ကလေးတွေကို ခံစားချက်တွေကို မဟုတ်ဘဲအပြုအမူတွေကိုသာ သင်ပေးပါ

0
240
- Advertisement -

ကလေးတွေဟာ သဘာဝအားဖြင့်အလွန်အမင်းအံ့ဩဖွယ်ကောင်းနိုင်ပါတယ်။ အရွယ်ရောက်သူတွေအတွက် သူတို့ရဲ့စိတ်လှုပ်ရှားမှုတွေက ယုတ္တိမရှိသောနှင့် လုံးဝအဓိပ္ပာယ်မရှိတဲ့အနေအထားမျိုးဖြစ်ပုံပေါ်နေပါတယ်။ သင့်အနေနဲ့ သူတို့အဲ့ဒီလိုမခံစားရဘူဆိုရင်တောင် သူတို့လိုချင်တာကို သူတို့ခံစားခွင့်ပေးတယ်။ သို့ပေမယ့် သူတို့ကသူတို့လိုချင်တဲ့အပြုအမူတွေကို လုပ်နိုင်တယ်လို့မဆိုလိုပါဘူး။

စည်းမျဥ်းစည်းကမ်းတွေကို ဖောက်ဖျက်ခြင်း၊ အခြားသူတွေကို ထိခိုက်ခြင်း (သို့) လူမှုရေးအရမသင့်လျော်သောပြုမူခြင်းအတွက် သင့်ကလေးကို ဆုံးမပါ။ တစ်ချိန်တည်းမှာ သူတို့ကဒေါသ၊ ဝမ်းနည်းခြင်း၊ ကြောက်ခြင်း၊ စိတ်လှုပ်ရှားခြင်း (သို့)အခြားဘယ်လိုခံစားမှုမျိုးကိုမဆို ခံစားဖို့အဆင်ပြေကြောင်း သူတို့သိစေပါ။

သင့်ကလေးရဲ့စိတ်လှုပ်ရှားမှုကို အသေးအဖွဲ (သို့) ငြင်းပယ်လျစ်လျူခြင်းကို ရှောင်ပါ

”ငါဝမ်းမနည်းသင့်ဘူး”လို့ ယုံကြည်သောကလေးတွေက ဝမ်းနည်းခြင်းကို ရှောင်ရှားဖို့များစွာ ကြိုးစားအားထုတ်ကြလိမ့်မယ်။ ဒါပေမယ့် ဒါဟာမကျန်းမာစေပါ။ ဝမ်းနည်းခြင်းက အနာပျောက်စေသောဖြစ်စဥ်တစ်ခုဖြစ်ပါတယ်။ အဲ့သလိုပါပဲ ”ဒေါသထွက်ခြင်းက မကောင်းဘူး”လို့ တွေးတဲ့ကလေးတွေက အမြဲပြုံးနေနိုင်ပါတယ်။ ဒါဟာအမှန်တကယ်မှာတော့ အမျက်ဒေါသကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ ကျန်းမာရေးနှင့်မညီညွှတ်တဲ့ရွေးချယ်မှုတွေဖြစ်စေနိုင်တဲ့နည်းလမ်းပါ။

စိတ်ခံစားမှုနဲ့ အပြုအမူကိုသီးခြားခွဲထားပါ

သင့်ကလေးလုပ်ဆောင်တဲ့အရာနှင့် ၎င်းတို့ရဲ့ခံစားချက်ကို ခွဲခြားပါ။ ဒေါသဟာခံစားမှုတစ်ခုဖြစ်ပါတယ်။ ဝမ်းနည်းမှုက ခံစားချက်တစ်ခုဖြစ်ပါတယ်။ အော်ဟစ်ခြင်းက အပြုအမူတစ်ခုဖြစ်ပါတယ်။
အချို့သောအရာတွေကို မခံစားဖို့ သင့်ကလေးကို စည်းရုံမယ့်အစား မသက်မသာသောစိတ်ခံစားမှုတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သင်ပေးပါ။ ဥပမာအားဖြင့် အမျက်ဒေါသစီမံခန့်ခွဲခြင်းနည်းစနစ်တွေကြိုတင်သင်ကြားပေးခြင်းနှင့် သင့်ကလေးကိုဒေါသထွက်ခြင်းက ပုံမှန်ဖြစ်ကြောင်းပြပါ။ သို့ပေမယ့် ဒေါသပေါက်ကွဲခြင်းက ကျန်းမာခြင်းမဟုတ်ပါ။

