားချက်တွေကို ရှင်းပြဖို့ စကားလုံးတွေကို အသုံးပြုပြီး သင့်ကလေးဆီက သင်လိုချင်တဲ့ အရာတွေကို ဖော်ထုတ်တတ်ဖို့သင်ယူပါ။

ယာယီအပြစ်ပေးခြင်း – အမှားလုပ်ထားတဲ့ ကလေးကို အချိန်တစ်ခုအထိ တစ်ယောက်တည်းနေစေပါ။ အကျိုးကျေးဇူးတွေက သိသာထင်ရှားစေပါတယ်။ သင်မြင်တဲ့အတိုင်း ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့့အတွက် ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ်မလိုအပ်ပါဘူး။

Lifestyle_Myanmar

Nyein_Thu

Ref- fabiosa

LEAVE A REPLY

Please enter your comment!
Please enter your name here