ကလေးတွေကို ခြေဗလာနဲ့လျှောက်သွားဖို့ လွှတ်ထားခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ

0
491
- Advertisement -

ကလေးကိုဖိနပ်မစီးခိုင်းဘဲ ခြေဗလာနဲ့လွှတ်ထားတဲ့မိဘကို ဝေဖန်မှုတွေနဲ့ ပစ်မပေါက်ခင် ဒီလိုမျိုး ဖိနပ်မစီးခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို အရင်ဆုံးခွဲခြားသိအောင်ကြိုးစားပါ။

၂၀၁၇ ခုနှစ်တုန်းက ထုတ်ပြန်ကြေညာခဲ့တဲ့ သုတေသနအရ ဖိနပ်စီးခြင်းက မြေပြင်ဆီကို တွန်းအားသက်ရောက်မှုကို ပိုဖြစ်စေတာကြောင့် တစ်ချို့သောထိခိုက်မှုတွေဖြစ်နိုင်ပါတယ်။ သို့သော်လည်း ဖိနပ်မပါဘဲ ခြေဗလာနဲ့လျှောက်သွားခြင်းကလည်း ခြေထောက်အရိုးအဆစ်လွဲခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီလိုအချက်တွေကို ကြည့်ခြင်းအားဖြင့် ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့တိုင်ပင်ကာ ဘယ်လိုအချိန်မှာ ဘယ်လိုမျိုးထားရမလဲဆိုတာကို ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ကလေးတွေကို ဖိနပ်စီးခိုင်းတာထက် ခြေဗလာနဲ့သွားခိုင်းဖို့ကို အားပေးတဲ့သူတွေတောင်မှ တစ်ချို့အခြေအနေတွေကျရင်တော့ ကလေးဖိနပ်စီးသင့်တယ်ဆိုတာကို ထောက်ပြနေပါသေးတယ်။ မဟုတ်ပါက သံတွေ၊ အချွန်အထက်တွေ စူးပြီး ကလေးဒဏ်ရာရသွားနိုင်လို့ဖြစ်ပါတယ်။

- Advertisement -

ဒါကြောင့် ကိုယ့်ရဲ့ကလေးကို ခြေဗလာသွားခိုင်းသင့်လား၊ ဖိနပ်စီးခိုင်းသင့်လားဆိုတာကို စဥ်းစားဆုံးဖြတ်ရာမှာ ခေါင်းထဲမှာထည့်ထားရမယ့် အချက်တစ်ချို့ကိုပြောပြပေးချင်ပါတယ်။

• ရေကူးကန်တွေ၊ စိုစွတ်နေတဲ့မြက်ခင်းတွေ သို့မဟုတ် Locker ခန်းတွေထဲကို သွားမယ်၊ ဝင်တော့မယ်ဆိုရင်တော့ ကလေးကိုဖိနပ်စီးခိုင်းပါ။ နွေးထွေးပြီး စိုစွတ်နေတဲ့ပတ်ဝန်းကျင်မှာ မှိုတွေ၊ ဗိုင်းရပ်စ်တွေနဲ့၊ ဘက်တီးရီးယားတွေပေါက်ဖွားတတ်တဲ့အတွက် ကာကွယ်နိုင်အောင်ဖြစ်ပါတယ်။
• မေးခိုင်ကာကွယ်ဆေး မှန်မှန်ထိုးပေးပါ။ ချွန်ထွက်တဲ့အရာတစ်ခုခုကို တက်နင်းလိုက်မိခြင်းကနေ မေးခိုင်ရောဂါဝင်သွားနိုင်တာကြောင့် အသက်အန္တရာယ်မဖြစ်အောင် မေးခိုင်ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်ပေးလိုက်ပါ။
• ပူအိုက်တဲ့ရက်တွေမှာဆိုရင် သဲတွေ၊ ကတ္တရာတွေက အင်မတန်ပူခြစ်နေသည့်အတွက်ကြောင့် တက်နင်းလိုက်မိသည့်အခါ စိုးရိမ်ရလောက်တဲ့ အပူလောင်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သည့်အတွက် အင်မတန်နေပြင်းတဲ့အချိန်တွေမှာဆိုရင် ဖိနပ်စီးခိုင်းပါ။
• မီးဖို၊ မီးပုံတွေလိုမျိုး အန္တရာယ်ဖြစ်နိုင်တဲ့ နေရာတွေကို သွားတော့မယ်ဆိုရင် ကြိုတင်ကာကွယ်နိုင်အောင်လို့ ဖိနပ်စီးခိုင်းပါ။
• နေရာတိုင်းက အချိန်ပြည့် သန့်ရှင်းနေနိုင်တာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်က စိတ်မချရတဲ့နေရာ၊ မသန့်ရှင်းဘူးလို့ထင်ရတဲ့နေရာတွေဆိုရင် ဖိနပ်စီးပြီးသွားခိုင်းတာက အင်းဆက်တွေ၊ ကင်ပါးကောင်တွေ၊ မြွေတွေလိုမျိုးနဲ့ ထိတွေ့ခြင်းမှ ရှောင်ကြဥ်နိုင်မှာဖြစ်ပါတယ်။

#Chit_May_May

#Thinzar

Ref- verywellfamily

LEAVE A REPLY

Please enter your comment!
Please enter your name here