ကလေးတွေကို ချောကလက် ဘယ်အချိန်မှာ စကျွေးနိုင်သလဲ?

0
25

ချောကလက်က အရသာရှိတဲ့ အစားအစာဖြစ်လို့ လူတိုင်းကြိုက်နှစ်သက်ပါကြပါတယ်။ ချောကလက်ရဲ့အနံ့အရသာကို ကလေးတွေလည်း ကြိုက်နှစ်သက်ပါတယ်။ တခြားသူတွေ ချောကလက်စားနေချိန်မှာ မေမေတို့ကလေးလည်း စားချင်နေပါလိမ့်မယ်။ မေမေတို့အနေနဲ့ ကလေးကို ချောကလက်အရသာနဲ့ မိတ်ဆက်တော့မယ်ဆိုရင်၊ ချောကလက်ကျွေးတော့မယ်ဆိုရင် ဒါလေးတွေသိထားသင့်ပါတယ်။

ချောကလက်ကို ဘယ်အချိန်မှာ ကျွေးနိုင်သလဲ?
ကလေးရဲ့ အစာခြေစနစ်က လုံလောက်တဲ့ ဖွံ့ဖြိုးမှု မရှိသေးတာကြောင့် ချောကလက်ကို အသက် (၂နှစ်) ကျော်မှ ကျွေးသင့်ပါတယ်။ ချောကလက်မှာ ကဖိန်းနှင့် ဆက်စပ်နေသော ဒြပ်ပေါင်းတမျိုးဖြစ်တဲ့ theobromine နှင့် ကဖိန်းဓါတ် တို့ပါဝင်ပါတယ်။
theobromine မှာ ကဖိန်းရဲ့ သက်ရောက်မှု ၁၀ ဆ- ၁ဆလောက်သာရှိပြီး လှုံ့ဆော်မှု အားနည်းပေမယ့် ကဖိန်းဓါတ်ပါဝင်တဲ့ ချောကလက်ကို အသက် ၆လနှင့် အထက် ကလေးတွေကိုတောင် မကျွေးသင့်ပါဘူး။ သို့သော် ချောကလက်မှာ ကျန်းမာရေးအကျိုးကျေးဇူးတချို့ ရှိတာကြောင့် သင့်ကလေး အသက် ၂၄လ ကျော်သွားရင် ချောကလက်ကျွေးလို့ရပါပြီ။

သင့်ကလေးအတွက် ချောကလက်က ကောင်းပါသလား?
ချောကလက်က သင့်ကလေးအတွက် ဒီအကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

၁။ ဦးနှောက်လုပ်ငန်းဆောင်တာများကို ထောက်ပံ့ပေးပါတယ်
ချောကလက်မှာ တွေရတဲ့ flavanols လို့ခေါ်သော ဒြပ်ပေါင်းများက သိမြင်မှုစွမ်းရည်များကို တိုးတတ်ကောင်းမွန်စေတဲ့အပြင် မှတ်ဉာဏ် လုပ်ဆောင်ချက်များကို မြှင့်တင်ဖို့ ကူညီပေးပါ။

၂။ သွေးလည်ပတ်မှုစနစ်ကို အကူအညီဖြစ်စေပါတယ်
ချောကလက်ကို ပုံမှန်စားသုံးတာက သွေးကြောတွေနဲ့ နှလုံးရဲ့ စွမ်းဆောင်ရည်ကို တိုးတတ်စေကြောင်း ပြသခဲ့ပါတယ်။ ချောကလက်မှာ တွေ့ရတဲ့ flavanols ဟာ သွေးခဲတာတွေကို တားဆီးပေးပြီး သွေးလည်ပတ်မှုစနစ်ကို ပိုကောင်းစေပါတယ်။

၃။ ဆဲလ်ပျက်စီးမှုကို လျော့ချပေးပါတယ်
ချောကလက်ဟာ အသီးနှင့် ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရတဲ့ အင်တီအောက်ဆီဒင့် ကြွယ်ဝပါတယ်။ ဒီအင်တီအောက်ဆီဒင့်များက သဘာဝအရ ဆဲလ်ပျက်စီးမှုကို လျော့ချပေးပါတယ်။ အမျိုးမျိုးသော ဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာများကို တိုးတတ်ကောင်းမွန်စေပါတယ်။

