ကလေးတွေကို တင်းကျပ်ခြင်းက သူတို့ကိုလိမ်ပြောသူတွေအဖြစ် ပြောင်းလဲစေနိုင်ကြောင်း လေ့လာမှုတစ်ခုကဖော်ပြ

0
231
- Advertisement -

ကလေးတွေကို ဆုံးမပဲ့ပြင်ဖို့ လိုအပ်သော်လည်း အလွန်အကျွံမဖြစ်မိစေဖို့ အရေးကြီးပါတယ်။ လေ့လာမှုအရ တင်းကျပ်သော ပတ်ဝန်းကျင်ဟာ ကလေးတွေကို လိမ်ပြောစေပြီး မရိုးမသားဖြစ်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလေ့လာမှုကို အသက် ၃နှစ်မှ ၄နှစ်အရွယ် ကလေးတွေအား ပြုလုပ်ခဲ့ပါတယ်

မိဘတွေရဲ့ တင်းကြပ်မှုက ကလေးတွေရဲ့ ရိုးသားမှုအပေါ် အကျိုးသက်ရောက်တာကို သိရှိဖို့ သုတေသီတွေဖြစ်တဲ့ ဗစ်တိုးရီးယားတာဝါနှင့် ကန်လီတို့က ဂိမ်းကဲ့သို့သော စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ သူတို့ဟာ မတူညီတဲ့ ကျောင်း ၂ကျောင်းမှ အသက် ၃-၄နှစ်အရွယ် ကလေးတွေအား ပါဝင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ပါဝင်တဲ့ ကလေးတွေရဲ့ မိဘတွေကို တွေ့ဆုံမေးမြန်းခြင်းနှင့် သူတို့ကလေးတွေရဲ့ ပုံမှန်အပြုအမှုအပေါ် ဘယ်လိုတုန့်ပြန်သလဲဆိုတာ ဖော်ပြဖို့ တောင်းဆိုခဲ့ပါတယ်။ မိဘအများစုက လက်ဝါးနဲ့ရိုက်ခြင်း၊ နရင်းအုပ်ခြင်းနှင့် ဆွဲဆိတ်ခြင်းကဲ့သို့သော ကိုယ်ထိလက်ရောက် အပြစ်ပေးမှုတွေ သုံးခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

- Advertisement -

စမ်းသပ်မှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ကလေးတစ်ဦးချင်းစီကို ခေါ်ယူပြီး ကစားစရာတွေရဲ့ အသံတွေကို ခန့်မှန်းတဲ့ဂိမ်းမှာ ပါဝင်စေခဲ့ပါတယ်။ ကလေးတွေဟာ အသံပြုလုပ်တဲ့ စမ်းသပ်သူရဲ့ နောက်ကျောဘက်မှာ ထိုင်ခဲ့ကြပါတယ်။ မတူညီတဲ့အသံ ၂မျိုး(ခွေးဟောင်သံနှင့် ကလေးငိုသံ) ကို ပြုလုပ်ခဲ့ကြပြီး ကလေးတွေကို သူတို့လုပ်တဲ့ ကစားစရာကို ခန့်မှန်းဖို့ တောင်းဆိုခဲ့ပါတယ်။ ထို့နောက် စမ်းသပ်သူဟာ တစ်မိနစ်လောက် အခန်းထဲမှ ခဏထွက်သွားပြီး သူပြန်မလာသေးခင်အထိ ကလေးတွေအား ချောင်းမကြည့်ဖို့ တောင်းဆိုခဲ့ပါတယ်။

ကလေးတွေ ချောင်းကြည့်ခဲ့ရင် မြင်ဖို့ အသံနဲ့ မသက်ဆိုင်တဲ့ တတိယအရုပ်တစ်ရုပ်ကို ထည့်ထားခဲ့ပါတယ်

