Home Parenting Child Teaching ကလေးတွေကို စိတ်ခံစားချက်အကြောင်း သင်ကြားပေးခြင်းအတွက် အကြံပြုချက်များ

ကလေးတွေကို စိတ်ခံစားချက်အကြောင်း သင်ကြားပေးခြင်းအတွက် အကြံပြုချက်များ

0
73

“ကလေးတွေမှာ သူတို့ရဲ့ အမြင်, တွေးခေါ်ပုံနဲ့ ခံစားချက်တွေရှိကြတယ်၊ အဲဒါတွေကို ကျွန်တော်တို့ရဲ့အမြင်တွေနဲ့ အစားထိုးဖို့ ကြိုးစားတာလောက် ရူးမိုက်တာမရှိတော့ဘူး” လို့တွေးခေါ်ရှင် တစ်ဦးဖြစ်တဲ့ Jean Jacques Rousseau ကပြောခဲ့ပါတယ်။ ဒီလိုပြောရာမှာ Rousseau အနေနဲ့ ‘ကလေးတွေအား စိတ်ခံစားမှုတွေအကြောင်း သင်ကြားပေးခြင်းရဲ့အရေးပါမှု’ကို အလေးထားခဲ့ပါတယ်။

ကလေးနဲ့ သင့်လျော်တဲ့ စိတ်ခံစားမှုဆိုင်ရာ ပညာရေးက ကလေးရဲ့ လိုအပ်ချက်၊ ဖွံ့ဖြိုးတိုးတက်မှုအဆင့်၊ တွေးခေါ်ပုံ၊ ခံစားချက်နှင့် လိုက်လျာညီထွေရှိဖို့ လိုအပ်ပါတယ်။ အမှီအခိုကင်းပြီး ပျော်ရွှင်တဲ့ ကလေးတွေကို တကယ်ပျိုးထောင်ချင်တယ်ဆိုရင် ကျွန်တော်တို့ဟာ သူတို့ရဲ့ reality ကို တုံ့ပြန်ဖို့ လိုပါတယ်။

Emotional Education ရဲ့အရေးပါမှု

ယုတ္တိနည်းအားဖြင့် ကလေးတိုင်းမှာ သူတို့ချစ်တဲ့သူတွေနဲ့ connect ဖြစ်ပြီး သံယောဇဉ်ဖြစ်ဖို့ ကူညီပေးလိမ့်မယ့် စိတ်ခံစားချက် ဉာဏ်ရည်ဉာဏ်သွေး(emotionally intelligent) အဆင့်တစ်ခု လိုအပ်ပါတယ်။ ၎င်းက ကောင်းကျိုးချမ်းသာ၊ ပျော်ရွှင်မှု၊ လုပ်ပိုင်ခွင့်နဲ့ တာဝန်ယူမှုတို့ကို ဆောင်ကြဉ်းပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာ ထက်မြက်တဲ့ ကလေးတွေကို ဘယ်လိုပြုစုပျိုးထောင်မလဲ? ဒီမေးခွန်းကိုဖြေဖို့ ဘာစီလိုနာတက္ကသိုလ်မှ စိတ်ခံစားချက်ဉာဏ်ရည်ဉာဏ်သွေးဆိုင်ရာ ပါမောက္ခ အက်စတာဂါစီယာရဲ့ အကြံပြုချက်အချို့ကို ကိုးကားဖော်ပြပါမယ်။

စိတ်ခံစားမှု ပညာရေးဆိုင်ရာ အကြံပြုချက်များ

ပါမောက္ခ Garcia ရဲ့အဆိုအရ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးက စိတ်ခံစားမှုဆိုင်ရာ သုခချမ်းသာကို သက်ရောက်စေတဲ့ အခြေခံအချက်တွေ ဖြစ်ပါတယ်။ ကလေးရော၊ လူကြီးမှာပါ ပျော်ရွှင်မှုဆိုတာ သူတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးမှာ emotional intelligence နှင့်သက်ဆိုင်တဲ့ စွမ်းရည်တွေ ဖွံ့ဖြိုးနိုင်မှုအပေါ် မူတည်ပါတယ်။