၄။ စိတ်ခံစားချက်များကို မြှင့်တင်ပေးနိုင်ပါတယ်
ချောကလက်ဟာ လူတစ်ယောက်ရဲ့ ပျော်ရွင်မှုခံစားချက်ကို ဖန်တီးပေးသော အန်ဒိုဖင်းလို့ခေါ်တဲ့ neurotransmitters တွေထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးပါတယ်။ ပျော်ရွင်မှုနှင့် ကောင်းကျိုးချမ်းသာ ခံစားချက်တွေအတွက် အထောက်အကူပေးသော ဆီရိုတိုနင်လို့ခေါ်တဲ့ တခြားဒြပ်ပေါင်းများကိုလည်း ချောကလက်မှာ သဘာဝအတိုင်း တွေ့ရပါတယ်။

၅။ မကောင်းတဲ့ ကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်
ကလေးတွေရဲ့ ကိုလက်စထရော နှင့်ပတ်သတ်ပြီး မစိုးရိမ်ပါနဲ့။ ချောကလက်စားသုံးခြင်းက မကောင်းတဲ့ ကိုလက်စထရော( LDL)တွေကို လျော့ချနိုင်ပါတယ်။ ကောင်းတဲ့ ကိုလက်စထရော HDL ကိုတိုးမြှင့်ပေးပါတယ်။

ကလေးတွေကို ချောကလက်နှင့် မိတ်ဆက်ဖို့ အကောင်းဆုံးနည်းလမ်းက ဘာလဲ?

တခြားချာကလက်ပုံစံတွေထက်စာရင် နို့ချောကလက်ဟာ ကလေးတွေအတွက် အန္တရာယ်အကင်းဆုံးပုံစံဖြစ်ကြောင်း ကလေးကျွမ်းကျင်သူများက အကြံပြုထားပါတယ်။ နို့ချောကလက်ဟာ ချောကလက်အမည်းတွေ ထက်စာရင် ကဖိန်းဓါတ် နည်းပါးပါတယ်။ ဒါ့ကြောင့် ကလေးကို ချောကလက်ကျွေးမယ်ဆိုရင် ကဖိန်းဓါတ်နည်းတဲ့ နို့ချောကလက်ကိုသာ ကျွေးရပါမယ်။
ကလေးအတွက် ရယ်ဒီမိတ် နို့ချောကလက်ကို ရွေးချယ်တဲ့အခါ သကြားနည်းတာနဲ့ တာရှည်ခံပစ္စည်းတွေ မပါတာကို ရွေးချယ်ပါ။
သကြားများတဲ့ ချောကလက်ဖျော်ရည်ကို အလွန်အကျွံသောက်ခြင်းက ကလေးကို အဝလွန်စေနိုင်တာကြောင့် သကြားမပါတဲ့ ချောကလက်ဖျော်ရည်ကို ရွေးချယ်ပေးပါ။ ကျွမ်းကျင်သူများက မူကြိုကလေးတွေအတွက် တစ်ရက်ကို ကဖိန်းဓါတ် ၄၅မီလီဂရမ်ထက်ပိုပြီး မကျွေးသင့်ကြောင်းလည်း အကြံပြုထားပါတယ်။

ချောကလက်က ကလေးကို ဓါတ်မတည့်ဖြစ်စေနိုင်သလား?

