Home Lotaya ကလေးတွေကိုအပြုသဘောဆောင်တဲ့အတွေးအခေါ်တွေ စဥ်းစားတတ်စေဖို့ ကူညီနိုင်မယ့်နည်းလမ်း (၁၀)ခု

ကလေးတွေကိုအပြုသဘောဆောင်တဲ့အတွေးအခေါ်တွေ စဥ်းစားတတ်စေဖို့ ကူညီနိုင်မယ့်နည်းလမ်း (၁၀)ခု

0
ကလေးတွေကိုအပြုသဘောဆောင်တဲ့အတွေးအခေါ်တွေ စဥ်းစားတတ်စေဖို့ ကူညီနိုင်မယ့်နည်းလမ်း (၁၀)ခု

ကလေးတွေကို သူတို့ရဲ့အတွေးတွေ၊ စကားလုံးတွေ၊ လုပ်ရပ်တွေနဲ့(တုန့်ပြန်မှုတွေ)ရဲ့ အကျိုးသက်ရောက်မှုကို နားလည်နိုင်ဖို့ ကူညီပေးခြင်းက သူတို့ရဲ့အနာဂတ်ကျန်းမာရေးအတွက် အခြေခံဖြစ်ပါတယ်။ ကလေးငယ်တွေဟာ ငယ်ရွယ်စဥ်က အပြုသဘောဆောင်တဲ့ အတွေးအခေါ်တွေကို တွေးတတ်လာတာနဲ့အမျှ ၎င်းတို့ဟာ ပျော်ရွှင်သော၊ ကျန်းမာသန်စွမ်းသော၊အောင်မြင်သော အရွယ်ရောက်သူတွေအဖြစ် ဘ၀မှာအခွင့်အရေးတွေ မြောက်များစွာ ရရှိပါလိမ့်မယ်။
တစ်သက်တာမှာ ကောင်းမွန်တဲ့လမ်းကြောင်းပေါ်ရောက်အောင် ကလေးတွေကို လမ်းညွှန်နိုင်မယ့်ထိရောက်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ ၎င်းတို့ ဘ၀အတွက် အကောင်းဆုံးလမ်းညွှန်မှုတွေ စတင်နိုင်ဖို့ကျွန်တော်တို့အပေါ်မှာပဲ မူတည်ပါတယ်။ သင့်ကိုအဆုံးထိ ကူညီနိုင်ဖို့စိတ်ကူးကောင်းတဲ့ မိဘအုပ်ထိန်းမှုဆိုင်ရာအကြံပြုချက်တွေကို ဒီနေရာမှာဖော်ပြပေးထားပါတယ်။

၁။ Great Role Modelထားပါ

”ကလေးတွေဟာ စိုစွတ်တဲ့ဘိလပ်မြေနဲ့ တူတယ်။ သူတို့အပေါ်ကျရောက်လာသမျှကို သူတို့ကစွဲမှတ်နိုင်တယ်”- Haim Ginott
တကယ်လို့သင်က သင့်ကလေးတွေကို အကောင်းမြင်စေချင်တယ်ဆိုရင် စံပြပုဂ္ဂိုလ်ထားဖို့ အရေးကြီးပါတယ်။ သင့်မှာ ကလေးတစ်ယောက်ရှိတယ်ဆိုရင် သင့်ရဲ့အတွေးတွေကို သတိထားတာက တစ်ခြားသူတွေအပေါ် သင့်ရဲ့စိတ်နေစိတ်ထား၊ အပြောအဆိုနှင့် အပြုအမူတွေကို စတင်တုပလာနိုင်တာကို သင်သတိထားမိတဲ့အခါ ရှင်းလင်းတဲ့ပန်းတိုင်တစ်ခုဖြစ်လာပါတယ်။

သင့်ရဲ့အတွေ့အကြုံတွေက အပြုသဘောဆောင်တဲ့ရှုထောင့်ကို ရှာဖွေပြီးတော့ ရွေးချယ်လိုက်ခြင်းက ဘာကြောင့်အရေးကြီးတယ်ဆိုတာ ရှင်းပြပါ။ လူကြီးတွေက ကမ္ဘာကြီးဟာနေရောင်ခြည်နှင့် သက်တံ့ရောင်တွေခြည်းပဲရှိတာမဟုတ်ဘူးဆိုတာ သိကြပေမယ့်လည်း ကလေးတွေကတော့ သူတို့အသက်အရွယ်လေးနဲ့ ဒီအသိပညာကို မေ့ကောင်းမေ့နိုင်ပါတယ်၊ အောင်မြင်မှုနှင့် ရှုံးနိမ့်မှုနှစ်မျိုးလုံးမှတစ်ဆင့် သူတို့သင်ယူနိုင်တဲ့သူတစ်ဦးဦးဖြစ်ပါစေ။

