ကလေးတွေကို ငယ်ရွယ်စဉ် အစောပိုင်းပညာရေးမှာ မျှဝေတတ်ဖို့ သင်ကြားပေးခြင်းဟာ အခက်အခဲရှိနိုင်ပါတယ်။ မေမေတို့ ကလေးဟာ သူ့အခန်းထဲမှာ ကစားစရာတွေ ပြည့်နှက်နေပေမယ့် သူ့သူငယ်ချင်းကစားဖို့ ရွေးချယ်ထားတဲ့ အရုပ်ကိုသာ လိုချင်ပါလိမ့်မယ်။ ဒါက ကလေးသဘာဝဖြစ်ပါတယ်။ တစ်ခါတစ်ရံ မျှဝေခြင်းကို မသိခြင်းက တကယ့်ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ပျော်ရွင်မှုနှင့် ရယ်မောခြင်းကို မျက်ရည်များနဲ့ ဝုန်းဒိုင်းကြဲခြင်းဖြင့် အစားထိုးနိုင်ပါတယ်။ မူကြို (သို့) သူငယ်တန်းစာသင်ခန်းတိုင်းမှာ ဒီအရာက ဖြစ်ပျက်ပါလိမ့်မယ်။
Sharing လုပ်ခြင်းကို ငယ်ရွယ်တဲ့ ကလေးတွေ နားမလည်ကြတဲ့ အယူအဆက ရှင်းပါတယ်။ သူတို့အများစုအတွက် မျှဝေမှုဆိုတာ တခြားလူတွေဆီကနေ အရာဝတ္တုတွေကို ယူခြင်းပဲ ဖြစ်ပါတယ်။ သူတို့ဟာ မျှဝေမှုကို စိတ်ကူးထဲရုပ်လုံးပေါ်အောင် မတွေးကြည့်တတ်ကြပါဘူး။ သူတို့ တစ်ခုခုလိုချင်ရင် သူတို့ပဲ ရယူမယ် ဆိုတာမျိုးပါ။

မိဘအနေနဲ့ ဒေါသမထွက်သင့်ပါဘူး။ sharing မလုပ်ခြင်းအတွက် ကလေးတွေကို ဒေါသထွက်ရင် မိဘက အော်ငေါက်လို့သာ သူတို့ ဝေမျှပေးလိုက်ရတယ်၊ သူတို့ စိတ်ထဲမှာ ကျေနပ်မှာမဟုတ်ပါဘူး။ ကလေးအား မျှဝေခြင်းနှင့် ပတ်သတ်ပြီး ၎င်းရဲ့ အဓိပ္ပာယ်ကို သင်ယူစေလိုပါက အောက်ပါအကြံပြုချက်တွေကို ကျင့်သုံးပါ။
၁။ အလှည့်ကျယူတာ
ပါဆယ် ဂိမ်းဆော့သလိုပါပဲ၊ ပစ္စည်းကို တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်းခြင်းဖြင့် Sharing လုပ်ဖို့ သင်ပေးနိုင်ပါတယ်။ ဥပမာ-“အဲ့ဒါ မေ့မေ့ အလှည့်”လို့ သင်ပြောနိုင်ပါတယ်။ အလှည့်ကျဖို့ သင်ယူခြင်းက Sharing ရဲ့ ပထမခြေလှမ်းဖြစ်ပါတယ်။

