ကလေးတွေကိုဘယ်တော့မှရိုက်နှက်မဆုံးမသင့်တဲ့ အရေးကြီးအကြောင်းအရင်း ၄ ချက်

0
6855
- Advertisement -

ကလေးသူငယ်တွေအပေါ် ကိုယ်ထိလက်ရောက်အပြစ်ပေးတာဟာ သူတို့ရဲ့လူ့ဂုဏ်သိက္ခာနဲ့ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သိက္ခာကိုလေး စားမှုမရှိပဲချိုးဖောက်တာပဲဖြစ်ပါတယ်။

ဒါဟာတရားဥပဒေအရသူတို့ရဲ့တန်းတူညီမျှမှုရှိစွာအကာအကွယ်ပေးထားမှုကိုချိုးဖောက်ခြင်းဖြစ်ပြီး ကလေးတွေကိုကြမ်းတမ်းစွာအပြစ်ပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်တားဆီးဖို့လိုနေပြီလို့လည်း ကလေးသူငယ်အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေက တောင်းဆိုနေကြပါတယ်။

ဒီလိုကလေးတွေကို ရိုက်နှက်အပြစ်ပေးတာဟာ နိုင်ငံပေါင်း ၅၃နိုင်ငံမှာ တရားမ၀င်ပါဘူး။ ဒီနေ့အထိကုလသမဂ္ဂအဖွဲ့ဝင် ၅၃ နိုင်ငံမှာ ကလေးများအပေါ်အကြမ်းဖက်မှုပုံစံအမျိုးမျိုးကိုတားမြစ်ထားပါတယ်။ အဖွဲ့ဝင် ၅၆ နိုင်ငံကတော့ တားမြစ်ချက်ကိုအပြည့်အ၀ ကတိပြုမယ်လို့ ကတိပြုထားကြပါတယ်။

- Advertisement -

ဒီဆောင်းပါးမှာ ကလေးတွေကိုဘာကြောင့် ခန္ဓာကိုယ်ဆိုင်ရာပြစ်ဒဏ်ပေးခြင်းတွေမလုပ်သင့်လဲ၊ လုပ်ခဲ့ရင် ကလေးတွေမှာဘယ်လို ဆိုးကျိုးတွေခံစားနေရလဲဆိုတဲ့ နောက်ဆုံးသိပ္ပံပညာနဲ့စိတ်ပိုင်းဆိုင်ရာလေ့လာတွေ့ရှိချက်တွေကိုဖော်ပြသွားပါမယ်။

သင့်ကလေးတွေကိုဘာကြောင့်မရိုက်သင့်ဘူးလဲဆိုတဲ့ သိပ္ပံပညာရဲ့တွေ့ရှိချက်များ

ကလေးတွေအတွက် အန္တရယ်ရှိတဲ့ရလာဒ်များဖြစ်စေနိုင်ပါတယ်

ကလေးငယ်ပေါင်း၁သိန်း၆သောင်းကျော်ကို ကိုယ်စားပြုတဲ့လေ့လာမှုအရ ကလေးတွေကို ရိုက်နှက်တာဟာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရောထိခိုက်မှုတွေကြီးကြီးမားမားဖြစ်ပွားနိုင်တာကိုတွေ့ရှိခဲ့ကြပါတယ်။

ကလေးတွေကိုရိုက်နှက်တာဟာ လူမှုရေးအားနည်းမှု၊ စိတ်ကျန်းမာရေးပြဿနာများနဲ့ အခြားသောဆိုး၀ါးသောစရိုက်များကို ဖြစ်ပေါ်စေတယ်လို့တွေ့ခဲ့ကြပါတယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ရိုက်နှက်ခံရတာကို ခနထားပီး ငယ်ငယ်ကစကားလုံးတွေနဲ့ ထိုးနှက်ခံခဲ့ရတဲ့ကလေးတွေကိုပဲကြည့်ပါ။

သူတို့မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအများကြီးခံစားရပြီး နောက်ဆုံးမှာ စိတ်ကျရောဂါကိုတောင်ရရှိနိုင်ပါတယ်။ နောက်ဒီလိုကလေးတွေဟာ အသက်ကြီးလာတဲ့အခါ ကိုယ်ပိုင်ယုံကြည်မှုပျောက်ဆုံးတာမျိုးတွေ၊ စိတ်ဆိုးဒေါ်သထွက်တာမျိုးတွေ၊ တစ်ခုခုဆို တိုက်ခိုက်ပြီးဖြေရှင်းချင်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်အတတ်နိုင်ဆုံးကလေးတွေကို ရိုက်နှက်ဆုံးမတာကို ရှောင်ကြည်ဖို့လိုပါတယ်နော်….