၂။ သူတို့ရဲ့ခံစားချက်နဲ့ အဆင်ပြေအောင် ကူညီပေးပါ

”ယောင်္ကျားလေးတစ်ယောက်က မငိုသင့်ဘူး၊ မိန်းကလေးတစ်ယောက်ဟာ အမြဲကျက်သရေရှိနေရမယ်”စတဲ့ အယူအဆတွေဟာ ကလေးတွေရဲ့ ဖန်တီးနိုင်စွမ်းနှင့် စွမ်းရည်တွေအတွက်အတားအဆီးဖြစ်စေနိုင်တယ်။ ကလေးငယ်တွေအကြား စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာကို မြှင့်တင်ပေးခြင်းက တစ်ခြားကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာအကျိုးကျေးဇူးများစွာနဲ့ အတူ နောက်ပိုင်းမှာ စိတ်ရောဂါဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

ဘယ်လိုပျော်ရွှင်ရမလဲဆိုတာ ကလေးတွေကိုသင်ပေးပါ။ ၎င်းတို့ခံစားနေရတဲ့ အရာတွေနဲ့ သူတို့ဘ၀မှာ လိုချင်တဲ့အရာတွေကို ပြောဆိုဖို့ လုံခြုံစိတ်ချရတဲ့ပတ်၀န်းကျင်မှာ နေထိုင်ခွင့်ပြုပါ။

၃။ ဆွဲဆောင်မှုရဲ့ နိယာမကို သင်ပေးပါ

ဆွဲဆောင်မှုရဲ့နိယာမတရားက နောက်ဆုံးမှာ သင့်ရဲ့အထင်ရှားဆုံးသောအတွေးများနှင့် ကိုက်ညီတဲ့အရာတွေကို သင်ရရှိတဲ့အခွင့်အလမ်းအချို့ရရှိပါလိမ့်လို့ ရိုးရှင်းစွာဖော်ပြပေးထားပါတယ်။ ဒီသဘောတရားကို နားလည်သဘောပေါက်မယ်ဆိုရင် ၎င်းတို့ရဲ့သေးငယ်တဲ့လေ့ကျင့်မှုတွေကနေပြီးတော့ သမ္မတဖြစ်လာတဲ့အထိအောင်မြင်မှုတွေရရှိဖို့အာရုံစိုက်လာပါလိမ့်မယ်။ သူတို့ကို တစ်ခြားသူတွေအပေါ် ကြင်နာမှုနှင့် ထောက်ထားစာနာတတ်ဖို့ သင်ပေးပါ။ အခုပြောပြပေးမယ့် ရိုးရှင်းတဲ့အဆင့်သုံးဆင့်က ဆွဲဆောင်နိုင်တဲ့နိယာမတရားကို ရှင်းပြဖို့ သင့်ကိုကူညီပါလိမ့်မယ်။


သင့်ကလေးကို မှန်ထဲမှာ အပြုသဘောဆောင်တဲ့ ကတိသစ္စာကို သင့်နဲ့အတူ နေ့တိုင်းပြောဆိုစေပါ။ ”ကျွန်ုပ်ကတီထွင်ဖန်တီးနိုင်တယ်၊ ကျွန်ုပ်က အားကြီးတယ်၊ ကျွန်ုပ်က သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တယ်၊ ကျွန်ုပ်က ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တယ်” ဒီစကားစုတွေဟာ သူတို့ရဲ့စိတ်နှလုံးထဲမှာ အပြုသဘောဆောင်တဲ့ မျိုးစေ့ကို စိုက်ပျိုးနိုင်ပြီး သူတို့ရဲဘ၀တွေကို ကြီးမားတဲ့နည်းနဲ့ အကျိုးသက်ရောက်စေပါလိမ့်မယ်။