ချောကလက်က ကလေးကို ဓါတ်မတည့်ဖြစ်စေနိုင်ပါတယ်။ချောကလက်က ကိုကိုးပင်ရဲ့ အစေ့မှ ပြုလုပ်တာကြောင့် ဓါတ်မတည့်တဲ့ တုံ့ပြန်မှု ဖြစ်ပေါ်နိုင်ချေရှိပါတယ်။ ချောကလက်အလာ့ဂျစ်က တခြားအစားအစာ အလာ့ဂျစ်တွေနဲ့ ဆင်တူပါတယ်။ အရေပြားမှာ အနီစက်တွေထွက်တာ၊ ဗိုက်အောင့်တာ ၊ ပျို့၊ အန်တာနှင့် မျက်နှာရောင်ရမ်းတာ စတဲ့ လက္ခဏာများ ရှိနိုင်ပါတယ်။
ကလေးကို ချောကလက်အသင့်အတင့် ကျွေးတာက ဆိုးရွားတဲ သက်ရောက်မှုများ ရှိခဲပါတယ်။ ဝမ်းဗိုက်ပြဿနာရှိတဲ့ တချို့အခြေအနေတွေမှာ ချောကလက်ကျွေးခြင်းကို ရှောင်ကြဉ်တာ အကောင်းဆုံးဖြစ်ပါတယ်။ ကဖိန်းဓါတ် ပမာဏက နည်းတယ်ဆိုရင်တောင် အိပ်ပျော်ဖို့ ခက်ခဲတာကြောင့် အိပ်ရာမဝင်ခင်မှာ မကျွေးသင့်ပါဘူး။

Lifestyle_Myanmar

LM_Nandar

ZawGyi

ကေလးေတြကို ေခ်ာကလက္ ဘယ္အခ်ိန္မွာ စေကြၽးႏိုင္သလဲ?
ေခ်ာကလက္က အရသာရွိတဲ့ အစားအစာျဖစ္လို႔ လူတိုင္းႀကိဳက္ႏွစ္သက္ပါၾကပါတယ္။ ေခ်ာကလက္ရဲ႕အနံ႔အရသာကို ကေလးေတြလည္း ႀကိဳက္ႏွစ္သက္ပါတယ္။ တျခားသူေတြ ေခ်ာကလက္စားေနခ်ိန္မွာ ေမေမတို႔ကေလးလည္း စားခ်င္ေနပါလိမ့္မယ္။ ေမေမတို႔အေနနဲ႔ ကေလးကို ေခ်ာကလက္အရသာနဲ႔ မိတ္ဆက္ေတာ့မယ္ဆိုရင္၊ ေခ်ာကလက္ေကြၽးေတာ့မယ္ဆိုရင္ ဒါေလးေတြသိထားသင့္ပါတယ္။
ေခ်ာကလက္ကို ဘယ္အခ်ိန္မွာ ေကြၽးႏိုင္သလဲ?
ကေလးရဲ႕ အစာေျခစနစ္က လုံေလာက္တဲ့ ဖြံ႕ၿဖိဳးမႈ မရွိေသးတာေၾကာင့္ ေခ်ာကလက္ကို အသက္ (၂ႏွစ္) ေက်ာ္မွ ေကြၽးသင့္ပါတယ္။ ေခ်ာကလက္မွာ ကဖိန္းႏွင့္ ဆက္စပ္ေနေသာ ျဒပ္ေပါင္းတမ်ိဳးျဖစ္တဲ့ theobromine ႏွင့္ ကဖိန္းဓါတ္ တို႔ပါဝင္ပါတယ္။
theobromine မွာ ကဖိန္းရဲ႕ သက္ေရာက္မႈ ၁၀ ဆ- ၁ဆေလာက္သာရွိၿပီး လႈံ႕ေဆာ္မႈ အားနည္းေပမယ့္ ကဖိန္းဓါတ္ပါဝင္တဲ့ ေခ်ာကလက္ကို အသက္ ၆လႏွင့္ အထက္ ကေလးေတြကိုေတာင္ မေကြၽးသင့္ပါဘူး။ သို႔ေသာ္ ေခ်ာကလက္မွာ က်န္းမာေရးအက်ိဳးေက်းဇူးတခ်ိဳ႕ ရွိတာေၾကာင့္ သင့္ကေလး အသက္ ၂၄လ ေက်ာ္သြားရင္ ေခ်ာကလက္ေကြၽးလို႔ရပါၿပီ။

သင့္ကေလးအတြက္ ေခ်ာကလက္က ေကာင္းပါသလား?
ေခ်ာကလက္က သင့္ကေလးအတြက္ ဒီအက်ိဳးေက်းဇူးေတြ ရရွိႏိုင္ပါတယ္။