ရိုက်တာနဲ့ပြောင်းလဲလို့မရပါဘူး

ရိုက်တာနဲ့အခြားအပြစ်ပေးမှုတွေဟာ ရေတိုမှာ အလုပ်လုပ်ကြပေမယ့် ကလေးတွေရဲ့အနာဂါတ်ကိုများစွာထိခိုက်နိုင်ပါတယ်။ အဲ့ဒီ ရလာဒ်က ကြာရှည်ခံမှာမဟုတ်ပါဘူး။ ရိုက်တာနဲ့ကလေးတစ်ယောက်ကိုသင်ဖြစ်စေချင်တဲ့ပုံကို ပြောင်းလဲပစ်လို့မရနိုင်ပါဘူးနော်..

ဒါနဲ့ပက်သက်ပြီးသုတေသီတွေက “မင်းမလိုချင်တဲ့အပြုအမူတွေအတွက် ရိုက်နှက်အပြစ်ပေးရုံနဲ့မရပါဘူး။ ဒါပေမယ့် ထိရောက်တဲ့လမ်းညွှန်မှုတွေနဲ့တော့ မင်းပြောင်းလဲလို့ရတယ်။ ရိုက်တာကတော့ အလုပ်မဟုတ်တဲ့စက်ဆုပ်ဖွယ်ကောင်းတဲ့အရာပဲ”လို့၀ေဖန်ထားကြပါတယ်။

ဆိုလိုတာက သင်တို့ကလေးတွေကိုရိုက်တာဟာ ဘာအကျိုးရှိလဲဆိုတော့ သင်တို့ကိုကြောက်ရွံစေတာနဲ့ သူ့စိတ်ကိုကြမ်းတမ်းသွားအောင်လုပ်နိုင်တာပဲရှိမှာပါ၊ အနာဂါတ်အတွက် ကောင်းတာဘာတစ်ခုမှမရှိပဲ၊ ရိုက်ရင်ကြောက်ပြမယ်၊ ကျန်တာတော့ ဘာမှမပြောင်းလဲနိုင်ဘူးလို့ဆိုလိုတာပါ။

နောက်မျိုးဆက်အထိအိမ်တွင်းအကြမ်းဖက်မှုကို လက်ဆင့်ကမ်းသလိုဖြစ်နိုင်ပါတယ်

လေ့လာမှုတွေအရ ကလေးတွေကိုရိုက်နှက်ဆုံးမခြင်းဟာ ကလေးသူငယ်အလွှဲသုံးစားမှုနဲ့ လျစ်လျူရှုမှုအမျိုးအစားထဲမှာပါ၀င်ပြီး ဒါက “နေအိမ်များအတွင်း အကြမ်းဖက်မှုမျိုးဆက်”ကိုဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ တစ်နည်းအားဖြင့် မိဘတွေကိုယ်တိုင်တောင်မသိပဲ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုဖြစ်စေနိုင်တာပါ။

မိသားစု၁၀၀ကျော်က ၃နှစ်ကနေ ၇ နှစ်အရွယ်ကလေးတွေကို လေ့လာမှုလုပ်တဲ့သုတေသနစာတမ်းတွေမှာ အိမ်တွင်းရိုက်နှက်ခံရတဲ့ကလေးတွေဟာ ရွယ်တူချင်းကလေးတွေနဲ့ပြဿနာ(Conflict)ဖြစ်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုပိုပြီးသုံးတတ်၊ တုံပြန်တတ်ကြတယ်လို့ဆိုပါတယ်။

ဆိုလိုတာက စကားနဲ့လာတိုက်ခိုက်သူကိုတောင် ရိုက်နှက်တာ၊ ထိုးကျောက်ကန်ကြိတ်တာမျိုးတွေလုပ်တတ်တယ်လို့ဆိုလိုတာပါ။ ပဋိပက္ခတစ်ခု(Conflict)တစ်ခုကိုဘယ်လိုအကောင်းဆုံးရှင်းမလဲဆိုတာထက် အကြမ်းဖက်နည်းနဲ့ဖြေရှင်းတဲ့ကလေးတွေဖြစ်လာနိုင်ပါတယ်။

ရိုက်တာက လတ်တလောဆိုးကျိုးမရှိဘူးထင်ရပေမယ့် ကလေးတစ်ယောက်ရဲ့ စဥ်းစားတွေးခေါ်မှုနဲ့ခံစားချက်တွေကို သွယ်၀ိုက်ပြောင်းလဲမှုများဖြစ်လာနိုင်စေပါတယ်။ နောက်တစ်ခုက အရွယ်ရောက်လာတဲ့အခါမှာလည်း သူတို့ဟာ သူတို့မျိုးဆက်အပေါ်မှာ အိမ်တွင်းအကြမ်းဖက်မှုတွေကို သူတို့မိဘတွေတုန်းကလိုပဲ လုပ်လာနိုင်ခြေရှိတဲ့အတွက် ဒါဟာနောက်မျိုးဆက်တွေအထိဆိုးကျိုးသက်ရောက်နိုင်တယ်လို့ ယူဆကြပါတယ်…