အဆင်မပြေမှုကို ကိုင်တွယ်ဖို့ သင့်ကလေးရဲ့ယုံကြည်မှုကိုတည်ဆောက်ပါ

စိုးရိမ်စိတ်ကဲ့သို့သော မသက်မသာခံစားချက်တွေကို သူမကိုင်တွယ်နိုင်ကြောင်း သင့်ကလေးကိုသင်ပေးပါ။ သူမက စာလုံးပေါင်းဖို့ကျောင်းတစ်ခုလုံးရဲ့ ရှေ့မှောက်တက်လာမှာကို ကြောက်လန့်တုန်လှုပ်သွားတဲ့အခါမှာ သူမကသူမရဲ့ကြောက်စိတ်တွေကို ရင်ဆိုင်နိုင်ဖို့ ကျွမ်းကျင်မှုတွေပေးခဲ့မယ်ဆိုရင် သူမကြိုးစားပါလိမ့်မယ်။ တကယ်လို့ သင်ကစိုးရိမ်စိတ်က မကောင်းကြောင်းမက်ဆေ့ချ်ကို သင်တွန်းပို့တဲ့အခါ သူမရဲ့စိုးရိမ်စိတ်ကို ဖြစ်ပေါ်စေသောအရာတွေကို ရှောင်ရှားပါလိမ့်မယ်။ အလားတူ မသက်မသာခံစားမှုတွေဟာ ဘဝရဲ့အစိတ်အပိုင်းတ်စခုဖြစ်ကြောင့် သင့်ကလေးကိုပြပါ။ တစ်ခါတရံမှာ သင်ဟာ သင့်ခံစားချက်နဲ့ ဆန့်ကျင့်ပြီးပြုမူနေထိုင်ရပါတယ်။

ဥပမာအားဖြင့် သင်ကစိတ်မကောင်းဖြစ်နေတဲ့ နေ့တွေမှာတောင် အခြားသူတွေကိုကြင်ကြင်နာနာဆက်ဆံကြောင်း သက်သေပြပါ။ သင်စိတ်ပျက်တဲ့နေ့တွေမှာတောင် သင်ဟာအလုပ်သွားနေဆဲဖြစ်ကြောင်း သင့်ကလေးကိုပြပါ။ ရှင်းရှင်းလင်းလင်းပြောရရင် တစ်ခါတလေမှာ သင်ဟာအဲဒီလိုမခံစားမိရင်တောင် အရာရာကို ပြီးမြောက်အောင် လုပ်ရမယ်။

သင့်ကလေးကို သူမခံစားချက်တွေကို စီမံဖို့သင်ပေးပါ

သင်က သင့်ရဲ့ကလေးတွေသူမရဲ့ စိတ်ခံစားမှုတွေအဆင်ပြေကြောင်း သင်ကြားပေးတဲ့အခါ ၎င်းစိတ်ခံစားမှုတွေကို လူမှုရေးအရသင့်လျော်တဲ့နည်းလမ်းတွေကို သူမကိုယ်တိုင်ရှာတွေ့နိုင်တယ်ဆိုရင် သူမအပြုအမူတွေမှာ ကြီးမားသောတိုးတက်မှုကို သင်တွေ့ရပါလိမ့်မယ်။ ကလေးတစ်ဦးရဲ့ ခံစားချက်တွေကို ထိုးထွင်းသိမြင်နိုင်ဖို့ ကူညီနိုင်မယ့်နည်းလမ်းတစ်ချို့ကို မျှဝေပေးထားပါတယ်။

သင့်ကလေးရဲ့စိတ်လှုပ်ရှားမှုကို တံဆိပ်ကပ်ပါ

သင့်ကလေးကို သူမရဲ့ခံစားချက်တွေကို အမည်ပေးဖို့သင်ပေးပါ။ သို့မှသာ သူမကသူမရဲ့စိတ်ခံစားမှုကို ပိုမိုနားလည်လာပါလိမ့်မယ်။ ”သမီး/ သား မေမေတို့ ပန်းခြံမသွားဖြစ်တာကို တကယ်စိတ်ပျက်ခံစားပုံရတယ်”တဲ့ စကားလုံးလိုမျိုး တူညီသောစကားလုံးတွေပြောပါ။

