ကလေးတွေကို ဂီတတူရိယာ လေ့ကျင့်သင်ကြားပေးခြင်းရဲ့ အကျိုးကျေးဇူးများ

0
235
- Advertisement -

ဂီတကုထုံးဟာ စိတ်ကျရောဂါကို သိသိသာသာ ကျဆင်းစေပြီး စိတ်ဓါတ်ကို မြှင့်တင်တဲ့နေရာမှာ ကူညီပေးတယ်လို့ သုတေသနစာတမ်းများက ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဂီတသင်ခန်းစာများက လေဖြတ်ဝေဒနာရှင်တွေကို ပြန်လည်ကျန်းမာစေပါတယ်။ ငယ်စဉ်ကလေးဘဝထဲက ဂီတလေ့ကျင့်ပေးခြင်းက အနာဂတ်မှာ မှတ်ဉာဏ်ချို့တဲ့မှု ဖြစ်ခြင်းကနေ ကာကွယ်ပေးကြောင်း သက်သေအထောက်အထားများလည်း ရှိပါတယ်။
ဒါ့ကြောင့် ယနေ့အချိန်မှာ မေမေတို့ရဲ့ကလေးကို ဘာ့ကြောင့် ဂီတတူရိယာပေးသင့်သလဲဆိုတဲ့ အကြောင်းရင်း (၈)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ညှိနှိုင်းဆောင်ရွက်မှု (coordination)ကို ပိုကောင်းစေပါတယ်

ဂီတတူရိယာတစ်ခု တီးခတ်နေစဉ်မှာ လက်လှုပ်ရှားမှုတွေကို မြင်ရတာကြောင့် ဦးနှောက်က note တွေကိုဘာသာပြန်ပေးပါတယ်။ ဒီဖလှယ်မှုကို တေးသွား tempo ရဲ့မြန်နှုန်းမှာ တွေ့ရှိနိုင်ပါတယ်။ ဒီညှိနှိုင်းဆောင်ရွက်မှုက သိမြင်မှုဆိုင်ရာ လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စေပါတယ်။

- Advertisement -

၂။ အကြားအာရုံကို ပိုမိုကောင်းမွန်စေပါတယ်

music ကိုလေ့လာသင်ယူခြင်းက အသံတစ်ခုချင်းစီကို သီးခြားခွဲတတ်စေဖို့ ကူညီပေးပါတယ်။ သိပ္ပံပညာရှင်များက ဂီတသမားတွေဟာ ဆူညံတဲ့ပတ်ဝန်းကျင်တစ်ခုမှာ sounds နှင့် voicesကို တိကျစွာ အလွယ်တကူခွဲခြားသိရှိနိုင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

၃။ စိတ်ဖိစီးမှုကို သက်သာစေပါတယ်

ဂီတတီးခတ်ခြင်းက စိတ်ဖိစီးမှုကို အာရုံပြောင်းသွားစေပါတယ်။ အမှန်က စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့ အပြုသဘောဆောင်သော လုပ်ဆောင်မှုပေါ်မှာ အာရုံစိုက်ထားတာကြောင့် ဖြစ်ပါတယ်။ ဒါက သွေးတိုးကိုလည်း လျော့ကျစေပြီး အိပ်မပျော်ခြင်းနှင့် စိတ်ကျရောဂါကို သက်သာစေပါတယ်။

၄။ အသက်ရှုစနစ်တစ်ခုလုံးကို အားကောင်းစေပါတယ်

လေတူရိယာတီးခတ်ခြင်းနှင့် သီချင်းဆိုခြင်းမှာ ရင်ဝမ်းခြားကြွက်သားကနေ နက်ရှိုင်းစွာ အသက်ရှုမှု လိုအပ်ပါတယ်။ ဒါက အဆုတ်တွေနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာစနစ်ကို အားကောင်းလာစေနိုင်ပါတယ်။ ဥပမာ- ဘာဂျာမှုတ်ခြင်းက အဆုတ်ရောဂါလက္ခဏာများကိုတောင် သက်သာစေပါတယ်။

