ကလေးတွေကို ကြင်နာမှုမျိုးစေ့လေးတွေ ပျိုးထောင်ပေးဖို့ နည်းလမ်း (၇)ခု

0
23
- Advertisement -

မိဘတိုင်းက ကိုယ့်ကလေးတွေကို ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ လှပတဲ့ ကလေးတွေအဖြစ် ကြီးပြင်းစေချင်ကြပါတယ်။ ဒီလိုကလေးတွေ ဖြစ်လာအောင် မိဘတွေအနေနဲ့ သူတို့ကို ချစ်ခြင်းမေတ္တာရှိတဲ့ ပတ်ဝန်းကျင်မှာ ပျိုးထောင်ပေးဖို့၊ ကြင်နာမှုကို အားပေးဖို့နှင့် တန်ဖိုးထားတတ်မှုတွေကို သင်ပေးဖို့ ကြိုးစားသင့်ပါတယ်။ မိဘကိုယ်တိုင်ကလည်း စံပြဖြစ်နေရပါမယ်။

ကြင်နာမှုဆိုတာ ဘာကိုဆိုလိုတာလဲ?

ကြင်နာမှုဆိုတာ လူတို့ရဲ့ စရိုက်လက္ခဏာဖြစ်ပြီး အခြားသူအပေါ်မှာ စာနာတတ်ခြင်း ဖြစ်ပါတယ်။ ကြင်နာတတ်သူတွေဟာ မလုပ်ခင်မှာ မတူညီတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားလေ့ရှိကြပါတယ်။ ကျွန်တော်တို့ရဲ့ ကလေးတွေကို ကြင်နာမှုမျိုးစေ့လေးတွေ ပျိုးထောင်ပေးလိုပါက သူတို့အား ကူညီတတ်ဖို့နှင့် ပူပေါင်းဆောင်ရွက်တတ်ဖို့ သင်ပေးရပါမယ်။ သူတို့ရဲ့ self-esteem ကိုလည်း မြှင့်တင်ပေးရပါမယ်။ဒီခွန်အားတွေက အခြေခံတွေ ဖြစ်ကြပါတယ်၊၊

- Advertisement -

၁။ ကျေးဇူးတင်ခြင်း

ကျေးဇူးတင်ခြင်းက ပညာရေးမှာ အခြေခံအကျဆုံးဖြစ်ပြီး ကလေးတွေအတွက် ကြင်နာမှုကို အားပေးဖို့ သော့ချက်တစ်ခုလည်း ဖြစ်ပါတယ်။ အခြားသူတွေအပေါ် ကြင်နာသော အပြုအမှုတစ်ခုမျှသာ မဟုတ်ဘဲ အခြားသူတွေ ကိုယ့်ကို ကျေးဇူးတင်တဲ့အခါ နားလည်စေဖို့လည်း အထောက်အကူပြုပါတယ်။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူးပါ” ဆိုတဲ့စကားလုံးတွေေက သူတို့ကို ဘဝခရီးတစ်လျှောက် တံခါးတွေဖွင့်ပေးမယ့် ကိရိယာတွေ ဖြစ်ပါတယ်။ ဒီယဉ်ကျေးသိမ်မွေ့တဲ့ စကားလုံးတွေကို ကြားရတဲ့အခါ ဘယ်သူမပျော်ဘဲ ရှိမှာလဲ?

၂။ စည်းလုံးညီညွတ်မှုရှိခြင်း

ကလေးတွေကို ကြင်နာမှုပျိုးထောင်ပေးချင်ရင် သူတို့ဟာ လိုအပ်တဲ့သူတွေကို ဘယ်လိုမျှဝေရမယ်၊ ဘယ်လိုကူညီရမယ်ဆိုတာ လေ့လာဖို့ လိုအပ်ပါတယ်။ ဒါက ကိုယ့်မှာ ပိုနေတာတွေကို မနှမျောဘဲ တတ်နိုင်သလောက် ပေးကမ်းရခြင်းကို ဆိုလိုပါတယ်။

၃။ စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း

ဒါက ကလေးတွေအတွက် ကြင်နာမှုပျိုးထောင်ပေးဖို့ နောက်ထပ်အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါ။ လက်သင့်ခံခြင်း၊ စီမံခန့်ခွဲတတ်ခြင်းနှင့် စိတ်ခံစားမှုကို သိခြင်းဟာ အပြုသဘောဆောင်တဲ့ နှောင်ကြိုးနှင့် relationships ကိုတည်ဆောက်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ၎င်းက လေးစားမှု ကဲ့သို့သော တန်ဖိုးနှင့် ပြောဆိုဆက်ဆံမှုကို တိုးတတ်စေတာကြောင့် ပါဝင်ပတ်သတ်သူတိုင်းကို အကျိုးဖြစ်စေပါတယ်။

၄။ ပူးပေါင်းဆောင်ရွက်ခြင်း

ယေဘုယျအားဖြင့် ပြောရရင် ကြင်နာမှုကို ဖွံ့ဖြိုးစေဖို့ အရေးကြီးဆုံးအရာက ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်။ သူတို့ကို စိတ်လှုပ်ရှားမှု ရရှိစေတာကြောင့် အလွယ်တကူ motivated ဖြစ်ပါတယ်။ ကလေးတွေဟာ ပါဝင်ရတဲ့ ခံစားချက်ကို နှစ်သက်လာပြီး သူတို့ရဲ့ သိချင်စိတ်ပြင်းပြခြင်းကိုလည်း အားပေးပါတယ်။ ဒီအတွက်ကြောင့် ကလေးတွေဟာ အလုပ်တွေကို ကူညီပေးရတာကို ပျော်ရွင်ကြပါတယ်။

