ကလေးတွေကို ကိုယ်ပိုင်နယ်နိမိတ်သတ်မှတ်ချက်တွေကို မသင်မဖြစ် သင်ပေးပါ

0
258
- Advertisement -

တကယ်တော့ သင်က သန်မာပြီးတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတဲ့ ကလေးတစ်ယောက်လိုချင်တယ်ဆိုရင် နယ်နိမိတ်တွေသတ်မှတ်ဖို့အရေးကြီးပါတယ်။ ဒါက သူတို့ကို တစ်ကိုယ်ကောင်းဆန်သူ (သို့) လူဆိုးတွေမဖြစ်စေဖို့ သင်ပေးဖို့ပါပဲ ။ နယ်နိမိတ်သတ်မှတ်တယ်ဆိုတာက ကိုယ့်ကိုယ်ကိုယ်ချစ်မြတ်နိုးတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။

မိဘတွေအားလုံးက မိမိတို့ရဲ့ ကလေးတွေကို နယ်နိမိတ်သတ်မှတ်ခြင်းကို သင်ကြားဖို့ကြိုးစားပေမယ့်လည်း တစ်ခါတရံမှာ သင်ကြားနည်းမှားယွင်းနေတတ်ပါတယ်။ ကလေးငယ်တွေကို ငယ်ရွယ်စဥ်မှာ နယ်နိမိတ်သတ်မှတ်ပုံကို သင်ကြားပေးခြင်းက အားကောင်းသော ကိုယ့်ကိုယ်ကိုယ်လေးစားမှုနှင့် ကျန်းမာတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ ကူညီပါလိမ့်မယ်။

နယ်နိမိတ်သတ်မှတ်တယ်ဆိုတာ အခြားသူတွေရဲ့ တောင်းဆိုမှုတွေ (သို့) အကြံပြုချက်တွေကို လက်မခံခြင်းကို ဆိုလိုပါတယ်။ များသောအားဖြင့် ”no” လို့ပြောဖို့က စိတ်ထိခိုက်စေသော (သို့) စိတ်ခံစားမှုခြိမ်းခြောက်ခြင်းနှင့် အပြစ်ရှိတယ်လို့ ခံစားရသူတွေအတွက် ပဋိပက္ခဖြစ်စေနိုင်ပါတယ်။ အတိအကျပြောရရင် လူအများက ကိုယ်ချစ်မြတ်နိုးရသူတွေ (သို့) အခွင့်အာဏာရှိသူတွေနှင့် နယ်နိမိတ်သတ်မှတ်ရတာက တစ်ခါတလေမှာ ခက်ခဲနိုင်ပါတယ်။

ကောင်းမွန်တဲ့ ကလေးတစ်ယောက်ရဲ့ ပုံရိပ်

ကလေးဘဝအစမှာ ”no” လို့ ငြင်းဆိုဖို့ ကြောက်ရွှံ့ခြင်းက မူလအစအပေါ်လွှမ်းမိုးမှုတွေရှိနိုင်ပါတယ်။ ကလေးတွေက အားနည်းချက်တွေရှိပြီးတော့ မှီခိုနေရပါတယ်။ ဒါ့ကြောင့် သူတို့က လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ လူကြီးတွေလိုအပ်ပါတယ်။ အရွယ်ရောက်ပြီသားကလေးတွေမှာတော့ ကောင်းမွန်တဲ့ ကလေးဆိုတာ သိမ်မွေ့ကျိုးနွံရမယ်၊ နာခံရမယ်၊ ပြန်လှန်ခုခံသူမဟုတ်ဘူးဆိုပြီးတော့ သတ်မှတ်ထားကြပါတယ်။

တစ်ခါတရံမှာ ကလေးတွေအမျက်ဒေါသ (သို့) သဘောမတူကြောင်း ဖော်ပြတဲ့အခါ၊ အော်ဟစ်ငိုကြွေးတဲ့အခါ သူတို့က အရွယ်ရောက်သူတွေဆီက မကျေနပ်တဲ့ အသွင်အပြင်တွေကို လက်ခံရရှိလေ့ရှိပါတယ်။ ဒါ့ကြောင့်လည်း လူကြီးတွေကို စိတ်မပျက်စေခြင်း၊ ဝမ်းနည်းခြင်း (သို့) ဒေါသမဖြစ်စေလိုတာကြောင့် သူတို့ရဲ့ ထင်မြင်ချက်တွေနှင့် သဘောမတူညီမှုတွေကို ပယ်ဖျက်တတ်ဖို့ သင်ယူကြရပါတယ်။