၁။ ဦးေႏွာက္လုပ္ငန္းေဆာင္တာမ်ားကို ေထာက္ပံ့ေပးပါတယ္
ေခ်ာကလက္မွာ ေတြရတဲ့ flavanols လို႔ေခၚေသာ ျဒပ္ေပါင္းမ်ားက သိျမင္မႈစြမ္းရည္မ်ားကို တိုးတတ္ေကာင္းမြန္ေစတဲ့အျပင္ မွတ္ဉာဏ္ လုပ္ေဆာင္ခ်က္မ်ားကို ျမႇင့္တင္ဖို႔ ကူညီေပးပါ။

၂။ ေသြးလည္ပတ္မႈစနစ္ကို အကူအညီျဖစ္ေစပါတယ္
ေခ်ာကလက္ကို ပုံမွန္စားသုံးတာက ေသြးေၾကာေတြနဲ႔ ႏွလုံးရဲ႕ စြမ္းေဆာင္ရည္ကို တိုးတတ္ေစေၾကာင္း ျပသခဲ့ပါတယ္။ ေခ်ာကလက္မွာ ေတြ႕ရတဲ့ flavanols ဟာ ေသြးခဲတာေတြကို တားဆီးေပးၿပီး ေသြးလည္ပတ္မႈစနစ္ကို ပိုေကာင္းေစပါတယ္။

၃။ ဆဲလ္ပ်က္စီးမႈကို ေလ်ာ့ခ်ေပးပါတယ္
ေခ်ာကလက္ဟာ အသီးႏွင့္ ဟင္းသီးဟင္း႐ြက္ေတြမွာ ေတြ႕ရတဲ့ အင္တီေအာက္ဆီဒင့္ ႂကြယ္ဝပါတယ္။ ဒီအင္တီေအာက္ဆီဒင့္မ်ားက သဘာဝအရ ဆဲလ္ပ်က္စီးမႈကို ေလ်ာ့ခ်ေပးပါတယ္။ အမ်ိဳးမ်ိဳးေသာ ဆဲလ္ေတြရဲ႕ လုပ္ငန္းေဆာင္တာမ်ားကို တိုးတတ္ေကာင္းမြန္ေစပါတယ္။

၄။ စိတ္ခံစားခ်က္မ်ားကို ျမႇင့္တင္ေပးႏိုင္ပါတယ္
ေခ်ာကလက္ဟာ လူတစ္ေယာက္ရဲ႕ ေပ်ာ္႐ြင္မႈခံစားခ်က္ကို ဖန္တီးေပးေသာ အန္ဒိုဖင္းလို႔ေခၚတဲ့ neurotransmitters ေတြထုတ္လုပ္ျခင္းကို လႈံ႕ေဆာ္ေပးပါတယ္။ ေပ်ာ္႐ြင္မႈႏွင့္ ေကာင္းက်ိဳးခ်မ္းသာ ခံစားခ်က္ေတြအတြက္ အေထာက္အကူေပးေသာ ဆီ႐ိုတိုနင္လို႔ေခၚတဲ့ တျခားျဒပ္ေပါင္းမ်ားကိုလည္း ေခ်ာကလက္မွာ သဘာဝအတိုင္း ေတြ႕ရပါတယ္။

၅။ မေကာင္းတဲ့ ကိုလက္စထေရာအဆင့္ကို ေလ်ာ့က်ေစပါတယ္
ကေလးေတြရဲ႕ ကိုလက္စထေရာ ႏွင့္ပတ္သတ္ၿပီး မစိုးရိမ္ပါနဲ႔။ ေခ်ာကလက္စားသုံးျခင္းက မေကာင္းတဲ့ ကိုလက္စထေရာ( LDL)ေတြကို ေလ်ာ့ခ်ႏိုင္ပါတယ္။ ေကာင္းတဲ့ ကိုလက္စထေရာ HDL ကိုတိုးျမႇင့္ေပးပါတယ္။

ကေလးေတြကို ေခ်ာကလက္ႏွင့္ မိတ္ဆက္ဖို႔ အေကာင္းဆုံးနည္းလမ္းက ဘာလဲ?