  • စိတ်ခံစားချက်တွေကို ဖော်ထုတ်ခြင်း

emotionally intelligent ကောင်းတဲ့ကလေးတွေကို ပြုစုပျိုးထောင်ခြင်းအတွက် ပရော်ဖက်ဆာ Garcia ရဲ့ပထမဆုံး အကြံပြုချက်က အသိတရားဖြစ်ပါတယ်။ မိဘနှင့် ကလေးနှစ်ဦးစလုံးဟာ သူတို့ရဲ့ စိတ်ခံစားချက်တွေ၊ အကျိုးဆက်တွေနဲ့ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာကို နားလည်သင့်တယ်လို့ ဆိုပါတယ်။

ကိုယ့်ရဲ့ awareness ကိုမြှင့်တင်ဖို့ ကိုယ့်ရဲ့ခံစားချက်တွေနှင့်ပတ်သတ်ပြီး ကိုယ့်ကိုယ်ကို မေးခွန်းတွေမေးပါ – ငါဘာကြောင့် ခံစားရတာလဲ? ဒီခံစားချက်တွေက ဘယ်လိုဖြစ်ပေါ်လာတာလဲ? သူတို့ကို ဘယ်လိုကုစားမလဲ (သို့) သူတို့ဆီကနေ အကောင်းဆုံးရယူဖို့ ငါဘာလုပ်နိုင်မလဲ?

  • စိတ်ခံစားမှုဆိုင်ရာ စီမံခန့်ခွဲမှု

ဒုတိယအရေးကြီးတဲ့အချက်က စိတ်ခံစားမှုတွေကို စီမံခန့်ခွဲခြင်းနဲ့ ပတ်သတ်ပါတယ်။ စိတ်ခံစားချက်တွေကို သိရှိနားလည်ပြီဆိုတာနဲ့ ဒီစိတ်ခံစားမှုတွေကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာကို သိထားရမှာ ဖြစ်ပါတယ်။ စိတ်ခံစားချက်တွေက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူတို့ကို ခွဲခြားသိမြင်နိုင်စေဖို့အတွက် အမည်ပေးရပါမယ်။

ဒီအချက်ကို ရောက်သွားတဲ့အခါ အဲဒီစိတ်ခံစားချက်တွေက တရားဝင်ပြီး ကိုယ်ရေးကိုယ်တာဖြစ်လို့ ကိုယ့်ရဲ့ခံစားချက်တွေကို လက်ခံဖို့ အချိန်ရောက်ပါပြီ။ ဒီအချက်မှာ ဖြစ်ပေါ်လာတဲ့ အပြုအမှုတွေကို လုပ်ဆောင်ဖို့ လိုအပ်လာပါပြီ။ ဒီနည်းအားဖြင့် ကလေးတွေအား စိတ်လိုက်မာန်ပါ၊ အတင်းအကြပ် (သို့) ပေါ့ပေါ့ဆဆပြုမှုခြင်းကနေ ရုန်းထွက်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

  • စာနာမှု

ကလေးတွေကို သူတို့ရဲ့ စိတ်ခံစားချက်တွေအား recognize လုပ်ပြီး စီမံခန့်ခွဲတတ်အောင် သင်ကြားပေးဖို့အတွက်ဆိုရင် စဉ်ဆက်မပြတ် ကိုယ်ချင်းစာမှု လိုအပ်ပါတယ်။ သူတို့ဘယ်လိုခံစားရလဲ၊ ထိန်းချုပ်ရခက်ပြီး ပျော့ညံ့နေတတ်တဲ့ ခံစားချက်တွေနှင့် ဒီစိတ်ခံစားမှု လှိုင်းကြီးကို ထုတ်လွှင့်ဖိုအတွက် သူတို့အသက်အရွယ်မှာ ဘယ်လိုယန္တရားတွေရှိလဲဆိုတာ သိထားဖို့ လိုပါတယ်။