ဒီအတိုင်း ကျွန်တော်တို့ကြီးပြင်းလာတဲ့အခါ ဒီအပြုအမူတွေက ဆက်လက်တည်ရှိနေပြီးတော့ တစ်ခြားသူတွေကို ပျော်ရွှင်စေဖို့ မိမိကိုယ်ကိုယ်ငြင်းပယ်နေတယ်ဆိုတာ သိလာကြတယ်။ ကြာလာတော့ ခက်ခဲလာတယ်။

ဒါ့ကြောင့် ကလေးဘဝမှာ နယ်နိမိတ်တွေ သတ်မှတ်ထားခြင်းက တစ်ကိုယ်ကောင်းဆန်ခြင်းမဟုတ်ကြောင်း (သို့) လူဆိုးဖြစ်နေတယ်လို့ မဆိုလိုကြောင်း ကလေးတွေကို သင်ပေးဖို့ အရေးကြီးပါတယ်။ တကယ်တော့ ဒီအချက်က ကလေးတွေကို သူတို့ကိုယ်တိုင်ချစ်တတ်ဖို့၊ သူတစ်ပါးကို ချစ်ဖို့နှင့် လေးစားဖို့ လိုအပ်ကြောင်းလည်း သင်ကြားပေးနိုင်ပါတယ်။

သင်က သင့်ကလေးတွေကို နယ်နိမိတ်သတ်မှတ်ခြင်းတွေကို သင်ကြားပေးမယ်ဆိုရင် သူတို့က သူတို့ကိုယ်တိုင်ပိုသိကျွမ်းလာပါလိမ့်မယ်။ ပြီးတော့ သူတို့ရဲ့ လေးစားမှုကို တိုးတက်စေဖို့ သင်ကူညီနေခြင်းဖြစ်ပါတယ်။ ဒီအချက်က ၎င်းတို့ကို ဘယ်လိုကျူးကျော်မှုမျိုးကိုမှ ခံရမှာမဟုတ်သလို သဟဇာတဖြစ်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ ကူညီပါလိမ့်မယ်။

သင်ကြားပေးဖို့ သော့ချက်များ

သူတို့ရဲ့ ထင်မြင်ချက်တွေကို အခြားသူတွေရဲ့ ယူဆချက်တွေနဲ့ မတူညီတဲ့အခါမှာ လေးစားစွာ ဖော်ပြတတ်ဖို့ ခွင့်ပြုပါ။

သူတို့ရဲ့ ထင်မြင်ချက်က အရေးကြီးတယ်ဆိုတာ သူတို့ကို ပြပြီးတော့ သူတို့ကိုယ်သူတို့ လေးစားစွာ ထုတ်ဖော်ပြောဆိုတတ်ဖို့ သတ္တိရှိစေပါ။

လူအားလုံးမှာ တန်ဖိုးတွေရှိပြီးတော့ တန်ဖိုးရှိတဲ့ ချစ်ခြင်းမေတ္တာနှင့် ထိုက်တန်ကြောင်း ရှင်းပြပါ။ ကိုယ်တိုင်ကြောင့် တစ်ခြားမည်သူကိုမဆို အရှက်ရစေခြင်း၊ ထိခိုက်စေခြင်းမရှိသင့်ကြောင်း ပြောပြပါ။

တစ်စုံတစ်ဦးအပေါ်မှာ ဘယ်လောက်ပဲချစ်ချစ် သူတို့နဲ့ အမြဲတမ်း သဘောတူနေစရာမလိုကြောင်း သတိပေးပါ။ ကိုယ်တိုင်ရဲ့ ထင်မြင်ယူဆချက်တွေကို ဖော်ထုတ်နိုင်ပါတယ်။ ပြီးတော့ တစ်ခြားသူတွေရဲ့ တောင်းဆိုမှုတွေကို ငြင်းဆန်နိုင်ကြောင်း သင်ပေးပါ။ ဒီပြဿနာတွေလောက်နဲ့ ဆက်ဆံရေးက အပြီးသတ်သွားလိမ့်မယ်လို့ မဆိုလိုပါဘူး။

နောက်ဆုံးမှာ သူတို့ဘဝရဲ့ အရေးကြီးဆုံးပုဂ္ဂိုလ်က သူတို့ကိုယ်တိုင်ဖြစ်ကြောင်း တစ်ခြားလူတွေရဲ့ မျက်နှာသာရဖို့ (သို့) ခင်မင်ရင်းနှီးမှုရဖို့ သူတို့မလုပ်ချင်တဲ့ အရာတစ်ခုခုကို လုပ်ဖို့မလိုကြောင်း သူတို့သိစေဖို့ သင်ပေးပါ။

Chit_May_May

Nyein_Thu

Ref-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here