၄။ လှုံ့ဆော်သူနှင့် အားပေးသူဖြစ်ပါစေ

သင့်ကလေးကို သူတို့အကောင်းဆုံးဖြစ်နိုင်တယ်ဆိုတာ ယုံကြည်ပါ။ သူတို့ရဲ့ အိပ်မက်တွေအကောင်အထည်ဖော်ဖို့နှင့် သူတို့ရဲ့ဘ၀မှာ ကြီးကျယ်ခမ်းနားလွန်းတဲ့အရာတွေမှာ အောင်မြင်နိုင်တယ်ဆိုတာယုံကြည်ဖို့ သူတို့ကို အားပေးပါ။


သင့်ကလေးက တစ်စုံတစ်ခုပျက်ကွက်ခဲ့တယ်ဆိုရင် အဲ့ဒီ့အရာအတွက် တာ၀န်ယူတတ်ဖို့ ၎င်းတို့ကို ဆက်လက်လုပ်ဆောင်ဖို့ လှုံ့ဆော်ပါ။ ရလဒ်တိုင်းမှာ ငွေရောင်အနားသတ်တွေအမြဲရှိတယ်ဆိုတာ သူတို့ကိုသင်ပေးပါ။ သူတို့ရဲ့အကောင်းဆုံးလုပ်ရပ်တွေအပေါ်မှာ အသိအမှတ်ပြုပါ။

၅။ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သင်ပေးပါ

”နောက်လိုက်တွေက ပြဿနာတွေအကြောင်း ပြောကြတယ်၊ ခေါင်းဆောင်တွေကတော့ ဖြေရှင်းချက်တွေအကြောင်း ပြောကြတယ်”
ပြဿနာတွေကို ဖြေရှင်းတာက ကလေးတွေအားလုံးအတွက် ယုံကြည်မှုရရှိဖို့ ၊ အပြုသဘောဆောင်တဲ့အတွေးအခေါ်တွေကို ဆက်လက်တွေးတောနိုင်ဖို့ နှင့် ဘ၀မှာထူးခြားဖို့လိုအပ်တဲ့အရေးကြီးတဲ့စွမ်းရည်တစ်ခုဖြစ်ပါတယ်။ ပြဿနာနှင့် ဘယ်အရာကအရေးကြီးတယ်ဆိုတာ သိနိုင်ဖို့ကူညီပါ။ ဖြေရှင်းနည်းတွေကို အာရုံစိုက်ဖို့ ကူညီပါ။ တတ်နိုင်သမျှ အမြန်ဆုံး”ဖြေရှင်းရေးဇုန်”ထဲကို ပြောင်းရွှေ့ခြင်းက သူတို့ကိုအမြဲတမ်းအကောင်းမြင်ဖို့ တွန်းအားပေးပါလိမ့်မယ်။ ပြဿနာတိုင်းမှာ အဖြေရှိတယ်ဆိုတာ ယုံကြည်လာစေပါလိမ့်မယ်။

၆။ သူတို့ချစ်တဲ့အရာတွေကို လွတ်လပ်စွာလုပ်နိုင်ဖို့ခွင့်ပြုပါ

မိမိတို့ရဲ့ ထူးခြားတဲ့နည်းနဲ့ ရှင်သန်ဖွံ့ဖြိုးမှုက ကလေးတွေကိုသူတို့ချစ်တဲ့အရာတွေကို လုပ်ဖို့ လွတ်လပ်မှုအချို့လိုအပ်တယ်။ ကလေးတွေကို သူတို့ရဲ့ရည်ရွယ်ချက်နှင့် စိတ်အားထက်သန်မှုရဲ့ လုံခြုံမှုကို ရှာဖွေနိုင်ဖို့ လမ်းပြပါ။ သူတို့ရဲ့ဘ၀မှာ စိတ်လှုပ်ရှားစေမည့် အရာတွေသင်ယူနိုင်မယ့် ပတ်၀န်းကျင်ဖန်တီးပါ။ အရာအားလုံးမှာ သင်ခန်းစာတစ်ခုရှိပြီး ကလေးတစ်ယောက်ရဲ့သင်ယူမှုကိုအမြင့်ဆုံးအထိရောက်အောင် ဆွဲဆောင်နိုင်ဖို့၊ သင်ခန်းစာပေးနိုင်ဖို့က ကျွန်တော်တို့အပေါ်မှာ မူတည်ပါတယ်။