ကလေးကို စိတ်ခံစားမှုအကြောင်း သင်ပေးခြင်း

ကလေးနဲ့ ချိတ်ဆက်ပါ။ သူတို့ရဲ့လုပ်ရပ်တွေကို နားလည်ပါ။ သူတို့နေရာကနေ ဝင်ကြည့်ဖို့ ကြိုးစားပါ။ သူတို့အား စာနာမှု၊ စိတ်ရှည်မှု၊ နားလည်မှုတို့ဖြင့် အမြဲပြောပါ။ သင့်အတွက် အသေးအဖွဲဖြစ်နိုင်တဲ့အရာက သူတို့အတွက် ပြဿနာကြီးတစ်ခုဖြစ်နိုင်ကြောင်း သတိရပါ။ သူတို့ကို အမြဲတမ်း လေးစားမှုပြပြီး ကျန်းမာတဲ့ ပြောဆိုဆက်ဆံရေးကို တည်ဆောက်နိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပါ။

ကလေးကို စိတ်ခံစားမှုအကြောင်း ဘယ်လို သင်ကြားပေးမလဲ

ဒါကတော့ ပါမောက္ခ Garcia မှ ကလေးတွေအား စိတ်ခံစားမှုအကြောင်း မှန်ကန်စွာ ပညာပေးဖို့ အကြံပြုထားသော လုပ်ဆောင်ချက်တွေမှ အဓိကအချက်တစ်ချို့ဖြစ်ပါတယ်။

  • စိတ်ခံစားမှုကို ဖော်ပြတဲ့ ပန်းချီကားတွေ ဖန်တီးခိုင်းပါ (သို့) ပုံဆွဲခိုင်းပါ
  • စိတ်ခံစားချက် ဒိုင်ယာရီရေးခိုင်းပါ
  • စိတ်ခံစားချက်တွေကို တုပခိုင်းပါ
  • စိတ်ခံစားမှုတွေကို သိရှိနိုင်စေမယ့် စာသားတွေ၊ ပုံပြင်တွေကို ဖတ်ပြပေးပါ
  • ဂီတတူရိယာ နားထောင်ပါ (သို့) တီးမှုတ်ပါ (သို့) သီချင်းဆိုပါ
  • ပြောဆိုဆက်ဆံရေးကို ပိုကောင်းမွန်စေပြီး စိတ်ပျက်အားငယ်မှုကို Manage လုပ်ဖို့ ကူညီပေးတဲ့ ဂိမ်းတစ်ခုကို ကစားခိုင်းပါ။
  • သူတို့ကို ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုပေးပါ။

ကလေးတွေရဲ့ ပျော်ရွှင်မှုနဲ့ ကောင်းကျိုးချမ်းသာက သင့်လျော်တဲ့ စိတ်ခံစားမှုဆိုင်ရာ ပညာရေး ရရှိခြင်းအပေါ်မှာ အဓိကမူတည်ပါတယ်။ သူတို့ဟာ ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေထက် ကိုယ့်ရဲ့စိတ်ခံစားမှုတွေ၊ ခံစားချက်တွေဖြင့် ဘယ်လိုနေထိုင်ရမယ်ဆိုတာကို သင်ယူမယ်ဆိုရင် ပိုမိုပျော်ရွှင်ပြီး ပိုတာဝန်ယူတတ်တဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာပါမယ်။ သူတို့နဲ့ သူတို့ရဲ့ ပတ်ဝန်းကျင်ရှိသူတွေကို အကျိုးပြုစေမှာ ဖြစ်ပါတယ်။

Chit_MayMay

Nandar

Source-exploringyourmind

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here