၂၊ ကလေးနှင့်အတူ လေ့ကျင့်ပါ
အိမ်မှာ ကလေးနှင့်အတူ မျှဝေခြင်းကို လေ့ကျင့်လို့ရပြီး အဲ့ဒါကို ပျော်စရာကောင်းအောင် ပြုလုပ်ပါ။ ဥပမာ- ရေခဲမုန့်တစ်ခုကို မျှဝေကျွေးမယ်ဆိုတဲ့ အကြောင်း ပြောနိုင်ပြီး မေမေက တစ်ကိုက် သမီးလေးက တစ်ကိုက် တစ်လှည့်စီ စားတာမျိုး ဖြစ်ပါတယ်။
ကလေးဘဝ အစောပိုင်းပညာရေးရဲ့ အဆင့်မှာ
ကလေးတွေဟာ အသက် ၄နှစ်လောက်မှာ အခြားရှုထောင့်တွေကို နားလည်နိုင်လာပါပြီ။ ဒီတော့ ဒီဖွံ့ဖြိုးမှုအဆင့်ကို အခြေခံပြီး ကလေးတွေကို ဝေမျှဖို့ သင်ကြားပေးရတာ ပိုလွယ်ပါတယ်။ သူတို့ကိုနားလည်စေဖို့ မေးခွန်းတွေကို မေးခြင်းက အရမ်းကောင်းတဲ့ tool ဖြစ်ပါတယ်။ “သားသူငယ်ချင်းက အရုပ်တွေအားလုံးကို သိမ်းဆည်းထားပြီး တစ်ခုလောက် သားကို မပေးချင်ရင် သားဘယ်လိုခံစားရသလဲ” ဆိုတာမျိုးဖြစ်ပါတယ်။
ကလေးတွေကို မေမေက ဘာ့ကြောင့် မျှဝေသုံးစေချင်တာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့ အရေးကြီးပါတယ်။ အချို့သော မိဘတွေက ကိုယ့်ကလေးတွေ တခြားမိဘရှေ့မှာ မမျှဝေပါက အပြစ်ရှိတယ်လို့ ခံစားရတာကြောင့် ကလေးတွေကို မျှဝေသုံးဖို့ ပြောလေ့ရှိပါတယ်။ သို့သော် ဘာ့ကြောင့်လည်းဆိုတာ သင့်ကလေးနားမလည်ဘဲနဲ့ အတင်းအကျပ်လုပ်တာ မကောင်းပါဘူး။

ကလေးတွေ ဝေမျှတတ်ဖို့ သင်ပေးတဲ့ ဂိမ်းများ
အနိုင်ရသူတစ်ယောက်မှ မပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်ရသော ဂိမ်းတွေဟာ အသက် ၃နှစ်နှင့် ၃နှစ်အထက် ကလေးတွေအတွက် ကောင်းပါတယ်။ ယှဉ်ပြိုင်မှုက မကောင်းတာ မဟုတ်ပေမယ့် မူကြိုကလေးတွေအတွက်တော့ အိုင်ဒီယာကောင်းမဟုတ်ပါ။ သူတို့ဟာ တစ်ခုခုကို အောင်မြင်ဖို့ လူတိုင်းပါဝင်ရမယ့် ဂိမ်းတွေနှင့်အတူ မျှဝေဖို့ လေ့လာရပါလိမ့်မယ်။
ကလေးတွေကို မျှဝေခြင်း သင်ပေးဖို့ Stopwatch အသုံးပြုခြင်း
အချိန်ဖမ်းနာရီကို သုံးခြင်းဖြင့် ဂိမ်းတစ်ခု sharing လုပ်ဖို့ ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် ကလေးဟာ အချိန်ကုန်သွားတဲ့အခါ သူ့သူငယ်ချင်းကို ပေးရမယ့် ကစားစရာတစ်ခု ရှိပါလိမ့်မယ်။ နောက်တစ်ခါ အလှည့်ကျတဲ့အခါ သူ့သူငယ်ချင်းက ကစားစရာကို သူ့ဆီ ပြန်ပေးပါတယ်။ ပေးကမ်းခြင်းက အမြဲတမ်းဖြစ်ဖို့ မလိုကြောင်း သူတို့ကို စသင်ယူမိစေပါတယ်။
ကလေးဘဝ အစောပိုင်း ပညာရေးမှာ ချီးမွမ်းမှုဖော်ပြခြင်းနှင့် မျှဝေခြင်း
နောက်ဆုံးအနေဖြင့် သင့်ကလေးက တစ်စုံတစ်ရာကို မျှဝေတဲ့အခါ ချီးမွမ်းပေးတာက ကောင်းတဲ့အကြံဖြစ်ပါတယ်။ သားကတော်လိုက်တာလို့ ပြောမယ့်အစား အကြောင်းအရာပါတဲ့ စကားစုကို ပြောပေးပါ။ ဥပမာ-အတူတူ မျှဝေသုံးရတဲ့အခါ အခြားသူဘယ်လိုခံစားရသလဲဆိုတာကို ရှင်းပြပါ။ ” သူငယ်ချင်းကို သားကစားစရာလေး ပေးလိုက်တဲ့အချိန်မှာ သားသူငယ်ချင်းပြုံးပြတာ မြင်လိုက်လား” ဆိုတာမျိုးဖြစ်ပါတယ်။ ဒီအရာက သင့်ကလေးလုပ်ဆောင်မှုနှင့် အသေးစိတ်ကို အာရုံစိုက်မိစေပါတယ်။