၇။ အပြုသဘောဆောင်တဲ့လူတွေနဲ့ပဲ ၀န်းရံစေပါ

အပြုသဘောဆောင်တဲ့ မြင့်မားတဲ့ပတ်၀န်းကျင်မှာရှိတဲ့ ကလေးငယ်များ။ ၎င်းတို့က ၎င်းတို့နှင့် အချိန်အများဆုံးဖြုန်းထားတဲ့လူတွေရဲ့ ထုတ်ကုန်ဖြစ်ကြောင်း၊ အပြုသဘောဆောင်တယ်လို့ ထင်မြင်သူတွေနဲ့ ပေါင်းသင်းဖို့ ကြိုးစားရှင်းပြပါ။ ကောင်းမွန်တဲ့အပြုသဘောဆောင်တဲ့ ပတ်၀န်းကျင်က သူတွေဟာ အခြားသူတွေကို အကောင်းမြင်ဖို့ ကူညီခြင်းနဲ့ရှေ့ဆက်နိုင်တယ်။

၈။ ကိုယ်ကျင့်တရားနှင့် တန်ဖိုးတွေကိုအားပေးပါ

ငယ်ရွယ်စဥ်ကစပြီး အပြုသဘောဆောင်တဲ့ ကိုယ်ကျင့်တရားနှင့် တန်ဖိုးတွေကို တည်ဆောက်မယ်ဆိုရင် ကလေးတွေဟာ ခိုင်မာတဲ့ အပြုသဘောဆောင်တဲ့ ခေါင်းဆောင်တွေဖြစ်လာနိုင်ပါတယ်။ သူငယ်ချင်းတွေနှင့် ဆက်ဆံခြင်း၊ အမှားတွေအတွက် တာ၀န်ယူတတ်ခြင်းနှင့် ကတိက၀တ်တွေကို အတူလိုက်လျှောက်ဖို့ သင်ကြားခြင်းတွေမှာ ”အမှားအမှန်သိခြင်း”တွေကိုလိုအပ်ပါတယ်။

၉။ သူတို့ရဲ့နေ့ရက်ကာလနှင့် အပြုသဘောဆောင်တဲ့အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီးတော့ မေးကြည့်ပါ

သူတို့ရဲ့ တစ်နေ့တာ ဘယ်လိုဖြစ်ပျက်ပြီးဆုံးသွားတယ်ဆိုတာ မေးရုံတင်မကဘဲ သူတို့တစ်နေ့တာအတွင်းဖြစ်ပျက်ခဲ့တဲ့အပြုသဘောဆောင်တဲ့ အရာတွေအကြောင်းသူတို့ကို မေးပါ။ ဒီတိကျတဲ့မေးခွန်းတွေက စိတ်ပျက်စရာတွေဆိုတာထက် သူတို့ရဲ့အောင်မြင်မှုကို အာရုံစိုက်ဖို့ ကူညီပေးတယ်။
ကလေးတွေဟာ အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေကို အာရုံစိုက်နေတဲ့အချိန်မှာ သူတို့ရဲ့အပြုသဘောဆောင်တဲ့ အတွေ့အကြုံတွေကသာ ဆက်လက်ကြီးထွားလာပါလိမ့်မယ်။

၁၀။ စာကြည့်တိုက်၀န်းကျင်ဖန်တီးပါ

ငယ်ငယ်ကတည်းက စာတတ်မြောက်ရေးကို ထောက်ပံ့ပါ။ ၎င်းက သူတို့ရဲ့ကိုယ်ပိုင်စွမ်းအားတွေကို လက်ခံနိုင်တဲ့နေရာတွေကို ပို့ဆောင်တယ်။ မကြာခဏစာဖတ်လေ့ရှိတဲ့ ကလေးတစ်ယောက်က ပြဿနာတွေကို မဟာဗျူဟာနှင့် ဖြေရှင်းနိုင်တဲ့စွမ်းအားနဲ့ ကြွယ်၀တယ်။ စာကြည့်တိုက်ကဒ်တွေကို ပေး ပဟေဠိအမျိုးမျိုးပေးပြီးတော့ စာအုပ်အမျိုးမျိုးကို ဖတ်စေပါ။ ဘင်ဂိုကစားစေပါ။ ကွန်ပျူတာပေါ်မှာ စာအုပ်တွေနဲ့ မိတ်ဆက်ပေးပါ။

Chit_May_May

Nyein_THu

LEAVE A REPLY

Please enter your comment!
Please enter your name here