၅။ ကိုယ်ခံစွမ်းအားကို အားကောင်းစေပါတယ်

ဂီတတူရိယာတစ်ခု တီးခတ်ဖို့ သင်ယူခြင်းက ကိုယ်ပိုင်ဂီတဖန်တီးဖို့ မကြာခဏလှုံ့ဆော်ပေးပါတယ်။ ဒါက ကိုယ်ခံစွမ်းအားတုံ့ပြန်မှုကို မြှင့်တင်ပေးနိုင်ပြီး ဗိုင်းရပ်တွေကို ပိုပြီးထိရောက်စွာ တိုက်ဖျက်ပေးနိုင်ပါတယ်။ နောက်ထပ်အကြောင်းရင်းက စိုးရိမ်စရာ စိတ်ဖိစီးမှုတွေကို ကိုယ်ခံစွမ်းအားစနစ်က ထုတ်ပစ်လိုက်တာကြောင့် စိတ်ဖိစီးမှုအဆင့်ကို လျော့ကျစေနိုင်ပါတယ်။

၆။ ဦးနှောက် function ကို ထက်မြက်စေပါတယ်

တူရိယာတစ်ခု တီးခတ်ခြင်းက အမှန်တကယ် ဦးနှောက်လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဂီတသမားတွေဟာ မှတ်ဉာဏ်ပြဿနာရှိခဲလှ ပါတယ်။ အမှန်က ဂီတတီးခတ်ခြင်းက စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို တိုးတတ်ဖို့ ကူညီပေးတာကြောင့် ဖြစ်ပါတယ်။ ဂီတက အယ်ဇိုင်းမာရောဂါနဲ့ ဉာဏ်ချို့တဲ့မှုရောဂါရဲ့ တိုးတတ်မှုကို နှေးကွေးစေနိုင်ပါတယ်။

၇။ စာဖတ်ခြင်း skills ကို ပြန်လည်ကောင်းမွန်စေပါတယ်

ဂီတနုတ်တွေ ဖတ်ခြင်းဟာ ဦးနှောက်ထဲမှာ အာရုံကြောဆက်သွယ်မှုတွေကို အသစ်ဖန်တီးဖို့ ကူညီပေးပါတယ်။ ဒါ့ကြောင့် ကလေးတစ်ယောက်အတွက် စာဖတ်ဖို့နဲ့ တခြားသတင်းအရင်းအမြစ်တွေကနေ information မှတ်သားဖို့ ပိုလွယ်ကူတာ ဖြစ်ပါလိမ့်မယ်။

၈။ အိုင်ကျူရမှတ်ကို တိုးပွားစေပါတယ်

လေ့လာမှုများက ဦးနှောက်ရဲ့လှုပ်ရှားမှုဟာ ဂီတလေ့ကျင့်မှုပြီးတဲ့နောက်မှာ တိုးပွားကြောင်း ပြသခဲ့ပါတယ်။ ဂီတသင်ခန်းစာကို ရက်သတ္တပတ်အနည်းငယ်မှာ လေ့လာတာတောင် အိုင်ကျူကို တိုးစေနိုင်ပါတယ်။ ဒါက ကလေးရဲ့ လေ့လာမှုမှာ ကူညီပေးတဲ့ မှတ်ဉာဏ် တိုးလာတာကြောင့်လည်း ဖြစ်ပါတယ်။ ပညာရေးဆိုင်ရာအောင်မြင်မှုနှင့် ဂီတသင်ခန်းစာများအကြား ချိတ်ဆတ်မှုတစ်ခု ရှိပါတယ်။ ဒါ့ကြောင့် မေမေတို့ရဲ့ကလေးကို မှတ်ဉာဏ်ပိုပြီးကောင်းအောင် ဖုန်းတွေ ပေးသုံးမယ့်အစား တူရိယာတစ်ခုခု သင်ပေးတာက ပိုကောင်းပါတယ်နော်။

Chit_MayMay

LM_Nandar

Source-brightside

LEAVE A REPLY

Please enter your comment!
Please enter your name here