တျခားခ်ာကလက္ပုံစံေတြထက္စာရင္ ႏို႔ေခ်ာကလက္ဟာ ကေလးေတြအတြက္ အႏၲရာယ္အကင္းဆုံးပုံစံျဖစ္ေၾကာင္း ကေလးကြၽမ္းက်င္သူမ်ားက အႀကံျပဳထားပါတယ္။ ႏို႔ေခ်ာကလက္ဟာ ေခ်ာကလက္အမည္းေတြ ထက္စာရင္ ကဖိန္းဓါတ္ နည္းပါးပါတယ္။ ဒါ့ေၾကာင့္ ကေလးကို ေခ်ာကလက္ေကြၽးမယ္ဆိုရင္ ကဖိန္းဓါတ္နည္းတဲ့ ႏို႔ေခ်ာကလက္ကိုသာ ေကြၽးရပါမယ္။
ကေလးအတြက္ ရယ္ဒီမိတ္ ႏို႔ေခ်ာကလက္ကို ေ႐ြးခ်ယ္တဲ့အခါ သၾကားနည္းတာနဲ႔ တာရွည္ခံပစၥည္းေတြ မပါတာကို ေ႐ြးခ်ယ္ပါ။
သၾကားမ်ားတဲ့ ေခ်ာကလက္ေဖ်ာ္ရည္ကို အလြန္အကြၽံေသာက္ျခင္းက ကေလးကို အဝလြန္ေစႏိုင္တာေၾကာင့္ သၾကားမပါတဲ့ ေခ်ာကလက္ေဖ်ာ္ရည္ကို ေ႐ြးခ်ယ္ေပးပါ။ ကြၽမ္းက်င္သူမ်ားက မူႀကိဳကေလးေတြအတြက္ တစ္ရက္ကို ကဖိန္းဓါတ္ ၄၅မီလီဂရမ္ထက္ပိုၿပီး မေကြၽးသင့္ေၾကာင္းလည္း အႀကံျပဳထားပါတယ္။

ေခ်ာကလက္က ကေလးကို ဓါတ္မတည့္ျဖစ္ေစႏိုင္သလား?

ေခ်ာကလက္က ကေလးကို ဓါတ္မတည့္ျဖစ္ေစႏိုင္ပါတယ္။ေခ်ာကလက္က ကိုကိုးပင္ရဲ႕ အေစ့မွ ျပဳလုပ္တာေၾကာင့္ ဓါတ္မတည့္တဲ့ တုံ႔ျပန္မႈ ျဖစ္ေပၚႏိုင္ေခ်ရွိပါတယ္။ ေခ်ာကလက္အလာ့ဂ်စ္က တျခားအစားအစာ အလာ့ဂ်စ္ေတြနဲ႔ ဆင္တူပါတယ္။ အေရျပားမွာ အနီစက္ေတြထြက္တာ၊ ဗိုက္ေအာင့္တာ ၊ ပ်ိဳ႕၊ အန္တာႏွင့္ မ်က္ႏွာေရာင္ရမ္းတာ စတဲ့ လကၡဏာမ်ား ရွိႏိုင္ပါတယ္။
ကေလးကို ေခ်ာကလက္အသင့္အတင့္ ေကြၽးတာက ဆိုး႐ြားတဲ သက္ေရာက္မႈမ်ား ရွိခဲပါတယ္။ ဝမ္းဗိုက္ျပႆနာရွိတဲ့ တခ်ိဳ႕အေျခအေနေတြမွာ ေခ်ာကလက္ေကြၽးျခင္းကို ေရွာင္ၾကဥ္တာ အေကာင္းဆုံးျဖစ္ပါတယ္။ ကဖိန္းဓါတ္ ပမာဏက နည္းတယ္ဆိုရင္ေတာင္ အိပ္ေပ်ာ္ဖို႔ ခက္ခဲတာေၾကာင့္ အိပ္ရာမဝင္ခင္မွာ မေကြၽးသင့္ပါဘူး။

Lifestyle_Myanmar

LM_Nandar

LEAVE A REPLY

Please enter your comment!
Please enter your name here