ကျန်းမာသောစွမ်းရည်ကို သင်ကြားပါ

သင့်ကလေးကို အဆင်မပြေမှုတွေကို ဘယ်လိုကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာ သင်ကိုယ်တိုင်ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ သူမဝမ်းနည်းနေတဲ့အချိန်မှာ သူဟာပန်းချီကားဆွဲနိုင်ကြောင်း၊ သူမဒေါသထွက်ပြီးအပြင်မှာ ကစားနိုင်ကြောင်းပြပါ။

သူမရဲ့ခံစားချက်တွေကို သူမထိန်းချုပ်နိုင်ကြောင်း သင့်ကလေးကိုပြပါ

တကယ်လို့ သူမကစိတ်မကောင်းနေမယ်ဆိုရင် သူမအခန်းမှာ sulkingကဲ့သို့သော အပြုအမူအချို့က သူမကိုမကောင်းသောစိတ်ဓာတ်နဲ့ စွဲမြဲနေနိုင်ဖွယ်ရှိတာကိုပြောဆိုပါ။ ပျော်စရာဂိမ်းကစားခြင်းကဲသို့သော အခြားရွေးချယ်စရာတွေက သူမကို အားပေးနိုင်ကြောင်းရှင်းပြပါ။

မသင့်လျော်သောအပြုအမူအတွက် သင့်ကလေးကိုဆုံးမပဲ့ပြင်ပါ

တကယ်လို့ သင့်ကလေးက သူမအမျက်ဒေါသထွက်သောအခါ သူမရဲ့အစ်ကိုရဲ့ကစားစရာကို ချိုးဖျက်မယ်ဆိုရင် နောက်ဆက်တွဲအကျိုးဆက်တွေပြောပြပါ။ ရှင်းရှင်းလင်းလင်းပြောရရင် သူမက သူမရဲ့ခံစားချက်တွေအတွက် အပြစ်ပေးမခံရရင်တောင် စည်းမျဥ်းတွေကို ချိုးဖောက်ခြင်းအတွက်သူမအကျိုးဆက်တွေရရှိပါလိမ့်မယ်။

သင့်ကလေးကို စိတ်လှုပ်ရှားမှုကို ဆင်ခြေအဖြစ် ခွင့်မပြုပါနှင့်

သင့်ကလေးက သူမဝမ်းနည်းနေတဲ့အတွက် အိမ်စာမလုပ်နိုင်ဘူးလို့ ပြောရင် ခွင့်မပြုပါနှင့်။ ရှားပါးသောခြွင်းချက်တွေမှလွဲ၍ သူမရဲ့အပြုအမူအတွက် သူမကို တာဝန်ယူစေပါ။ ရှားပါးသောခြွင်းချက်တွေမှာ မိသားစုအတွင်းသေဆုံးမှု(သို့) အရေးပေါ်ကိစ္စများပါဝင်ပါတယ်။

စိတ်ရှည်ပါ

သင့်ကလေးကြီးလာတာနှင့်အမျှ သူမရဲ့စိတ်ခံစားမှုတွေကို ပိုမိုထိန်းချုပ်နိုင်ပါလိမ့်မယ်။ သို့ပေမယ့် ၎င်းက သူမက သူမရဲ့အတန်းကျောင်းများနှင့် ဆယ်ကျော်သက်အရွယ်အတွင်းရုန်းကန်ရမှာမဟုတ်ဘူးလို့တော့ မဆိုလိုပါဘူး။ ကလေးဘဝဟာစိတ်လှုပ်ရှားစရာကောင်းတဲ့ roller coaster တစ်ခုဖြစ်ပါတယ်။ သင့်ကလေးကို လေ့ကျင့်ဖို့သင်ကြားနိုင်သော အချိန်လေးတွေကို ရှာဖွေပါ။ ပြီးတော့ သင့်ရဲ့ခံစားချက်တွေကို ပိုကောင်းအောင်လုပ်ဖို့ အဆင်သင့်ပြင်ထားပါ။ ခက်ခဲသောလူတွေနှင့် ဆုတ်ယုတ်မှုတွေကို သင့်တုန့်ပြန်ပုံကို ကြည့်ခြင်းဖြင့် သင့်ကလေးက စိတ်ခံစားမှုအကြောင်းများစွာ လေ့လာပါလိမ့်မယ်။

Chit_May_May

Nyein_Thu

ref-verywell

LEAVE A REPLY

Please enter your comment!
Please enter your name here