Daughter helping mom in cleaning dishes

သူတို့ကို အိမ်မှုကိစ္စတွေမှာ ပါဝင်စေခြင်းက ပူးပေါင်းဆောင်ရွက်မှုနှင့် တာဝန်ယူတတ်မှုကို တဖြည်းဖြည်းသင်ကြားပေးပါလိမ့်မယ်။ သူတို့့ဟာ နေ့စဉ်အိမ်မှုကိစ္စတွေကို ဝန်ထုတ်ဝန်ပိုးတစ်ခုလို့ မမြင်ဘဲ မျှဝေရမယ့် လှုပ်ရှားမှုတစ်ခုအဖြစ် မြင်လာစေပါလိမ့်မယ်။

၅။ မေးခွန်းတွေနဲ့ ဂိမ်းများ

ကျွန်တော်တို့ရဲ့ ကလေးတွေကို ကမ္ဘာကြီးအား လေ့လာခွင့် ၊ မေးခွန်းတွေကို မေးခွင့်၊ သတင်းအချက်အလက်ရယူခွင့်နှင့် ကြီးပြင်းခွင့်ပေးရပါမယ်။ သူတို့ရဲ့ သိချင်စိတ်ကို ကျေနပ်အောင်၊ စူးစမ်းအောင် ကစားနိုင်ဖို့လည်း အရေးကြီးပါတယ်။

၆။ စိတ်ရှည်သည်းခံခြင်း

ကလေးတွေမှာ ကြင်နာမှုမျိုးစေ့ပျိုးထောင်ပေးဖို့ သူတို့ကို စိတ်ရှည်တတ်အောင် သင်ပေးရပါမယ်။ ဒါက မိဘတွေအနေနဲ့ ရင်ဆိုင်ရမယ့် အခက်အခဲဆုံး သင်ခန်းစာတစ်ခုဖြစ်ပါတယ်။ သို့သော် ဒါကို အကြိမ်ကြိမ် ကြိုးစားပေးရမှာ ဖြစ်ပါတယ်။
စိတ်ရှည်တတ်တဲ့ကလေးတစ်ယောက်ဟာ ငြီးငွေ့စရာမရှိဘဲ တခြားသူတွေကို နားထောင်နိုင်ပါလိမ့်မယ်။ နားထောင်တယ်ဆိုတာကလည်း အရာအားလုံးကို သဘောတူရမယ်၊ ပေးကမ်းရမယ်လို့ မဆိုလိုပါဘူး။

၇။ တောင်းပန်တတ်ခြင်းနှင့် တောင်းပန်မှုကို လက်ခံခြင်း

ကလေးတွေကို ဘယ်လိုတောင်းပန်ရမယ်ဆိုတဲ့အကြောင်း သင်ကြားပေးခြင်းက ကြင်နာမှုကို အားပေးတဲ့နေရာမှာ အရမ်းအရေးကြီးပါတယ်။

အပြုသဘောဆောင်တဲ့နည်းနဲ့ ပဋိပက္ခကို ဆန်းစစ်ဖို့ အချိန်ခဏယူရန် လိုအပ်ပါတယ်။ ပြီးမှ ကျွန်တော်တို့ဟာ အခြားသူထံချဉ်းကပ်ပြီး တောင်းပန်တာ ဆက်သွားနိုင်ပါတယ်။ တောင်းပန်ခြင်းက သူတို့ကို အကျိုးရနိုင်ပြီး စိတ်သက်သာရာရစေနိုင်တယ်ဆိုတာ သူတို့ သိထားရပါမယ်။ သူတို့ရဲ့ အမှားတွေကို လက်ခံနိုင်ရပါမယ်။ သူတို့ဘာလုပ်ခဲ့သလဲဆိုတာ ခွဲခြားသိနိုင်ရင် နောက်တစ်ကြိမ်ရလဒ်က လူတိုင်းအတွက် အကောင်းဖြစ်ပါလိမ့်မယ်။

ချစ်ခင်တွယ်တာမှုက ဘာ့ကြောင့်အရေးကြီးသလဲ?

သင်ချစ်မြတ်နိုးရသူတွေကို တန်ဖိုးထားခြင်း၊ ချစ်မြတ်နိုးခြင်းက စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာနှစ်ခုစလုံးမှာ ကျန်းမာစွာ ဖွံ့ဖြိုးတိုးတတ်စေဖို့အတွက် အခြေခံကျပါတယ်။
ဒီအသုံးဝင်သော အချက်များအပြင် ကျွန်တော်တို့ဟာ လိုအပ်တဲ့အခါတိုင်း ကလေးတွေကို ချစ်ခင်မှုနှင့် ဂုဏ်ယူမှုကို ဖော်ပြဖို့ မမေ့သင့််ပါဘူး။ ဒီအရာက သူတို့ရဲ့မျက်နှာတွေကို ပြုံးပျော်စေပြီး သူတို့ရဲ့ ကမ္ဘာကိုသာမက ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးကိုပါ ထွန်းလင်းစေပါလိမ့်မယ်။

Chit_MayMay

LM_Nandar

Source-youaremom

LEAVE A REPLY

Please enter your comment!
Please enter your name here