တတိယအရုပ်မှာ ခြင်္သေ့တစ်ကောင်ဖြစ်ပေမယ့် ထွက်တဲ့အသံက ခြင်္သေ့သံ မဟုတ်ပါဘူး။ ၎င်းအစား နှုတ်ခွန်းဆက်ကဒ်မှ ဂီတကို ဖွင့်ခဲ့ပါတယ်။ သူတို့ချောင်းကြည့်၊ မကြည့်ဆိုတာကို မြင်ဖို့ရည်ရွယ်ချက်နဲ့ ခြင်္သေ့ရုပ်ကို ဖွတ်ထားခဲ့ပြီး ကလေးငယ်တွေကို တစ်ဦးချင်းစီ သီးသန့်ထားခဲ့ပါတယ်။ ပြန်ရောက်တဲ့အခါ ကလေးတွေကို သူတို့ချောင်းကြည့်လား,မကြည့်လားဆိုတာကို မေးမြန်းခဲ့ပါတယ်။ ချောင်းကြည့်တယ်လို့ ဝန်ခံသူများကို “ဝန်ခံသူများ”အဖြစ် အုပ်စုခွဲခဲ့ပြီး လိမ်ပြောသူတွေကို လေ့လာမှုအတွက် “လိမ်ပြောသူများ” အဖြစ် အုပ်စုဖွဲ့ခဲ့ပါတယ်။ ထို့နောက် ကလေးတွေအား နောက်ဆုံးကစားစရာကို ခန့်မှန်းဖို့ တောင်းဆိုခဲ့ပါတယ်။ လိမ်ပြောသူအချို့ဟာ ကစားစရာက ခြင်္သေ့တစ်ကောင်ဖြစ်တယ်လို့ ခန့်မှန်းခဲ့တာကို သတိပြုမိခဲ့ကြပါတယ်။ အချို့က “ဆဲလ်ဖုန်း” (သို့) “တူရိယာ” စသဖြင့် အဖြေတွေ တုံ့ပြန်ခဲ့ကြပါတယ်။

ရလဒ်က တိကျမှုနှင့် လိမ်လည်မှုအကြား ဆက်နွယ်မှုကို ဖော်ပြခဲ့ပါတယ်

ဒီစစ်ဆေးမှုမှာ ပါဝင်သော ကလေး ၈၀%ခန့်ဟာ အရုပ်ကို ချောင်းကြည့်ခဲ့ကြပါတယ်။ ဒါပေမယ့် စည်းကမ်းတင်းကျပ်သောကျောင်းမှ ကလေးအားလုံးနီးပါးဟာ လိမ်ပြောကြပါတယ်။ ဒါ့အပြင် သူတို့ဟာ လိမ်ပြောနေတာကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ကြပြီး ဖြေလျှော့ပေးထားတဲ့ ကျောင်းတွေက ကလေးတွေဟာ ဝန်ခံခဲ့ကြပါတယ်။ အပြစ်ပေးဆုံး မိဘအုပ်ထိန်းမှု (သို့) စည်းကမ်းတင်းကျပ်တဲ့ကျောင်းမှာ နေခွင့်ပြုခံရတဲ့ ကလေးတွေဟာ ယုံကြည်နိုင်လောက်အောင် လိမ်ညာခဲ့ကြပါတယ်။

ထိရောက်သော လိမ်လည်ခြင်းက ဉာဏ်ကောင်းခြင်းရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်

ဆန့်ကျင်ဘက်အနေဖြင့် ဖမ်းမိခြင်းမရှိဘဲ ထိရောက်စွာ လိမ်လည်နိုင်စွမ်းက ဉာဏ်ကောင်းခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ သင့်ရဲ့မုသားကို တသမတ်တည်း ထိန်းသိမ်းခြင်းမှာ အရာရာကို မှတ်မိနိုင်တဲ့စွမ်းရည် ” အလုပ်လုပ်နေတဲ့ မှတ်ဉာဏ်” လိုအပ်ပါတယ်။

ကလေးကို ဘာမှလုပ်ခွင့်မပေးသော အရမ်းတင်းကျပ်လွန်းတဲ့ မိဘအုပ်ထိန်းမှုက ကောင်းတာထက် ပိုပျက်စီးစေပါတယ်။ တင်းကျပ်သော ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတဲ့ ကလေးတွေဟာ အနိုင်ကျင့်ခြင်း၊ ဒေါသကြီးခြင်းနှင့် စိတ်ဓါတ်ကျခြင်းတွေ တွေ့ကြုံမှုနှင့်အတူ ကြီးပြင်းလာနိုင်ပါတယ်။ ထို့အပြင် ကြောက်ရွံခြင်းက ကလေးနှင့်မိဘကြားက ဆက်ဆံရေးကို ပျက်စီးစေနိုင်ပါတယ်။

Chit_MayMay

LM_Nandar

Source-brightside

Chit MayMayမှ ရေးသားဖော်ပြနေတဲ့ ဆောင်းပါးများကို အခြားသော Media ၊ Website များနဲ့ Facebook Page များမှာ ခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူဖော်ပြခြင်း မပြုပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here