ကျွန်မတို့ ကလေးတွေကို ပြောနေတဲ့ စကားလုံးထောင်ပေါင်းများစွာအနက် သူတို့ကို ပိုကြံ့ခိုင်၊ ပိုကြင်နာတတ်ပြီး မိမိကိုယ်ကို ယုံကြည်မှုပိုရှိသူတစ်ယောက်ဖြစ်စေမယ့် စကားစုအတော်များများရှိပါတယ်။ သူတို့အတွက် ကောင်းမွန်တဲ့ စကားလုံးတွေ ရွေးချယ်ပြောပေးခြင်းက သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတတ်မှုကို အထောက်အကူဖြစ်စေပြီး သူတို့ကို ပျော်ရွင်စေပါတယ်။
၁။ ကလေးတွေရဲ့မသိစိတ်က သူတို့မကောင်းတဲ့ အပြုအမှုနှင့်အတူ လူကြီးတွေကို စမ်းသပ်ချင်ကြပါတယ်။ “သားဒီလိုလုပ်ရင်တောင် အမေချစ်မှာလား” လို့ သူတို့ကမေးလျှင် အဖြေက ပြတ်ပြတ်သားသားဖြစ်ရပါမယ်။
“ဒါပေါ့ ! သားရှိနေရင် အမေပျော်တယ်။ ကမ္ဘာပေါ်က ကလေးတွေအားလုံးထဲက ရွေးချယ်ရလျှင် သားကိုသာ အမေရွေးချယ်မှာပါ”
ဒါက သင့်ကလေးရဲ့ စိတ်ဓါတ်ကို ကျန်းမာဖွံ့ဖြိုးစေမယ့် နည်းလမ်းဖြစ်ပါတယ်။

၂။ “အမေ အချစ်ဆုံး ကလေးလေး” ဒီကြည်နူးဖွယ်စကားလုံး၃လုံးက ကလေးရဲ့ ကျန်းမာဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။ အဲ့လိုစကားလုံးတွေနဲ့အတူ လုပ်ရပ်များကလည်း အရေးပါ ပါတယ်။ သူတို့နဲ့ အတူတူအချိန်ဖြုန်းပေးခြင်း၊ ကစားခြင်း၊ ရယ်မောခြင်း၊ ကျီစယ်ခြင်း၊ ပူဖောင်းမှုတ်ခြင်း၊ ကလေးကိုပွေ့ဖက်ပေးခြင်း၊ ပြဿနာတွေကို ဆွေးနွေးခြင်းနှင့် လိုအပ်ပါက သူတို့ကို ထောက်ခံပေးရပါမယ်။

၃။ “ကြည့်စမ်း! သားရဲ့အခန်းက သန့်ရှင်းနေတာပဲ” “ဝိုး! အိပ်ရာသိမ်းထားတာပဲ!” “သားအဝတ်တွေကို ခေါက်ထားတာ သပ်ရပ်လိုက်တာ!” သားလုပ်ထားတာ ကောင်းလိုက်တာ” ထိုကဲ့သို့စကားလေးများက သင့်ကလေးကို ယုံကြည်မှုနှင့် မေမေတို့ရဲ့ထောက်ခံမှုကို ခံစားရအောင် ကူညီပေးပါတယ်။
သူတို့ရဲ့ကြိုးစားအားထုတ်မှုကို တန်ဖိုးထား အသိအမှတ်ပြုပေးတာကြောင့် နောက်လဲသန့်ရှင်းအောင် ပြုလုပ်ထားမှာ ဖြစ်ပါတယ်။ ဒါိကို ထပ်လုပ်ဖို့ သဘောကျတဲ့ အပြုအမှုကို ဖြစ်ပေါ်စေတာကြောင့် အပြုသဘောဆောင်တဲ့ ဘယ်အရာမဆို သာယာသော ခံစားချက်များနှင့် အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုကို ဖြစ်ပေါ်စေပါတယ်။

