ကလေးတွေကို စောင့်ကြည့်သင့်တဲ့ အကြောင်းရင်း (၃)ခု

0
126
- Advertisement -

ကလေးတွေ ဘာတွေလုပ်နေလဲဆိုတာနဲ့ ပတ်သက်ပြီး စောင့်ကြည့်တာကို privacy ချိုးဖောက်တာလို့ ပြောလေ့ရှိကြပါတယ်။ ဒါကတော့ မိဘတွေအနေနဲ့ ကလေးတွေကို စောင့်ကြည့်နေတာ (သို့) Spyလုပ်တာက ကိုယ်ရေးကိုယ်တာချိုးဖောက်တာ မဟုတ်ကြောင်း သေချာစေမယ့် အကြောင်းရင်း (၃)ချက်ပါ။

၁။ သူတို့ဘေးကင်းစေရန် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်

မိခင်တွေအဖြစ် ကျွန်မတို့ရဲ့ အဓိကအလုပ်တစ်ခုက ကျွန်မတို့ကလေးတွေ ဘေးကင်းစေဖို့ ဖြစ်ပါတယ်။ ဒါက ကျွန်မတို့ကလေးရဲ့ “ကိုယ်ရေးကိုယ်တာ အခွင့်အရေး”ထက် ကျော်လွန်ပါတယ်။ ကလေးကို မူးယစ်ဆေးနဲ့ ဆုံးရှုံးခဲ့ရတဲ့ အမေအကြောင်း (သို့) သမီးဖြစ်သူက သူ့ကိုအန္တရာယ်ပေးမယ့်ကောင် တစ်ယောက်နဲ့ တွဲနေတာကို သိတာအရမ်းနောက်ကျသွားတဲ့ (သို့) သူ့သားက ညစ်ညမ်းရုပ်ပုံစာပေကို စွဲလမ်းနေမှန်း သိလိုက်ရတဲ့ အမေအကြောင်းကို တွေးကြည့်ပါ။ ဒီအခြေအနေမျိုးမှာ “ဘာဖြစ်နေလဲဆိုတာ ကျွန်မ မသိခဲ့ပေမယ့် အနည်းဆုံးတော့ ကျွန်မကလေးရဲ့ကိုယ်ရေးကိုယ်တာကို လေးစားခဲ့တယ်”လို့ ပြောဖူးတဲ့ အမေရှိပါသလား? ကလေးတွေက သူတို့ကိုယ်သူတို့ ဂရုစိုက်နိုင်တယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် လက်တွေ့မှာတော့ သူတို့ဟာ ဒီလောကကြီးကို navigation လုပ်ဖို့ အကူအညီတွေ အများကြီး လိုအပ်နေပါသေးတယ်။

၂။ ကလေးတွေ မရွယ်မရောက်သေးတာကြောင့် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်

ဉာဏ်အကောင်းဆုံးကလေးဆိုရင်တောင် စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်နိုင်သေးပါဘူး။ ကလေးတွေဟာ ထိခိုက်နစ်နာစေတဲ့ ဓါတ်ပုံတစ်ပုံကို တင်လိုက်ခြင်း (သို့) စိတ်တိုစရာကောင်းတဲ့ စာတစ်စောင် ပေးပို့ခြင်းရဲ့ ရေရှည်အကျိုးသက်ရောက်မှုတွေကို မစဉ်းစားမိကြပါဘူး။ ကလေးတွေက ကလေးတွေလို ပြုမှုတတ်တာ သဘာဝပါပဲ၊ အဲဒါကြောင့် လမ်းတစ်လျှောက်မှာ သင်ပေးမယ့် မိဘတွေရှိရပါမယ်။ သူတို့ဘာလုပ်နေတယ်ဆိုတာ မသိရင် သူတို့ဘာတွေ သင်ယူရမယ်ဆိုတာကို သိမှာမဟုတ်ပါဘူး။

၃။ သူတို့ အမှန်တရားကို လိုအပ်တာကြောင့် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်

ကျွန်မသူငယ်ချင်းတစ်ယောက်က သူ့ရဲ့ ဆယ်ကျော်သက်လေးနဲ့ Vape သောက်ခြင်းအကြောင်းကို ပြောနေပါတယ်။ သူတို့စကားပြောနေစဉ်မှာ သူ့သားက Vape သောက်ခြင်းရဲ့အန္တရာယ်တွေကို ရှာဖွေဖို့ အွန်လိုင်းတက်နေကြောင်း သူမ သိလိုက်ရပါတယ်။ ” တကယ်တော့ မဆိုးပါဘူး မေမေရဲ့၊ သူ့မှာ နီကိုတင်းမပါသရွေ့ပေါ့”လို့ သူကပြောပါတယ်။ ကျွန်မရဲ့ သူငယ်ချင်းက သူ့သားအား အန္တရာယ်တွေကို သင်ကြားပေးတဲ့ မှန်ကန်သော အွန်လိုင်းသတင်းအချက်အလက်တွေကို လမ်းညွှန်ပေးခဲ့ပါတယ်။

ကျွန်မတို့ ကလေးတွေဟာ ဧည့်ခန်းနဲ့ နောက်ဖေးမြေကွက်လပ်မှာ ဆော့ကစားနေမယ့်အစား အွန်လိုင်းမှာ နေထိုင်နေကြတာပါ။ ဒါ့ကြောင့် ဒါက စပိုင်လုပ်တာ မဟုတ်ပါဘူး။ မိဘအုပ်ထိန်းမှုပါ။ အစကတည်းက သင့်ရဲ့သားသမီးတွေနဲ့ ရင်းနှီးနွေးထွေးမှု ရှိနေပါစေ။ သူတို့ကို ဖုန်းပေးတဲ့အခါမှာ သူတို့ကို စောင့်ကြည့်နေမှာဖြစ်ကြောင်း ပြောပြပါ။ ပွင့်လင်းမျှတတဲ့ ဆွေးနွေးမှုက မိဘနဲ့ကလေးဆက်ဆံရေးကို ချိန်ခွင်လျှာညှိနိုင်ဖို့ အကောင်းဆုံးနည်းဖြစ်ပါတယ်။

Chit_MayMay

Nandar

Source- imom

LEAVE A REPLY

Please enter your comment!
Please enter your name here