ရိုက်တာထက်တခြားတင်းကြပ်မှုတွေကပိုဆိုးနိင်တယ်

တချို့လေ့လာသူတွေကတော့ အပေါ်က ပြောပြခဲ့တဲ့အချက်အလက်တွေကို သဘောမတူကြတာမျိုးလည်းရှိပါတယ်။ ဆိုလိုတာက ခြွင်းချက်အနေနဲ့ ရိုက်တာကိုလက်ခံပေးရမယ်လို့သူတို့ကယူဆကြပါတယ်။

မိဘစည်းကမ်းကို အထူးပြုလေ့လာတဲ့ ဥက္ကလာဟိုးမားပြည်နယ် တက္ကသိုလ်ပါမောက္ခ Robert Larzelereက” ဒီလေ့လာမှုတွေက အကြမ်းမဖက်ခြင်းနဲ့အလွန်အမင်းပြင်းထန်သောအတင်းအကြပ်အပြစ်ပေးမှုတွေ အကြားကောင်းစွာခွဲခြားထားမှုမရှိပါဘူး။

သင်ဟာ အတင်းအကြပ်အပြစ်ပေးခြင်းနည်းထက် အခြားသောအစားထိုးစည်းကမ်းတွေ၊ နည်းစနစ်တွေ ဒါမှမဟုတ် အဓိကစည်းကမ်းဆိုင်ရာနည်းဗျုုဟာအဖြစ် အသုံးပြုခြင်းကသာလျင် ရလာဒ်တွေကိုပိုမိုဆိုးရွားစေပါလိမ့်မယ်။ Larzelereနဲ့အခြားလေ့လာသူတွေက ခြွင်းချက်အနေနဲ့ ရိုက်ပီးဆုံးမခြင်းက်ုလက်ခံထားပြီး ကလေးတွေရဲ့တခြားစည်းကမ်းတွေကန့်သတ်မှုတွေကိုတော့ လက်မခံကြပါဘူး။

ဆိုလိုတာက ကလေးတွေရသင့်တဲ့ အခွင့်ထူးတွေဖြစ်တဲ့ ကစားချိန်ကို လုံး၀ကန့်သတ်လိုက်တာမျိုး၊ အချိန်အကန့်အသတ်နဲ့အ ပြစ်ပေးတာမျိုး၊ မိဘနဲ့ကလေးအကြားဆက်သွယ်မှုဖြတ်တောက်ထားတာမျိုးတွေကိုတော့ လက်မခံကြဘူးလို့ဆိုပါတယ်။

နောက်ဆုံးအတွေးများ

လူငယ်တွေစည်းကမ်းနဲ့ပက်သက်ပြီး အားလုံးသဘောတူတဲ့ ပြီးပြည့်စုံတဲ့ ဆန္ဒကိုတော့ရရှိနိုင်မှာမဟုတ်ပါဘူး။ တစ်ကယ်တော့ ခန့်မှန်းချကတွေအရ အမေရိကန်ပြည်ထာင်စုမှာရှိတဲ့ ရှေးရိုးစွဲအယူအဆရှိတဲ့ မိဘ ၃ဦးမှာ ၂ယောက်က ရိုက်နှက်ခြင်းကို စည်း ကမ်းပုံစံတစ်ခုအဖြစ် ဦးစားပေးကြပါတယ်။

စိတ်၀င်စားဖို့ကောင်းတာက ရိုက်နှက်ခြင်းနဲ့ပက်သက်ပြီး ငြင်းခုန်နေကြပေမယ့် ရိုက်နှက်ခြင်းဟာ ကလေးတစ်ယောက်အတွက် အဓိကကျတဲ့စည်းမျဥ်းတစ်ခုမဟုတ်ဘူးဆိုတာကိုတော့အားလုံးလက်ခံထားတာပါပဲ။

ရိုက်နှက်ဆုံးမခြင်းဟာ မျိုးဆက်တွေတစ်ဆက်ပြီးတစ်ဆက်ဆိုးကျိုးတွေးပေးနိုင်တဲ့အတွက် အတတ်နိုင်ဆုံးရိုက်နှက်ဆုံးမတာထက် ကလေးတွေကိုတွေးခေါ်စဥ်းစားတတ်အောင် လမ်းပြဆုံးမတတ်တဲ့ပုံစံကပိုကောင်းပါတယ်နော်…

#Chit_May_May

#Mg_Htet

REF_Power Of Possitivity

LEAVE A REPLY

Please enter your comment!
Please enter your name here