၄။ ကျွန်တော်တို့အားလုံးက လူသားတွေဖြစ်တာကြောင့် အမှားတွေလည်းပြုလုပ်နိုင်ပါတယ်။ မိဘတွေအနေနဲ့ကိုယ့်သားသမီးပေါ်မှာ အမှားတစ်ခုခုလုပ်မိခဲ့ရင် ကလေးဆီက ခွင့်လွှတ်မှုကို တောင်းဆိုဖို့နှင့် သူတို့ကို ဝန်ခံဖို့ သတ္တိရှိရပါမယ်။ ဒီနည်းလမ်းက သူတို့အပေါ်မှာ လေးစားမှုနဲ့ တန်ဖိုးထားတယ်ဆိုတာ သူတို့ကို သိစေပါတယ်။ ပြီးနောက် အမှားတစ်ခုလုပ်မိခဲ့လျှင် ထိုလုပ်ရပ်တွေကို ပြန်မလုပ်ဖို့နဲ့ ခွင့်လွှတ်ဖို့ တောင်းဆိုသင့်တယ်ဆိုတာကို သူတို့ကို သင်ပေးရပါမယ်။
၅။ မကောင်းတဲ့ စိတ်ခံစားမှုကို ချိုးနှိမ်ထားခြင်းက neuroses နှင့် phychosomatic ရောဂါများကို ဦးတည်နေပါတယ်။ ကလေးမှာ စိတ်ဆိုးရမယ့် အခွင့်အရေး ရှိပါတယ်။ ထိခိုက်မိလို့ ငိုတဲ့အခါ ဒါမှမဟုတ် အရုပ်တွေ ဆုံးရှုံးသွားတဲ့အခါ သူတို့ကို ငိုခွင့်ပြုရပါမယ်။ မိဘတွေရဲ့တာဝန်က ဘယ်သူ့ကိုမှ ထိခိုက်ခြင်းမရှိဘဲ မိမိစိတ်ခံစားမှုကို ဖော်ပြဖို့ ကလေးတစ်ဦးကို ဆုံးမသွန်သင်ရန် ဖြစ်ပါတယ်။
၆။ ကလေးတစ်ယောက်ကို ရဲရင့်စေဖို့ သင်ပေးပါ။ ငါ့သားလေး ပြုတ်ကျသွားမယ်၊ တစ်ခုခုဖြစ်သွားမယ်လို့ စိုးရိမ်ပြီး ကလေးရဲ့လုပ်ရပ်ပေါ်မှာ ချုပ်ချယ်တာက ကလေးကိုယုံကြည်မှုကင်းစေပါတယ်။ အန္တရာယ်မရှိနိုင်လျှင် လွှတ်ပေးထားပါ။ သင့်ကလေးက တစ်ခုခုကို ကြောက်နေလျှင် ကြောက်ရွံ့ခြင်းကို ရင်ဆိုင်ဖြေရှင်းဖို့ ဘယ်လိုလေ့လာသင်ယူရမလဲဆိုတဲဲ့ အတွေ့အကြုံတွေကို မျှဝေပေးပါ။

၇။ သူအရင်ကလုပ်ခဲ့ဖူးတဲ့ အောင်မြင်မှုတွေအကြောင်း သင့်ကလေးကို သတိပေးခြင်းဖြင့် သူ့ရဲ့ခွန်အားတွေကို လက်ခံယုံကြည်စေပြီး ပိုပြီးတောင် အောင်မြင်နိုင်တယ်ဆိုတာ သူ့ကို နားလည်သဘောပေါက်အောင် ကူညီပေးပါ။
၈။ သင့်ကလေးတစ်ခုခုလုပ်လို့ ရှုံးနိမ့်သွားတဲ့အခါ “ဒါကအဆင်ပြေတယ်! ” “ထပ်ကြိုးစားပါ” ” မင်းကိုငါယုံကြည်တယ်” “ဘယ်သူမှတော့ချက်ချင်းမရဘူး” ဆိုတဲ့ဒီလိုစကားလုံးလေးတွေ သင့်ကလေးကို ပြောပေးသင့်ပါတယ်။ သင့်ကလေးကို “အောင်မြင်တဲ့လူတိုင်းက အမှားတွေ ရှိတတ်ကြပြီး အဲဒ့ီအမှားတွေက တခြားအရေးကြီးတဲ့ အရည်အသွေးနှင့် သည်းခံမှု၊ ဇွဲလုံ့လရှိမှုကို တိုးတတ်အောင် ကူညီပေးတယ်ဆိုတာ” နားလည်အောင် သင်ပေးသင့်ပါတယ်။
အရေးကြီးဆုံးကတော့ သူ့ကို သင်ဘယ်လောက်ချစ်ချစ် သူ့ရဲ့ရှုံးနိမ့်မှုကို တာဝန်ယူပေးမှာ မဟုတ်ကြောင်းပြသပါ။
၉။ ကိုယ်တိုင်မုန့်လုပ်ရတော့ သမီး ဘယ်လိုခံစားရလဲ? ဒီနေ့အိမ် အလုပ်ဝိုင်းလုပ်ရတာ ပျော်လား? စတဲ့ မေးခွန်းများက မိဘနှင့်ကလေးအကြား စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုကို ကူညီပေးပါတယ်။ သူတို့ကိုလည်း သူ့ရဲ့အကြံဉာဏ်တွေကို ဖော်ထုတ်ဖို့ လေ့ကျင့်ပေးရာ ရောက်ပါတယ်။

Chit_MayMay
LM_Nandar
Source- brightside